• Follow Us on

Home တ႐ုတ္အဖြဲ႕အစည္း ၃၃ ခုကို အေမရိကန္က အမည္ပ်က္စာရင္းသြင္း မည္

တ႐ုတ္အဖြဲ႕အစည္း ၃၃ ခုကို အေမရိကန္က အမည္ပ်က္စာရင္းသြင္း မည္

Share this post

၂၀၂၀၊ ေမ ၂၃

လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားက်ဴးလြန္ျခင္း (သို႔မဟုတ္) စစ္ေရးရည္ရြယ္ခ်က္မ်ားျဖင့္ အေမရိကန္နည္းပညာ အသုံးျပဳျခင္းေၾကာင့္ တ႐ုတ္ကမၸဏီႏွင့္ အဖြဲ႕အစည္း ၃၃ ခုကို စီးပြားေရးအမည္ပ်က္စာရင္းသြင္းမည္ဟု အေမ ရိကန္အစိုးရက ေျပာၾကားသည္။

အေမရိကန္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ေမလ ၂၂ ရက္တြင္ ေၾကညာခ်က္တစ္ရပ္ ျပဳလုပ္ခဲ့သည္။

အမည္စာရင္းသြင္းမည့္အဖြဲ႕အစည္းမ်ားတြင္ ျပည္သူ႔လုံၿခဳံေရးဝန္ႀကီးဌာနေအာက္ရွိ မႈခင္းေဆးပညာသိပၸံဌာန၊ ဉာဏ္ရည္တုနည္းပညာႏွင့္ 5G ဆက္သြယ္ေရးကြန္ရက္မ်ား ေဆာင္ရြက္ေနသည့္ကုမၸဏီမ်ားပါဝင္သည္။

အဖြဲ႕အစည္းအခ်ိဳ႕မွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားႏွင့္ အလြဲသုံးစားမႈမ်ား၊ လူမ်ားအစုလိုက္အၿပဳံလိုက္ ထိန္းသိမ္းထားျခင္း၊ အဓမၼေစခိုင္းမႈ၊ ဝီဂါမူဆလင္မ်ား၊ အျခားလူနည္းစုမ်ားကို အဆင့္ျမင့္နည္းပညာသုံး၍ ေစာင့္ၾကပ္ျခင္းတို႔ေၾကာင့္ အမည္ပ်က္စာရင္း သြင္းခဲ့ျခင္းျဖစ္သည္။

ကုမၸဏီအခ်ိဳ႕ကိုမူ တ႐ုတ္တပ္မေတာ္အတြက္ ပစၥည္းကိရိယာမ်ား ကူညီထုတ္လုပ္ေပးျခင္းေၾကာင့္ အ ေရးယူျခင္းျဖစ္သည္။

အဆိုပါအဖြဲ႕အစည္းမ်ား၊ ကုမၸဏီမ်ားကို အေမရိကန္နည္းပညာႏွင့္ အေမရိကန္ထုတ္ကုန္မ်ား ဝယ္ယူခြင့္ မရွိေစရန္ ကန္႔သတ္မည့္အေရးယူမႈမ်ားျပဳလုပ္မည္ျဖစ္သည္။

ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလအတြင္းကလည္း ဝီဂါလူမ်ိဳးမ်ားအေပၚ ျပဳမူဆက္ဆံမႈႏွင့္ပတ္သက္ေသာ ဗြီဒီယိုေစာင့္ၾကည့္ေရးလုပ္ငန္းတစ္ခု အပါအဝင္ တ႐ုတ္ႏိုင္ငံပိုင္ ဗ်ဴ႐ိုႏွင့္ကုမၸဏီ ၂၈ ခုႏွင့္ ကုန္သြယ္မႈ မျပဳလုပ္ရန္ အေမရိကန္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ပိတ္ပင္ခ်က္တစ္ခု ေၾကညာခဲ့ သည္။

