• Follow Us on

Home တ႐ုတ္ေတာင္ပိုင္း စာသင္ေက်ာင္း၌ ဓားျဖင့္တိုက္ခိုက္မႈေၾကာင့္ လူ ၃၉ ဦး ဒဏ္ရာရ

တ႐ုတ္ေတာင္ပိုင္း စာသင္ေက်ာင္း၌ ဓားျဖင့္တိုက္ခိုက္မႈေၾကာင့္ လူ ၃၉ ဦး ဒဏ္ရာရ

Share this post

နိုင္ငံတကာ၊ ဇြန္ ၄

ယေန႕နံနက္ပိုင္းက တ႐ုတ္နိုင္ငံေတာင္ပိုင္း ကြမ္ဇီးျပည္နယ္တြင္ ေက်ာင္းေစာင့္တစ္ဦး ၏ ဓားျဖင့္တိုက္ခိုက္မႈအတြင္း လူ ၃၉ ဦးထက္မနည္း ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

တိုက္ခိုက္ရသည့္ အေၾကာင္းရင္းကို မသိရေသးေပ။ ယခုတိုက္ခိုက္မႈ ၿပီးခဲ့ေသာႏွစ္အနည္းငယ္အတြင္း တ႐ုတ္နိုင္ငံရွိ စာသင္ေက်ာင္းမ်ား၌ ထိတ္လန့္ေၾကာက္မက္ဖြယ္ တိုက္ခိုက္မႈမ်ားကို သတိရေစသည္။

တိုက္ခိုက္မႈအတြင္း ေက်ာင္းသူ၊ေက်ာင္းသား ၃၇ ဦးႏွင့္ အ႐ြယ္ေရာက္သူႏွစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ေဒသႏၲရအစိုးရအဖြဲ႕က ေျပာၾကားသည္။

စာသင္ေက်ာင္း၌ ဓားျဖင့္တိုက္ခိုက္သူမွာ မိသားစုအမည္ လီဟုဆိုေသာ စိတ္က်န္းမာေရး မေကာင္း မြန္သည့္ ေက်ာင္းလုံၿခဳံေရးအေစာင့္တစ္ဦး ျဖစ္ေၾကာင္း တ႐ုတ္ နိုင္ငံပိုင္ မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။

စုံစမ္းစစ္ေဆးမႈေဆာင္႐ြက္ေနစဥ္ တိုက္ခိုက္မႈက်ဴးလြန္သူဟု သံသယရွိသူကို ထိန္းသိမ္းခဲ့ေၾကာင္း အဆိုပါ မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။

လူ ၄၀ ဒဏ္ရာရရွိခဲ့ၿပီး ေက်ာင္းအုပ္၊ ေနာက္ထပ္ ေက်ာင္းလုံၿခဳံေရးႏွင့္ ေက်ာင္းသားတစ္ဦး အပါအဝင္ သုံးဉီး ဒဏ္ရာအျပင္အထန္ရရွိခဲ့ေၾကာင္း နိုင္ငံပိုင္႐ုပ္သံဌာန CCTV က ေဖာ္ျပခဲ့သည္။

၂၀၁၈ ခုႏွစ္ာ၊ ေအာက္တိုဘာလတြင္ တ႐ုတ္နိုင္ငံအေနာက္ပိုင္း ခ်ဳံက်င္းၿမိဳ႕ေတာ္၌ ဓားတစ္လက္ကိုင္ ေဆာင္ထားသည့္ အမ်ိဳးသမီးတစ္ဦးက မူႀကိဳေက်ာင္းတစ္ခု၌ တိုက္ခိုက္ခဲ့ရာ ကေလးငယ္ ၁၄ ဦး ဒဏ္ရာရရွိခဲ့ သည္။

၂၀၁၀ ခုႏွစ္ကလည္း စာသင္ေက်ာင္း တိုက္ခိုက္မႈမ်ားအတြင္း ကေလးငယ္ ၂၀ ဦးနီးပါး ဒဏ္ရာရရွိခဲ့ရာ အစိုးရ ထိပ္တန္းတာဝန္ရွိသူမ်ားက စာသင္ေက်ာင္းမ်ားကို ဂိတ္မ်ား၊ လုံၿခဳံေရးအေစာင့္မ်ား ပိုမိုထားရွိရန္ တိုက္တြန္းခဲ့ၾကသည္။

