• Follow Us on

Home တရုတ်ရေတပ်တွင် တန် ၃၀,၀၀၀ ရှိ ရဟတ်ယာဉ်တင်သင်္ဘော တပ်တော်ဝင်

တရုတ်ရေတပ်တွင် တန် ၃၀,၀၀၀ ရှိ ရဟတ်ယာဉ်တင်သင်္ဘော တပ်တော်ဝင်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၃ (People Media)

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်၏ ဒုတိယမြောက် Type 075 ရဟတ်ယာဉ်တင်သင်္ဘော သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တပ်တော်ဝင်ခဲ့ကြောင်း ဒေသတွင်းသတင်းစာများတွင်ရေး သားဖော်ပြခဲ့သည်။

 

တန်ချိန် ၃၀,၀၀၀ ရှိပြီး နေတိုးအဖွဲ့က ယူရှန်အဆင့်အဆန်းရဟတ်ယာဉ်တင်သင်္ဘောဟု အမည်ပေးထားသည့် အဆိုပါတိုက်ခိုက်ရေး သင်္ဘောကြီးမှာ ဟူဒေါင်-ကျုံးဟိန် ကုမ္ပဏီ၏ သင်္ဘောကျင်းတွင် တပ်တော်ဝင်ခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါတိုက်ခိုက်ရေးသင်္ဘောသစ်ကြီးသည် ဒီဇင်ဘာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် စတင်စမ်း သပ်ခဲ့ပြီး ကွမ်းရှီ (GUANG XI – တရုတ်နိုင်ငံတောင်ပိုင်းတွင်တည်ရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) ဟု အ မည်ပေးရန် မျှော်လင့်ထားကြောင်း ရေတပ်စစ်ရေးဆိုင်ရာဂျာနယ်လစ် ခရစ်ကားဗက်စ်ကပြောသည်။

 

Type 075 ရဟတ်ယာဉ်တင်တိုက်ခိုက်ရေးသင်္ဘောကြီးသည် ရဟတ်ယာဉ်စစ်ဆင်ရေးအတွက် ရဟတ်ယာဉ် များအတက်အဆင်းလုပ်နိုင်သော သင်္ဘောကုန်းပတ်ပါရှိသည့်အပြင် ဟိုးဗားယာဉ်များနှင့် ကုန်းရေနှစ်သွယ်သွား တိုက်ခိုက်ရေးယာဉ်များပါ သင်္ဘောပေါ်မှဆင်းနိုင်အောင် စီမံထားသည့် ရေပြင်နှင့် ထိစပ်နေသာ ဒုတိယထပ်  ကုန်းပတ်ပါ ပါရှိသည်။

 

အဆိုပါ ယူရှန်အဆင့်အဆန်းရဟတ်ယာဉ်တင်တိုက်ခိုက်ရေးသင်္ဘောသည် အမေရိကန်ပြည်ထောင်စု၏ Wasp -class နှင့် America class သင်္ဘောများမှလွဲ၍ ခေတ်ပြိုင်အခြားသင်္ဘောများထက် အရွယ်အစားရော တန်ချိန်ပါ ပိုမိုကြီးမားသည့် ရဟတ်ယာဉ်တင်သင်္ဘောဖြစ်သည်။

 

ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်းဒေသမှ တောင်များထူထပ်သောဒေသဖြစ်သဖြင့် Type 075 ရဟတ်ယာဉ်တင် သင်္ဘော၏ ရည်ရွယ်ချက်မှာ ဒေသတွင်း ရဟတ်ယာဉ်စစ်ဆင်ရေးများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားပုံ ရကြောင်း လေ့လာသူများကပြောသည်။

 

Ref: China’s Navy commissioned new 30,000-ton assault ship

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 

Ref: China’s Navy commissioned new 30,000-ton assault ship

 

#PeopleMedia


Share this post