• Follow Us on

Home တ႐ုတ္သူလွ်ဳိျဖစ္ေနသည့္ စင္ကာပူႏိုင္ငံသားတစ္ေယာက္ကို အေမရိကန္တြင္ဖမ္းမိ

တ႐ုတ္သူလွ်ဳိျဖစ္ေနသည့္ စင္ကာပူႏိုင္ငံသားတစ္ေယာက္ကို အေမရိကန္တြင္ဖမ္းမိ

Share this post

ဝါ႐ွင္တန္ဒီစီ၊ ဇူလိုင္ ၂၅

တ႐ုတ္ေအးဂ်င္အေနျဖင့္ အလုပ္လုပ္ေနသည့္စင္ကာပူႏိုင္ငံသားတစ္ေယာက္က အျပစ္႐ွိေၾကာင္း၀န္ခံခဲ့ၿပီး အေမရိကန္-တ႐ုတ္တင္းမာမႈတြင္ ေနာက္ဆုံးျဖစ္ရပ္ျဖစ္လာသည္။

အေမရိကန္ျပည္ေထာင္စုတြင္ ႏိုင္ငံေရးအတိုင္ပင္ခံအျဖစ္အလုပ္လုပ္ေနသည္ကိုအသံုးခ်ၿပီး တ႐ုတ္ေထာက္လွမ္းေရးအတြက္ သတင္းအခ်က္အလက္စုေဆာင္းေပးေနသျဖင့္ ဂၽြန္ေ၀ယိုကို စြဲခ်က္တင္ခဲ့သည္ဟု အေမရိကန္အရာ႐ွိမ်ားကေျပာသည္။

သီးျခားျဖစ္ရပ္အေနျဖင့္ တ႐ုတ္စစ္တပ္ႏွင့္သူ(မ)ႏွင့္ၾကားဆက္ႏြယ္မႈကိုဖံုးကြယ္ထားသည့္ တ႐ုတ္သုေတသီတစ္ေယာက္ကို လည္း ထိန္းသိမ္းခဲ့ေၾကာင္း အေမရိကန္ကေျပာသည္။

အေစာပိုင္းတြင္ တ႐ုတ္ႏိုင္ငံအေနာက္ေတာင္ပိုင္း႐ွိခ်န္ဒူးၿမိဳ႕မွ အေမရိကန္ေကာင္စစ္၀န္႐ံုးပိတ္ရန္ တ႐ုတ္ႏိုင္ငံက အမိန္႔ထုတ္ ခဲ့သည္။

ဟူစတန္ၿမိဳ႕မွတ႐ုတ္ေကာင္စစ္၀န္႐ံုးပိတ္ရန္ အေမရိကန္အမိန္႔ကို တံု႔ျပန္သည့္အေနျဖင့္ တ႐ုတ္ႏိုင္ငံက အမိန္႔ထုတ္ခဲ့ျခင္းျဖစ္ သည္။

တ႐ုတ္ႏိုင္ငံက ဉာဏပစၥည္းမ်ားခိုးယူေနသျဖင့္ ဆံုးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးမိုက္ ပြန္ပီယိုက ေျပာသည္။ တ႐ုတ္ဆန္႔က်င္ေရးအလိမ္အညာေပါင္းစံုကိုအေျခခံၿပီး အေမရိကန္ကဆံုးျဖတ္ခဲ့ျခင္းဟု တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီး ဌာနေျပာခြင့္ရသူ ၀မ္၀ယ္ဘင္းကေျပာသည္။

Ref : Singapore man admits being Chinese spy in US

#PeopleMedia

(unicode)
တရုတ်သူလျှိုဖြစ်နေသည့် စင်ကာပူနိုင်ငံသားတစ်ယောက်ကို အမေရိကန်တွင်ဖမ်းမိ
…………………………………………………………………….

ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၂၅

တရုတ်အေးဂျင်အနေဖြင့် အလုပ်လုပ်နေသည့်စင်ကာပူနိုင်ငံသားတစ်ယောက်က အပြစ်ရှိကြောင်းဝန်ခံခဲ့ပြီး အမေရိကန်-တရုတ်တင်းမာမှုတွင် နောက်ဆုံးဖြစ်ရပ်ဖြစ်လာသည်။

အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေးအတိုင်ပင်ခံအဖြစ်အလုပ်လုပ်နေသည်ကိုအသုံးချပြီး တရုတ်ထောက်လှမ်းရေးအတွက် သတင်းအချက်အလက်စုဆောင်းပေးနေသဖြင့် ဂျွန်ဝေယိုကို စွဲချက်တင်ခဲ့သည်ဟု အမေရိကန်အရာရှိများကပြောသည်။

သီးခြားဖြစ်ရပ်အနေဖြင့် တရုတ်စစ်တပ်နှင့်သူ(မ)နှင့်ကြားဆက်နွယ်မှုကိုဖုံးကွယ်ထားသည့် တရုတ်သုတေသီတစ်ယောက်ကို လည်း ထိန်းသိမ်းခဲ့ကြောင်း အမေရိကန်ကပြောသည်။

အစောပိုင်းတွင် တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိချန်ဒူးမြို့မှ အမေရိကန်ကောင်စစ်ဝန်ရုံးပိတ်ရန် တရုတ်နိုင်ငံက အမိန့်ထုတ် ခဲ့သည်။

ဟူစတန်မြို့မှတရုတ်ကောင်စစ်ဝန်ရုံးပိတ်ရန် အမေရိကန်အမိန့်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံက အမိန့်ထုတ်ခဲ့ခြင်းဖြစ် သည်။

တရုတ်နိုင်ငံက ဉာဏပစ္စည်းများခိုးယူနေသဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိုက် ပွန်ပီယိုက ပြောသည်။ တရုတ်ဆန့်ကျင်ရေးအလိမ်အညာပေါင်းစုံကိုအခြေခံပြီး အမေရိကန်ကဆုံးဖြတ်ခဲ့ခြင်းဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရသူ ဝမ်ဝယ်ဘင်းကပြောသည်။

Ref : Singapore man admits being Chinese spy in US

#PeopleMedia


Share this post