• Follow Us on

Home တ႐ုတ္သံအဖြဲ႕ဝင္အခ်ိဳ႕ ကုသိုလ္ေတာ္ေစတီအတြင္း ဖိနပ္စီးဝင္ေရာက္ခဲ့မႈကို ဓါတ္ပုံ႐ုိက္ၿပီး လူမႈကြန္ယက္ေပၚတင္သူအား ဥပေဒအရအေရးယူမည္ျဖစ္ေၾကာင္းေဂါပကအဖြဲ႕၏ ထုတ္ျပန္ခ်က္ကို ပုဂံ-ေညာင္ဦးဧည့္လမ္း ၫႊန္မ်ားအသင္းႀကီးတုန္႔ျပန္

တ႐ုတ္သံအဖြဲ႕ဝင္အခ်ိဳ႕ ကုသိုလ္ေတာ္ေစတီအတြင္း ဖိနပ္စီးဝင္ေရာက္ခဲ့မႈကို ဓါတ္ပုံ႐ုိက္ၿပီး လူမႈကြန္ယက္ေပၚတင္သူအား ဥပေဒအရအေရးယူမည္ျဖစ္ေၾကာင္းေဂါပကအဖြဲ႕၏ ထုတ္ျပန္ခ်က္ကို ပုဂံ-ေညာင္ဦးဧည့္လမ္း ၫႊန္မ်ားအသင္းႀကီးတုန္႔ျပန္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၁၀

မႏၲေလးၿမိဳ႕၊ ကုသိုလ္ေတာ္ေစတီအတြင္းသို႔ ဖိနပ္စီးဝင္ေရာက္ခဲ့သည့္ တ႐ုတ္သံအဖြဲ႕ဝင္အခ်ိဳ႕၏ဓါတ္ပုံကို လူမႈ ကြန္ယက္တင္ခဲ့သည့္ဧည့္လမ္းၫႊန္အား ဘုရားေဂါပအဖြဲ႕မွ တရားဥပေဒအရအေရးယူမည္ဟု ထုတ္ျပန္ၿပီး ေနာက္ ပုဂံ-ေညာင္ဦးဧည့္လမ္းၫႊန္မ်ားအသင္းႀကီးက ဧည့္လမ္းၫႊန္ႏွင့္အတူ ရပ္တည္သြားမည္ျဖစ္ေၾကာင္း သေဘာထားထုတ္ျပန္လိုက္သည္။

ျဖစ္စဥ္မွာ ဒီဇင္ဘာ(၈)ရက္ေန႔၌ တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးဦးေဆာင္ေသာအဖြဲ႕ႏွင့္ လိုက္ပါလာၾကသည့္ သံ အဖြဲ႕ဝင္အခ်ိဳ႕သည္ ကုသိုလ္ေတာ္ေစတီအတြင္းသို႔ ၀င္ေရာက္ရာတြင္ ဖိနပ္စီးဝင္ေရာက္ခဲ့ျဖစ္စဥ္ကို ဧည့္လမ္း ၫႊန္တစ္ဦးျဖစ္သူ ဦးအာကာစိုးက ၎၏လူမႈကြန္ယက္၌ တင္ခဲ့သည္။

အဆိုပါဓါတ္ပုံသည္ လူမႈကြန္ယက္၌ ထြက္ေပၚၿပီးေနာက္ ေဂါကပအဖြဲ႕ႏွင့္ ဘုရားအတြင္းသို႔ ဖိနပ္စီးဝင္ေရာက္ ခဲ့သည့္ တ႐ုတ္နိုင္ငံသားမ်ားကို ျမန္မာနိုင္ငံသားမ်ားမွ ေဝဖန္မႈမ်ား ျဖစ္ေပၚခဲ့သည္။ အဆိုပါျဖစ္စဥ္ျဖစ္ေပၚၿပီး ေနာက္ ေဂါပကအဖြဲ႕မွ ဓာတ္ပုံတင္သူအား အေရးယူမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခဲ့သည္။

ေဂါပကအဖြဲ႕၏ထုတ္ျပန္ခ်က္ကုိ ဧည့္လမ္းၫႊန္အသင္းႀကီးက တုန္႔ျပန္ရာတြင္ စကၠန္႔ပိုင္းအတြင္း ဖိနပ္စီးသည္ ကို အခြင့္အေရးယူ၍ တ႐ုတ္-ျမန္မာႏွစ္နိုင္ငံခ်စ္ၾကည္ေရးပ်က္ျပားေစရန္ အခြင့္အေရးယူ၍ ျပဳမႈေဆာင္႐ြက္ သည္ဟု စြပ္စြဲထားပါသည္။

ဆက္လက္ၿပီးဧည့္လမ္းညႊန္အသင္းႀကီး၏ ေဖာ္ျပခ်က္၌ အဆိုပါဧည့္လမ္းၫႊန္၏ ေျပာၾကားခ်က္အရလည္း ေကာင္း၊ ဓါတ္ပုံမွတ္တမ္းမ်ားအရလည္းေကာင္း၊ ဧည့္သည္အဖြဲ႕သည္ ဘုရားဝန္းအတြင္းသို႔ ေျခအိတ္ႏွင့္ ဖိနပ္စီး၍ ဝင္ေရာက္ခဲ့ေၾကာင္းလည္း ေတြ႕ရွိရေၾကာင္း ေဖာ္ျပထားသည္။