တ႐ုတ္နိုင္ငံဥပေဒအရ ေသနတ္မ်ား ေရာင္းခ်မႈႏွင့္ပိုင္ဆိုင္မႈကို တင္းက်ပ္စြာ ကန့္သတ္ထားေသာ္လည္း တိုက္ခိုက္မႈမ်ားကို ေယဘူယ်အားျဖင့္ ဓားမ်ား၊ လက္လုပ္ဗုံးမ်ားျဖင့္ လုပ္ေဆာင္ၾကသည္။

ကိုးကား – တီအာတီ ေဝါ

Ref; At least 39 injured in knife attack at China kindergarten

#PeopleMedia

[Unicode]
တရုတ်တောင်ပိုင်း စာသင်ကျောင်း၌ ဓားဖြင့်တိုက်ခိုက်မှုကြောင့် လူ ၃၉ ဦး ဒဏ်ရာရ
……………………………………………………………………………..

နိုင်ငံတကာ၊ ဇွန် ၄

ယနေ့နံနက်ပိုင်းက တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ဇီးပြည်နယ်တွင် ကျောင်းစောင့်တစ်ဦး ၏ ဓားဖြင့်တိုက်ခိုက်မှုအတွင်း လူ ၃၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ရသည့် အကြောင်းရင်းကို မသိရသေးပေ။ ယခုတိုက်ခိုက်မှု ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံရှိ စာသင်ကျောင်းများ၌ ထိတ်လန့်ကြောက်မက်ဖွယ် တိုက်ခိုက်မှုများကို သတိရစေသည်။

တိုက်ခိုက်မှုအတွင်း ကျောင်းသူ၊ကျောင်းသား ၃၇ ဦးနှင့် အရွယ်ရောက်သူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရအစိုးရအဖွဲ့က ပြောကြားသည်။

စာသင်ကျောင်း၌ ဓားဖြင့်တိုက်ခိုက်သူမှာ မိသားစုအမည် လီဟုဆိုသော စိတ်ကျန်းမာရေး မကောင်း မွန်သည့် ကျောင်းလုံခြုံရေးအစောင့်တစ်ဦး ဖြစ်ကြောင်း တရုတ် နိုင်ငံပိုင် မီဒီယာများက ဖော်ပြခဲ့သည်။

စုံစမ်းစစ်ဆေးမှုဆောင်ရွက်နေစဉ် တိုက်ခိုက်မှုကျူးလွန်သူဟု သံသယရှိသူကို ထိန်းသိမ်းခဲ့ကြောင်း အဆိုပါ မီဒီယာများက ဖော်ပြခဲ့သည်။

လူ ၄၀ ဒဏ်ရာရရှိခဲ့ပြီး ကျောင်းအုပ်၊ နောက်ထပ် ကျောင်းလုံခြုံရေးနှင့် ကျောင်းသားတစ်ဦး အပါအဝင် သုံးဉီး ဒဏ်ရာအပြင်အထန်ရရှိခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံဌာန CCTV က ဖော်ပြခဲ့သည်။

၂၀၁၈ ခုနှစ်ာ၊ အောက်တိုဘာလတွင် တရုတ်နိုင်ငံအနောက်ပိုင်း ချုံကျင်းမြို့တော်၌ ဓားတစ်လက်ကိုင် ဆောင်ထားသည့် အမျိုးသမီးတစ်ဦးက မူကြိုကျောင်းတစ်ခု၌ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁၄ ဦး ဒဏ်ရာရရှိခဲ့ သည်။

၂၀၁၀ ခုနှစ်ကလည်း စာသင်ကျောင်း တိုက်ခိုက်မှုများအတွင်း ကလေးငယ် ၂၀ ဦးနီးပါး ဒဏ်ရာရရှိခဲ့ရာ အစိုးရ ထိပ်တန်းတာဝန်ရှိသူများက စာသင်ကျောင်းများကို ဂိတ်များ၊ လုံခြုံရေးအစောင့်များ ပိုမိုထားရှိရန် တိုက်တွန်းခဲ့ကြသည်။

တရုတ်နိုင်ငံဥပဒေအရ သေနတ်များ ရောင်းချမှုနှင့်ပိုင်ဆိုင်မှုကို တင်းကျပ်စွာ ကန့်သတ်ထားသော်လည်း တိုက်ခိုက်မှုများကို ယေဘူယျအားဖြင့် ဓားများ၊ လက်လုပ်ဗုံးများဖြင့် လုပ်ဆောင်ကြသည်။

ကိုးကား – တီအာတီ ဝေါ

Ref; At least 39 injured in knife attack at China kindergarten

#PeopleMedia


Share this post