• Follow Us on

Home တ႐ုတ္ျပည္သူ့သမၼတႏိုင္ငံ၊ ဝူဟန္ၿမိဳ႕ရွိ ျမန္မာေက်ာင္းသား/ေက်ာင္းသူမ်ားအတြက္ လိုအပ္သည့္အစီအမံမ်ား ေဆာင္ရြက္ေပးလ်က္ရွိ

တ႐ုတ္ျပည္သူ့သမၼတႏိုင္ငံ၊ ဝူဟန္ၿမိဳ႕ရွိ ျမန္မာေက်ာင္းသား/ေက်ာင္းသူမ်ားအတြက္ လိုအပ္သည့္အစီအမံမ်ား ေဆာင္ရြက္ေပးလ်က္ရွိ

Share this post

လတ္တေလာ Corona virus ျဖစ္ပြားလ်က္ရွိသည့္ တ႐ုတ္ျပည္သူ့သမၼတႏိုင္ငံ၊ ဟူေပျပည္နယ္၊ ဝူဟန္ၿမိဳ႕၌ ပညာသင္ၾကားလ်က္ရွိေသာ ျမန္မာ ေက်ာင္းသား/ေက်ာင္းသူ (၆၀)ဦးအတြက္ ျမန္မာသံ႐ုံး၊ ေပက်င္းၿမိဳ႕အေနျဖင့္ ေက်ာင္းသား/ ေက်ာင္းသူမ်ားႏွင့္ စဉ္ဆက္မျပတ္ ဆက္သြယ္လ်က္ ရွိၿပီး ၎တို႔အတြက္ စားေရးေသာက္ေရး အခက္မခဲမရွိေစရန္ ရက္သတၱပတ္ (၁)ပတ္စာ အစားအစာမ်ားကိုလည္း သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ ညႇိႏႈိင္းေဆာင္ရြက္၍ ေပးပို႔ထားၿပီး ျဖစ္ပါသည္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ ျမန္မာသံ႐ုံး၊ ေပက်င္းၿမိဳ႕တို႔အေနျဖင့္ ကာယကံရွင္ ေက်ာင္းသား/ ေက်ာင္းသူမ်ား၊ မိဘမ်ားႏွင့္ အမ်ားျပည္သူမ်ား စိုးရိမ္ပူပန္မႈ ေလ်ာ့ပါးေစေရးအတြက္ လိုအပ္သည့္ အစီအမံမ်ားကို တ႐ုတ္ျပည္သူ့သမၼတႏိုင္ငံမွ သက္ဆိုင္ရာ တာဝန္ရွိသူမ်ား၊ အဖြဲ႕အစည္းမ်ားႏွင့္ စဉ္ဆက္မျပတ္ ပူးေပါင္းညႇိႏႈိင္းေဆာင္ရြက္လ်က္ ရွိပါသည္။ ထိုသို႔ ညႇိႏႈိင္းေဆာင္ရြက္လ်က္ ရွိရာတြင္ အေျခအေနႏွင့္ အခ်ိန္အခါေပးသည္ႏွင့္ ျမန္မာႏိုင္ငံသို႔ ေဆာလ်င္စြာ ျပန္လည္ပို႔ေဆာင္ေပးႏိုင္ေရးအတြက္လည္း ႀကိဳးပမ္းေဆာင္ရြက္လ်က္ ရွိပါေၾကာင္း အသိေပးေဖာ္ျပအပ္ပါသည္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာန

ရက္စြဲ၊ ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလ ၂၆ ရက္

#peoplemedia

(unicode)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့ရှိ မြန်မာကျောင်းသား/ကျောင်းသူများအတွက် လိုအပ်သည့်အစီအမံများ ဆောင်ရွက်ပေးလျက်ရှိ
…………………………………………………………………………………….

လတ်တလော Corona virus ