• Follow Us on

Home တ႐ုတ္ေရတပ္သို႔ ပဲ့ထိန္းဒံုးက်ည္ဖ်က္သေဘၤာ ၂ စင္းတပ္ေတာ္၀င္

တ႐ုတ္ေရတပ္သို႔ ပဲ့ထိန္းဒံုးက်ည္ဖ်က္သေဘၤာ ၂ စင္းတပ္ေတာ္၀င္

Share this post

ေဘက်င္း၊ ေအာက္တိုဘာ ၁၃
 
တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ေရတပ္သို႔ အဆင့္ျမင့္ပဲ့ထိန္းဒံုးက်ည္ဖ်က္သေဘၤာသစ္ ၂ စင္းတပ္ေတာ္၀င္ခဲ့သည္ဟု တရား၀င္အစီရင္ခံစာမ်ားကေဖာ္ျပသည္။
 
ထို႔ေၾကာင့္ ယခုႏွစ္အတြင္း တ႐ုတ္ေရတပ္သို႔တပ္ေတာ္၀င္ခဲ့သည့္ဖ်က္သေဘၤာ ၄ စင္း႐ွိလာသည္။
 
တ႐ုတ္ႏိုင္ငံတည္ေထာင္ျခင္း ၇၁ ႏွစ္ျပည့္အထိမ္းအမွတ္အေနျဖင့္ ေအာက္တိုဘာ ၁ ရက္တြင္ ဖ်က္သေဘၤာ တပ္စိပ္တစိပ္က ပင္လယ္ျပင္တြင္ လက္ေတြ႔ပစ္ခတ္သည့္ေလ့က်င့္မႈႏွင့္ အပ်က္အစီး ပမာဏထိန္းခ်ဳပ္ေရး ေလ့က်င့္မႈမ်ားျပဳလုပ္ခဲ့သည္ဟု တ႐ုတ္ေရတပ္၏ေျမာက္တ႐ုတ္ပင္လယ္သေဘၤာတပ္စု၏ ေ၀ဘိုအေကာင့္မွ ဗီဒီယိုမွတ္တမ္းတြင္ေတြ႔ရသည္။
 
ထို႐ုပ္ကတ္မ်ားတြင္ အမွတ္ ၁၂၁ ဟုအမွတ္စဥ္တပ္ထားသည့္သေဘၤာတစင္းကိုေတြ႔ရၿပီး ထိုသေဘၤာသည္ Type 052D ပဲ့ထိန္းဒံုးက်ည္ဖ်က္သေဘၤာျဖစ္သည္။
 
ထိုသေဘၤာကို တ႐ုတ္ႏိုင္ငံအေ႐ွ႕ေျမာက္ပိုင္း ဟီေလာင္ဂ်န္းျပည္နယ္မွၿမိဳ႕နာမည္ျဖစ္သည့္ ခ်ီက်ီဟာဟုအမည္ ေပးထားသည္။
 
ေနာက္ထပ္ဖ်က္သေဘၤာကို အမွတ္ ၁၂၂ ဟုအမွတ္စဥ္တပ္ထားၿပီး ထိုသေဘၤာသည္ Type 052DL ပဲ့ထိန္းဒံုး က်ည္ဖ်က္သေဘၤာျဖစ္သည္။
 
တန္႐ွန္ဟုအမည္ေပးထားသည့္ထိုသေဘၤာသည္ Type 052D ၏ေနာက္ဆံုးေပၚမ်ိဳးကြဲျဖစ္ၿပီး ရဟတ္ယာဥ္ဆင္း သက္ႏုိင္သည့္ကုန္းပတ္ပါ႐ွိသည့္အျပင္ ပိုႀကီးသည့္ကိုယ္ေပ်ာက္စနစ္ဖ်က္ေရဒါစနစ္လည္းပါ၀င္သည္။
ထိုသေဘၤာ ၂ စင္းအပါအ၀င္ ယခုႏွစ္အတြင္း တ႐ုတ္ေရတပ္ကတပ္ေတာ္၀င္ခဲ့သည့္ဖ်က္သေဘၤာအနည္းဆံုး ၄ စင္း႐ွိၿပီး ဇန္န၀ါရီတြင္ နန္ခ်န္းဟုအမည္ေပးထားသည့္ ႏိုင္ငံ၏ပထမဆံုး တန္ ၁၀၀၀၀ ဖ်က္သေဘၤာ Type 055 ႏွင့္ ဇီဘိုဟုအမည္ေပးထားသည့္ ပထမဆံုး Type 052DL မ်ိဳးကြဲဖ်က္သေဘၤာတို႔ျဖစ္သည္။
 
