• Follow Us on
Latest News

Home တ႐ုတ္အေပၚေလွ်ာ့ေပါ့မွီခိုရန္ အိႏၵိယကို အေမရိကန္ႏိုင္ငံျခားေရး ၀န္ႀကီးတိုက္တြန္း

တ႐ုတ္အေပၚေလွ်ာ့ေပါ့မွီခိုရန္ အိႏၵိယကို အေမရိကန္ႏိုင္ငံျခားေရး ၀န္ႀကီးတိုက္တြန္း

Share this post

နယူးေဒလီ၊ ဇူလိုင္ ၂၃

ဆက္သြယ္ေရးႏွင့္ ေဆးပစၥည္းမ်ားအတြက္ ျပည္တြင္းထုတ္လုပ္ျဖန္႔ခ်ိမႈကြင္းဆက္ကိုအာ႐ံုစိုက္ၿပီး တ႐ုတ္ႏိုင္ငံ အေပၚ မွီခိုမႈေလွ်ာ့ခ်ရန္ အိႏိၵယႏိုင္ငံကို အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး မိုက္ ပြန္ပီယိုက ဇူလိုင္ ၂၂ ရက္တြင္ တိုက္တြန္းခဲ့သည္။

“အိႏၵိယႏိုင္ငံမွာ ျပည္တြင္းထုတ္လုပ္ျဖန္႔ခ်ိမႈကြင္းဆက္ကို တ႐ုတ္ႏိုင္ငံဆီကေနေ႐ႊ႕ၿပီး ဆက္သြယ္ေရး၊ ေဆး ပစၥည္းေတြနဲ႔ တျခားပစၥည္းေတြလိုမ်ိဳးေနရာေတြအတြက္ တ႐ုတ္ကုမၸဏီေတြအေပၚမွီခိုေနရတာကို ေလွ်ာ့ခ်ႏိုင္ ပါတယ္” ဟု ပြန္ပီယိုက အေမရိကန္-အိႏၵိယစီးပြားေရးေကာင္ဟီ၏ အိႏၵိယႏိုင္ငံဆိုင္ရာစိတ္ကူးအႀကံဉာဏ္မ်ား ထိပ္သီးအစည္းအေ၀းတြင္ အြန္လိုင္းမွ မိန္႔ခြန္းေျပာစဥ္ ထည့္သြင္းေျပာဆိုသည္။

“အေမရိကန္အပါအ၀င္ ကမာၻတ၀န္းက ႏိုင္ငံေတာ္ေတာ္မ်ားမ်ားရဲ႕ယံုၾကည္မႈရထားေတာ့ အိႏၵိယႏိုင္ငံဟာ ဒီအေျခအေနမွာ႐ွိေနပါတယ္” ဟုလည္း ပြန္ပီယိုကေျပာသည္။

ကို႐ိုနာဗိုင္းရပ္စ္၊ တ႐ုတ္နည္းပညာကုမၸဏီမ်ား၊ ေဟာင္ေကာင္တြင္ျပ႒ာန္းသည့္ အမ်ိဳးသားလံုၿခံဳေရးဥပေဒ၊ ဝီဂါမြတ္ဆလင္မ်ားႏွင့္ ေနာက္ဆံုးျဖစ္ရပ္အေနျဖင့္ ဟူစတန္ၿမိဳ႕မွ တ႐ုတ္ေကာင္စစ္၀န္႐ံုးပိတ္ရန္ၫႊန္ၾကား ခ်က္စသည္တို႔ေၾကာင့္ အေမရိကန္-တ႐ုတ္ဆက္ဆံေရးတင္းမာမႈမ်ားဆက္တိုက္ျမင့္တက္ေနခ်ိန္တြင္ ပြန္ပီယိုက ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။

ဇြန္လလယ္က နယ္စပ္တြင္ တ႐ုတ္တပ္ဖြဲ႔မ်ားႏွင့္ထိေတြ႕ခဲ့ၿပီး အိႏၵိယတပ္ဖြဲ႔၀င္အေယာက္ ၂၀ ေသဆံုးခဲ့ၿပီး ေနာက္ အိႏၵိယ-တ႐ုတ္ဆက္ဆံေရးပ်က္ယြင္းေနသည္။

ေနာက္ပိုင္းတြင္ အိႏၵိယက TikTokအပါအ၀င္ တ႐ုတ္ထုတ္ဖုန္းအက္ပလီေကး႐ွင္းမ်ားကို ပိတ္ပင္ခဲ့သည္။

အိႏိၵယသည္ ကမာၻ႔ေဆးေစ်းကြက္တြင္ အႀကီးဆံုးတင္ပို႔သူျဖစ္ၿပီး ကုန္ၾကမ္း ၇၀ ရာခိုင္ႏႈန္းနီးပါးအတြက္ တ႐ုတ္ ႏိုင္ငံကို မွီခိုေနသည္။

Ref : Pompeo urges India to reduce dependence on China

#PeopleMedia

(unicode)
တရုတ်အပေါ်လျှော့ပေါ့မှီခိုရန် အိန္ဒိယကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးတိုက်တွန်း
………………………………………………………

နယူးဒေလီ၊ ဇူလိုင် ၂၃

ဆက်သွယ်ရေးနှင့် ဆေးပစ္စည်းများအတွက် ပြည်တွင်းထုတ်လုပ်ဖြန့်ချိမှုကွင်းဆက်ကိုအာရုံစိုက်ပြီး တရုတ်နိုင်ငံ အပေါ် မှီခိုမှုလျှော့ချရန် အိန္ဒိယနိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုက ဇူလိုင် ၂၂ ရက်တွင် တိုက်တွန်းခဲ့သည်။

“အိန္ဒိယနိုင်ငံမှာ ပြည်တွင်းထုတ်လုပ်ဖြန့်ချိမှုကွင်းဆက်ကို တရုတ်နိုင်ငံဆီကနေရွှေ့ပြီး ဆက်သွယ်ရေး၊ ဆေး ပစ္စည်းတွေနဲ့ တခြားပစ္စည်းတွေလိုမျိုးနေရာတွေအတွက် တရုတ်ကုမ္ပဏီတွေအပေါ်မှီခိုနေရတာကို လျှော့ချနိုင် ပါတယ်” ဟု ပွန်ပီယိုက အမေရိကန်-အိန္ဒိယစီးပွားရေးကောင်ဟီ၏ အိန္ဒိယနိုင်ငံဆိုင်ရာစိတ်ကူးအကြံဉာဏ်များ ထိပ်သီးအစည်းအဝေးတွင် အွန်လိုင်းမှ မိန့်ခွန်းပြောစဉ် ထည့်သွင်းပြောဆိုသည်။

“အမေရိကန်အပါအဝင် ကမ္ဘာတဝန်းက နိုင်ငံတော်တော်များများရဲ့ယုံကြည်မှုရထားတော့ အိန္ဒိယနိုင်ငံဟာ ဒီအခြေအနေမှာရှိနေပါတယ်” ဟုလည်း ပွန်ပီယိုကပြောသည်။

ကိုရိုနာဗိုင်းရပ်စ်၊ တရုတ်နည်းပညာကုမ္ပဏီများ၊ ဟောင်ကောင်တွင်ပြဋ္ဌာန်းသည့် အမျိုးသားလုံခြုံရေးဥပဒေ၊ ဝီဂါမွတ်ဆလင်များနှင့် နောက်ဆုံးဖြစ်ရပ်အနေဖြင့် ဟူစတန်မြို့မှ တရုတ်ကောင်စစ်ဝန်ရုံးပိတ်ရန်ညွှန်ကြား ချက်စသည်တို့ကြောင့် အမေရိကန်-တရုတ်ဆက်ဆံရေးတင်းမာမှုများဆက်တိုက်မြင့်တက်နေချိန်တွင် ပွန်ပီယိုက ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

ဇွန်လလယ်က နယ်စပ်တွင် တရုတ်တပ်ဖွဲ့များနှင့်ထိတွေ့ခဲ့ပြီး အိန္ဒိယတပ်ဖွဲ့ဝင်အယောက် ၂၀ သေဆုံးခဲ့ပြီး နောက် အိန္ဒိယ-တရုတ်ဆက်ဆံရေးပျက်ယွင်းနေသည်။

နောက်ပိုင်းတွင် အိန္ဒိယက TikTokအပါအဝင် တရုတ်ထုတ်ဖုန်းအက်ပလီကေးရှင်းများကို ပိတ်ပင်ခဲ့သည်။

အိန္ဒိယသည် ကမ္ဘာ့ဆေးဈေးကွက်တွင် အကြီးဆုံးတင်ပို့သူဖြစ်ပြီး ကုန်ကြမ်း ၇၀ ရာခိုင်နှုန်းနီးပါးအတွက် တရုတ် နိုင်ငံကို မှီခိုနေသည်။

Ref : Pompeo urges India to reduce dependence on China

#PeopleMedia


Share this post