ယခုေၾကညာခ်က္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ၊ ေဟာင္ေကာင္ ဒီမိုကေရစီလႈပ္ရွားမႈႏွင့္ပတ္သက္၍ ယခုႏွစ္အတြင္း အေမရိကန္ႏွင့္တ႐ုတ္ၾကား ေနာက္ဆုံးအႀကိမ္တင္းမာမႈျဖစ္သည္။

ကိုးကား ။ ။ အင္န္အိတ္ခ်္ ေက

Ref; US to add 33 Chinese entities to blacklist

(Unicode)
တရုတ်အဖွဲ့အစည်း ၃၃ ခုကို အမေရိကန်က အမည်ပျက်စာရင်းသွင်း မည်
………………………………………………

၂၀၂၀၊ မေ ၂၃

လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်ခြင်း (သို့မဟုတ်) စစ်ရေးရည်ရွယ်ချက်များဖြင့် အမေရိကန်နည်းပညာ အသုံးပြုခြင်းကြောင့် တရုတ်ကမ္ပဏီနှင့် အဖွဲ့အစည်း ၃၃ ခုကို စီးပွားရေးအမည်ပျက်စာရင်းသွင်းမည်ဟု အမေ ရိကန်အစိုးရက ပြောကြားသည်။

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေလ ၂၂ ရက်တွင် ကြေညာချက်တစ်ရပ် ပြုလုပ်ခဲ့သည်။

အမည်စာရင်းသွင်းမည့်အဖွဲ့အစည်းများတွင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအောက်ရှိ မှုခင်းဆေးပညာသိပ္ပံဌာန၊ ဉာဏ်ရည်တုနည်းပညာနှင့် 5G ဆက်သွယ်ရေးကွန်ရက်များ ဆောင်ရွက်နေသည့်ကုမ္ပဏီများပါဝင်သည်။

အဖွဲ့အစည်းအချို့မှာ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အလွဲသုံးစားမှုများ၊ လူများအစုလိုက်အပြုံလိုက် ထိန်းသိမ်းထားခြင်း၊ အဓမ္မစေခိုင်းမှု၊ ဝီဂါမူဆလင်များ၊ အခြားလူနည်းစုများကို အဆင့်မြင့်နည်းပညာသုံး၍ စောင့်ကြပ်ခြင်းတို့ကြောင့် အမည်ပျက်စာရင်း သွင်းခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီအချို့ကိုမူ တရုတ်တပ်မတော်အတွက် ပစ္စည်းကိရိယာများ ကူညီထုတ်လုပ်ပေးခြင်းကြောင့် အ ရေးယူခြင်းဖြစ်သည်။

အဆိုပါအဖွဲ့အစည်းများ၊ ကုမ္ပဏီများကို အမေရိကန်နည်းပညာနှင့် အမေရိကန်ထုတ်ကုန်များ ဝယ်ယူခွင့် မရှိစေရန် ကန့်သတ်မည့်အရေးယူမှုများပြုလုပ်မည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းကလည်း ဝီဂါလူမျိုးများအပေါ် ပြုမူဆက်ဆံမှုနှင့်ပတ်သက်သော ဗွီဒီယိုစောင့်ကြည့်ရေးလုပ်ငန်းတစ်ခု အပါအဝင် တရုတ်နိုင်ငံပိုင် ဗျူရိုနှင့်ကုမ္ပဏီ ၂၈ ခုနှင့် ကုန်သွယ်မှု မပြုလုပ်ရန် အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပိတ်ပင်ချက်တစ်ခု ကြေညာခဲ့ သည်။

ယခုကြေညာချက်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၊ ဟောင်ကောင် ဒီမိုကရေစီလှုပ်ရှားမှုနှင့်ပတ်သက်၍ ယခုနှစ်အတွင်း အမေရိကန်နှင့်တရုတ်ကြား နောက်ဆုံးအကြိမ်တင်းမာမှုဖြစ်သည်။

ကိုးကား ။ ။ အင်န်အိတ်ခ်ျ ကေ

Ref; US to add 33 Chinese entities to blacklist


Share this post