• Follow Us on

Home တ႐ုတ္ေရယာဥ္မ်ားႏွင့္ ထိပ္တိုက္ေတြ႕ၿပီးေနာက္ အင္ဒိုနီးရွားက စစ္သေဘၤာ ၄ စီး ေစလႊတ္

တ႐ုတ္ေရယာဥ္မ်ားႏွင့္ ထိပ္တိုက္ေတြ႕ၿပီးေနာက္ အင္ဒိုနီးရွားက စစ္သေဘၤာ ၄ စီး ေစလႊတ္

Share this post

တ႐ုတ္ေရယာဥ္ေတြနဲ႔ နက္တူနာကၽြန္းမွာ ထိပ္တိုက္ေတြ႕ခဲ့ၿပီးေနာက္ အင္ဒိုနီးရွားက ေနာက္ထပ္ စစ္သေဘၤာ ၄ စီးကို နက္တူနာကၽြန္းကို ေစလႊတ္လိုက္ပါတယ္။

တ႐ုတ္ေရယာဥ္ေတြဟာ အဆိုပါေရျပင္နယ္နိမိတ္က ထြက္ခြာဖို႔ ျငင္းဆိုခဲ့တာေၾကာင့္ အခုလိုေစလႊတ္ခဲ့တာပါ။

ထပ္မံေစလႊတ္လိုက္တဲ့ စစ္သေဘၤာ ၄ စင္းဟာ လက္ရွိ နက္တူနာေရျပင္နယ္နိမိတ္မွာ ကင္းလွည့္ေနတဲ့ ေရ ယာဥ္ ၄ စင္းနဲ႔ ပူးေပါင္းမွာျဖစ္ပါတယ္။

အင္ဒုိနီးရွားႏုိင္ငံရဲ႕ အထူးစီးပြားေရးဇုန္ ေရျပင္ပိုင္နက္ထဲကို တ႐ုတ္ငါးဖမ္းေလွေတြက ၀င္ေရာက္ငါးဖမ္းမႈေတြ ရွိပါတယ္။

ဒါေၾကာင့္ တ႐ုတ္သံအမတ္ကို ဆင့္ေခၚၿပီး အင္ဒိုနီးရွားက လက္မခံတဲ့အေၾကာင္း အင္ဒိုနီးရွားႏုိင္ငံျခားေရး ၀န္ႀကီးဌာနက အသိေပးထားၿပီးျဖစ္ပါတယ္။

တ႐ုတ္ႏုိင္ငံဘက္ကေတာ့ နက္တူနာေရျပင္နယ္နိမိတ္ဟာ အစဥ္အလာအရ တ႐ုတ္ငါးဖမ္းသမားေတြရဲ႕ ငါးဖမ္းတဲ့ေနရာတစ္ခုျဖစ္တယ္လို႔ ခုခံေျပာၾကားထားပါတယ္။

အျငင္းပြားမႈျဖစ္ေပၚေနတဲ့ ေရျပင္ပိုင္နက္မွာ တ႐ုတ္ကင္းေျခေစာင့္ေရယာဥ္ ၃ စီးလည္းရွိေနပါတယ္။

Ref; Reuters

#PeopleMedia #International

(Unicode)
တရုတ်ရေယာဉ်များနှင့် ထိပ်တိုက်တွေ့ပြီးနောက် အင်ဒိုနီးရှားက စစ်သင်္ဘော ၄ စီး စေလွှတ်
…………………………………………………

တရုတ်ရေယာဉ်တွေနဲ့ နက်တူနာကျွန်းမှာ ထိပ်တိုက်တွေ့ခဲ့ပြီးနောက် အင်ဒိုနီးရှားက နောက်ထပ် စစ်သင်္ဘော ၄ စီးကို နက်တူနာကျွန်းကို စေလွှတ်လိုက်ပါတယ်။

တရုတ်ရေယာဉ်တွေဟာ အဆိုပါရေပြင်နယ်နိမိတ်က ထွက်ခွာဖို့ ငြင်းဆိုခဲ့တာကြောင့် အခုလိုစေလွှတ်ခဲ့တာပါ။

ထပ်မံစေလွှတ်လိုက်တဲ့ စစ်သင်္ဘော ၄ စင်းဟာ လက်ရှိ နက်တူနာရေပြင်နယ်နိမိတ်မှာ ကင်းလှည့်နေတဲ့ ရေ ယာဉ် ၄ စင်းနဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ အထူးစီးပွားရေးဇုန် ရေပြင်ပိုင်နက်ထဲကို တရုတ်ငါးဖမ်းလှေတွေက ဝင်ရောက်ငါးဖမ်းမှုတွေ ရှိပါတယ်။

ဒါကြောင့် တရုတ်သံအမတ်ကို ဆင့်ခေါ်ပြီး အင်ဒိုနီးရှားက လက်မခံတဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက အသိပေးထားပြီးဖြစ်ပါတယ်။

တရုတ်နိုင်ငံဘက်ကတော့ နက်တူနာရေပြင်နယ်နိမိတ်ဟာ အစဉ်အလာအရ တရုတ်ငါးဖမ်းသမားတွေရဲ့ ငါးဖမ်းတဲ့နေရာတစ်ခုဖြစ်တယ်လို့ ခုခံပြောကြားထားပါတယ်။

အငြင်းပွားမှုဖြစ်ပေါ်နေတဲ့ ရေပြင်ပိုင်နက်မှာ တရုတ်ကင်းခြေစောင့်ရေယာဉ် ၃ စီးလည်းရှိနေပါတယ်။

Ref; Reuters

#PeopleMedia #International


Share this post