• Follow Us on

Home တ႐ုတ္အစိုးရပိုင္ကုမၸဏီ၏ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား အင္ဒိုနီး႐ွားသို႔ေရာက္႐ွိ

တ႐ုတ္အစိုးရပိုင္ကုမၸဏီ၏ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား အင္ဒိုနီး႐ွားသို႔ေရာက္႐ွိ

Share this post

ဂ်ာကာတာ၊ ဒီဇင္ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
အင္ဒိုနီး႐ွားႏိုင္ငံသို႔ တ႐ုတ္အစိုးရပိုင္ေဆးကုမၸဏီဆင္ႏိုဗက္၏ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ကို႐ိုနာဗက္ ၁.၂ သန္းေရာက္႐ွိေနၿပီး ယခုလေႏွာင္းပိုင္းတြင္ ထိုကုမၸဏီထံမွကာကြယ္ေဆး ၁၅ သန္းထုတ္လုပ္ရန္ကုန္ၾကမ္း ပစၥည္းမ်ားေရာက္႐ွိမည္ျဖစ္သည္။
 
ကို႐ိုနာဗက္ ပထမအသုတ္ေရာက္႐ွိလာျခင္းသည္ ၾသဂုတ္လမွစတင္၍ ထိုေဆးအႀကီးအက်ယ္စမ္းသပ္မႈတြင္ပါ ၀င္ေနသည့္အင္ဒိုနီး႐ွားႏိုင္ငံႏွင့္ ဆင္ႏိုဗက္တို႔ၾကား သေဘာတူညီခ်က္တစိတ္တပိုင္းအေနျဖစ္သည္။
 
ဇန္နဝါရီတြင္ ကာကြယ္ေဆး ၁.၈ သန္းထပ္ေရာက္မည္ျဖစ္ၿပီး သန္း ၃၀ ထုတ္လုပ္ရန္ ကုန္ၾကမ္းမ်ားလည္း ေရာက္႐ွိမည္ျဖစ္သည္။
 
သေဘာတူညီခ်က္တြင္ အင္ဒိုနီး႐ွားႏိုင္ငံကို ကာကြယ္ေဆးထုတ္လုပ္သည့္အဆင့္မ်ားကို အသိေပးရန္ပါပါ ၀င္သျဖင့္ ႏိုင္ငံပိုင္ေဆးဝါးလုပ္ငန္း ဘိုင္အိုဖာမာက ကုန္ၾကမ္းမ်ားျဖင့္ ေဆးထုတ္လုပ္ႏိုင္မည္ျဖစ္သည္။
 
ဘိုင္အိုဖာမာသည္ အင္ဒိုနီး႐ွားႏိုင္ငံ၏တခုတည္းေသာကာကြယ္ေဆးထုတ္လုပ္သည့္လုပ္ငန္းျဖစ္ၿပီး ပတ္ဂ်ာဂ်ာရန္တကၠသိုလ္ႏွင့္ပူးေပါင္းကာ ကာကြယ္ေဆးကိုစမ္းသပ္ခဲ့သည္။
 
ေျခာက္လေက်ာ္ၾကာမည့္ကာကြယ္ေဆးအႀကီးအက်ယ္စမ္းသပ္မႈမ်ားကို အင္ဒိုနီး႐ွားႏိုင္ငံတြင္ ေစတနာ့ ၀န္ထမ္း ၁၆၂၀ ခန္႔ပါ၀င္စမ္းသပ္ခံခဲ့သည္။
 
အင္ဒိုနီး႐ွားႏိုင္ငံတြင္ အတည္ျပဳလူနာ ၆ သိန္းေက်ာ္႐ွိၿပီး ေသဆံုးသူ ၁၉၀၀၀ ေက်ာ္႐ွိေနသည္။
 
Ref : Indonesia has 1.2 million COVID-19 vaccine doses in its possession now. What’s next?
 
#PeopleMedia
 
(unicode)
တရုတ်အစိုးရပိုင်ကုမ္ပဏီ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ အင်ဒိုနီးရှားသို့ရောက်ရှိ
…………………………………………..
 
ဂျာကာတာ၊ ဒီဇင်ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
အင်ဒိုနီးရှားနိုင်ငံသို့ တရုတ်အစိုးရပိုင်ဆေးကုမ္ပဏီဆင်နိုဗက်၏ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ကိုရိုနာဗက် ၁.၂ သန်းရောက်ရှိနေပြီး ယခုလနှောင်းပိုင်းတွင် ထိုကုမ္ပဏီထံမှကာကွယ်ဆေး ၁၅ သန်းထုတ်လုပ်ရန်ကုန်ကြမ်း ပစ္စည်းများရောက်ရှိမည်ဖြစ်သည်။
 
ကိုရိုနာဗက် ပထမအသုတ်ရောက်ရှိလာခြင်းသည် သြဂုတ်လမှစတင်၍ ထိုဆေးအကြီးအကျယ်စမ်းသပ်မှုတွင်ပါ ဝင်နေသည့်အင်ဒိုနီးရှားနိုင်ငံနှင့် ဆင်နိုဗက်တို့ကြား သဘောတူညီချက်တစိတ်တပိုင်းအနေဖြစ်သည်။
 
ဇန်နဝါရီတွင် ကာကွယ်ဆေး ၁.၈ သန်းထပ်ရောက်မည်ဖြစ်ပြီး သန်း ၃၀ ထုတ်လုပ်ရန် ကုန်ကြမ်းများလည်း ရောက်ရှိမည်ဖြစ်သည်။
 
သဘောတူညီချက်တွင် အင်ဒိုနီးရှားနိုင်ငံကို ကာကွယ်ဆေးထုတ်လုပ်သည့်အဆင့်များကို အသိပေးရန်ပါပါ ဝင်သဖြင့် နိုင်ငံပိုင်ဆေးဝါးလုပ်ငန်း ဘိုင်အိုဖာမာက ကုန်ကြမ်းများဖြင့် ဆေးထုတ်လုပ်နိုင်မည်ဖြစ်သည်။
 
ဘိုင်အိုဖာမာသည် အင်ဒိုနီးရှားနိုင်ငံ၏တခုတည်းသောကာကွယ်ဆေးထုတ်လုပ်သည့်လုပ်ငန်းဖြစ်ပြီး ပတ်ဂျာဂျာရန်တက္ကသိုလ်နှင့်ပူးပေါင်းကာ ကာကွယ်ဆေးကိုစမ်းသပ်ခဲ့သည်။
 
ခြောက်လကျော်ကြာမည့်ကာကွယ်ဆေးအကြီးအကျယ်စမ်းသပ်မှုများကို အင်ဒိုနီးရှားနိုင်ငံတွင် စေတနာ့ ဝန်ထမ်း ၁၆၂၀ ခန့်ပါဝင်စမ်းသပ်ခံခဲ့သည်။
 
အင်ဒိုနီးရှားနိုင်ငံတွင် အတည်ပြုလူနာ ၆ သိန်းကျော်ရှိပြီး သေဆုံးသူ ၁၉၀၀၀ ကျော်ရှိနေသည်။
 
Ref : Indonesia has 1.2 million COVID-19 vaccine doses in its possession now. What’s next?
 
#PeopleMedia

Share this post