Ref : Two new guided missile destroyers enter Chinese naval service
 
#PeopleMedia
 
(unicode)
တရုတ်ရေတပ်သို့ ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော ၂ စင်းတပ်တော်ဝင်
………………………………………
 
ဘေကျင်း၊ အောက်တိုဘာ ၁၃
 
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ်သို့ အဆင့်မြင့်ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘောသစ် ၂ စင်းတပ်တော်ဝင်ခဲ့သည်ဟု တရားဝင်အစီရင်ခံစာများကဖော်ပြသည်။
 
ထို့ကြောင့် ယခုနှစ်အတွင်း တရုတ်ရေတပ်သို့တပ်တော်ဝင်ခဲ့သည့်ဖျက်သင်္ဘော ၄ စင်းရှိလာသည်။
 
တရုတ်နိုင်ငံတည်ထောင်ခြင်း ၇၁ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် အောက်တိုဘာ ၁ ရက်တွင် ဖျက်သင်္ဘော တပ်စိပ်တစိပ်က ပင်လယ်ပြင်တွင် လက်တွေ့ပစ်ခတ်သည့်လေ့ကျင့်မှုနှင့် အပျက်အစီး ပမာဏထိန်းချုပ်ရေး လေ့ကျင့်မှုများပြုလုပ်ခဲ့သည်ဟု တရုတ်ရေတပ်၏မြောက်တရုတ်ပင်လယ်သင်္ဘောတပ်စု၏ ဝေဘိုအကောင့်မှ ဗီဒီယိုမှတ်တမ်းတွင်တွေ့ရသည်။
 
ထိုရုပ်ကတ်များတွင် အမှတ် ၁၂၁ ဟုအမှတ်စဉ်တပ်ထားသည့်သင်္ဘောတစင်းကိုတွေ့ရပြီး ထိုသင်္ဘောသည် Type 052D ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘောဖြစ်သည်။
 
ထိုသင်္ဘောကို တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟီလောင်ဂျန်းပြည်နယ်မှမြို့နာမည်ဖြစ်သည့် ချီကျီဟာဟုအမည် ပေးထားသည်။
 
နောက်ထပ်ဖျက်သင်္ဘောကို အမှတ် ၁၂၂ ဟုအမှတ်စဉ်တပ်ထားပြီး ထိုသင်္ဘောသည် Type 052DL ပဲ့ထိန်းဒုံး ကျည်ဖျက်သင်္ဘောဖြစ်သည်။
 
တန်ရှန်ဟုအမည်ပေးထားသည့်ထိုသင်္ဘောသည် Type 052D ၏နောက်ဆုံးပေါ်မျိုးကွဲဖြစ်ပြီး ရဟတ်ယာဉ်ဆင်း သက်နိုင်သည့်ကုန်းပတ်ပါရှိသည့်အပြင် ပိုကြီးသည့်ကိုယ်ပျောက်စနစ်ဖျက်ရေဒါစနစ်လည်းပါဝင်သည်။
ထိုသင်္ဘော ၂ စင်းအပါအဝင် ယခုနှစ်အတွင်း တရုတ်ရေတပ်ကတပ်တော်ဝင်ခဲ့သည့်ဖျက်သင်္ဘောအနည်းဆုံး ၄ စင်းရှိပြီး ဇန်နဝါရီတွင် နန်ချန်းဟုအမည်ပေးထားသည့် နိုင်ငံ၏ပထမဆုံး တန် ၁၀၀၀၀ ဖျက်သင်္ဘော Type 055 နှင့် ဇီဘိုဟုအမည်ပေးထားသည့် ပထမဆုံး Type 052DL မျိုးကွဲဖျက်သင်္ဘောတို့ဖြစ်သည်။
 
Ref : Two new guided missile destroyers enter Chinese naval service
 
#PeopleMedia

Share this post