• Follow Us on

Home တ႐ုတ္ေရတပ္က အနားေပးလိုက္တဲ့ ဖရီးဂိတ္ေဟာင္းႏွစ္စီး ဘဂၤ လားေဒ့ရွ္ကို ေပးအပ္

တ႐ုတ္ေရတပ္က အနားေပးလိုက္တဲ့ ဖရီးဂိတ္ေဟာင္းႏွစ္စီး ဘဂၤ လားေဒ့ရွ္ကို ေပးအပ္

Share this post

တ႐ုတ္စစ္တပ္က အနားေပးလိုက္တဲ့ Type 053H3(Jiangwei II)-class ဖရီးဂိတ္ေရယာဥ္ႏွစ္စီးကို ဘဂၤလား ေဒ့ရွ္ေရတပ္ကို လႊဲေျပာင္းေပးလိုက္ၿပီျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္ေရတပ္ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ အေလးခ်ိန္တန္ ၂၂၀၀ ရွိတဲ့ ဒီဇယ္စြမ္းအင္သံုးဖရီးဂိတ္ေတြျဖစ္တဲ့ Jiaxing နဲ႔ Lianyungang တို႕ကို ဒီဇင္ဘာ ၁၈ ရက္ေန႔မွာ အခမ္းအနားက်င္းပၿပီး လႊဲေျပာင္းလက္ခံခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

BNS Umer Farrog နဲ႔ Abu Ubaidah လို႔ အမည္ေျပာင္းလဲၿပီး ဘဂၤလားေဒ့ရွ္ေရတပ္မွာ တာ၀န္ထမ္းေဆာင္ မယ့္ တ႐ုတ္ဖရီးဂိတ္ေရယာဥ္ႏွစ္စီးဟာ ၁၁၂ မီတာ ရွည္လ်ားၿပီး အက်ယ္ ၁၂.၄ မီတာရွိတဲ့ ေရယာဥ္ေတြျဖစ္ပါ တယ္။

အဆိုပါေရယာဥ္ႏွစ္စီးဟာ လႊဲအပ္ပြဲအခမ္းအနားၿပီးတာနဲ႕ ဘဂၤလားေဒ့ရွ္ကို ထြက္ခြာလာမွာျဖစ္ပါတယ္။

Ref; janes.com

#PeopleMedia #International

(Unicode)
တရုတ်ရေတပ်က အနားပေးလိုက်တဲ့ ဖရီးဂိတ်ဟောင်းနှစ်စီး ဘင်္ဂ လားဒေ့ရှ်ကို ပေးအပ်
…………………………………………………………

တရုတ်စစ်တပ်က အနားပေးလိုက်တဲ့ Type 053H3(Jiangwei II)-class ဖရီးဂိတ်ရေယာဉ်နှစ်စီးကို ဘင်္ဂလား ဒေ့ရှ်ရေတပ်ကို လွှဲပြောင်းပေးလိုက်ပြီဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရေတပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ အလေးချိန်တန် ၂၂၀၀ ရှိတဲ့ ဒီဇယ်စွမ်းအင်သုံးဖရီးဂိတ်တွေဖြစ်တဲ့ Jiaxing နဲ့ Lianyungang တို့ကို ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အခမ်းအနားကျင်းပပြီး လွှဲပြောင်းလက်ခံခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

BNS Umer Farrog နဲ့ Abu Ubaidah လို့ အမည်ပြောင်းလဲပြီး ဘင်္ဂလားဒေ့ရှ်ရေတပ်မှာ တာဝန်ထမ်းဆောင် မယ့် တရုတ်ဖရီးဂိတ်ရေယာဉ်နှစ်စီးဟာ ၁၁၂ မီတာ ရှည်လျားပြီး အကျယ် ၁၂.၄ မီတာရှိတဲ့ ရေယာဉ်တွေဖြစ်ပါ တယ်။

အဆိုပါရေယာဉ်နှစ်စီးဟာ လွှဲအပ်ပွဲအခမ်းအနားပြီးတာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ခွာလာမှာဖြစ်ပါတယ်။

Ref; janes.com

#PeopleMedia #International


Share this post