ဧည့္လမ္းၫႊန္ ဦးအာကာစိုးအား ကုသိုလ္ေတာ္ဘုရားေဂါပကမွ ဥပေဒေၾကာင္းအရ အေရးယူေဆာင္႐ြက္မည္ ဆိုပါက ပုဂံ-ေညာင္ဦး ဧည့္လမ္းၫႊန္မ်ားအသင္းႀကီး(BTGA) မွ ထိုဧည့္လမ္းၫႊန္ႏွင့္အတူပူးေပါင္း၍ ရပ္တည္ ေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း တုန္႔ျပန္ထားသည္။

#PeopleMedia

(ျပည္တြင္းျပည္ပ စစ္ေရး၊ ႏိုင္ငံေရး၊ လူမႈေရးစသည့္ သတင္းမ်ား အသစ္တင္တိုင္း သိရွိရန္ PeopleMedia သတင္းဌာန Page ကို like လုပ္ဖို႔ ေမတၱာရပ္ခံပါတယ္)

(Unicode)
တရုတ်သံအဖွဲ့ဝင်အချို့ ကုသိုလ်တော်စေတီအတွင်း ဖိနပ်စီးဝင်ရောက်ခဲ့မှုကို ဓါတ်ပုံရိုက်ပြီး လူမှုကွန်ယက်ပေါ် တင်သူအား ဥပဒေအရအရေးယူမည်ဖြစ်ကြောင်းဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်ကို ပုဂံ-ညောင်ဦးဧည့်လမ်း ညွှန်များအသင်းကြီးတုန့်ပြန် …………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၁၀

မန္တလေးမြို့၊ ကုသိုလ်တော်စေတီအတွင်းသို့ ဖိနပ်စီးဝင်ရောက်ခဲ့သည့် တရုတ်သံအဖွဲ့ဝင်အချို့၏ဓါတ်ပုံကို လူမှု ကွန်ယက်တင်ခဲ့သည့်ဧည့်လမ်းညွှန်အား ဘုရားဂေါပအဖွဲ့မှ တရားဥပဒေအရအရေးယူမည်ဟု ထုတ်ပြန်ပြီး နောက် ပုဂံ-ညောင်ဦးဧည့်လမ်းညွှန်များအသင်းကြီးက ဧည့်လမ်းညွှန်နှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်လိုက်သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ(၈)ရက်နေ့၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သောအဖွဲ့နှင့် လိုက်ပါလာကြသည့် သံ အဖွဲ့ဝင်အချို့သည် ကုသိုလ်တော်စေတီအတွင်းသို့ ဝင်ရောက်ရာတွင် ဖိနပ်စီးဝင်ရောက်ခဲ့ဖြစ်စဉ်ကို ဧည့်လမ်း ညွှန်တစ်ဦးဖြစ်သူ ဦးအာကာစိုးက ၎င်း၏လူမှုကွန်ယက်၌ တင်ခဲ့သည်။

အဆိုပါဓါတ်ပုံသည် လူမှုကွန်ယက်၌ ထွက်ပေါ်ပြီးနောက် ဂေါကပအဖွဲ့နှင့် ဘုရားအတွင်းသို့ ဖိနပ်စီးဝင်ရောက် ခဲ့သည့် တရုတ်နိုင်ငံသားများကို မြန်မာနိုင်ငံသားများမှ ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါဖြစ်စဉ်ဖြစ်ပေါ်ပြီး နောက် ဂေါပကအဖွဲ့မှ ဓာတ်ပုံတင်သူအား အရေးယူမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဂေါပကအဖွဲ့၏ထုတ်ပြန်ချက်ကို ဧည့်လမ်းညွှန်အသင်းကြီးက တုန့်ပြန်ရာတွင် စက္ကန့်ပိုင်းအတွင်း ဖိနပ်စီးသည် ကို အခွင့်အရေးယူ၍ တရုတ်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးပျက်ပြားစေရန် အခွင့်အရေးယူ၍ ပြုမှုဆောင်ရွက် သည်ဟု စွပ်စွဲထားပါသည်။

ဆက်လက်ပြီးဧည့်လမ်းညွှန်အသင်းကြီး၏ ဖော်ပြချက်၌ အဆိုပါဧည့်လမ်းညွှန်၏ ပြောကြားချက်အရလည်း ကောင်း၊ ဓါတ်ပုံမှတ်တမ်းများအရလည်းကောင်း၊ ဧည့်သည်အဖွဲ့သည် ဘုရားဝန်းအတွင်းသို့ ခြေအိတ်နှင့် ဖိနပ်စီး၍ ဝင်ရောက်ခဲ့ကြောင်းလည်း တွေ့ရှိရကြောင်း ဖော်ပြထားသည်။

ဧည့်လမ်းညွှန် ဦးအာကာစိုးအား ကုသိုလ်တော်ဘုရားဂေါပကမှ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မည် ဆိုပါက ပုဂံ-ညောင်ဦး ဧည့်လမ်းညွှန်များအသင်းကြီး(BTGA) မှ ထိုဧည့်လမ်းညွှန်နှင့်အတူပူးပေါင်း၍ ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တုန့်ပြန်ထားသည်။

#PeopleMedia

(ပြည်တွင်းပြည်ပ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးစသည့် သတင်းများ အသစ်တင်တိုင်း သိရှိရန် PeopleMedia သတင်းဌာန Page ကို like လုပ်ဖို့ မေတ္တာရပ်ခံပါတယ်)


Share this post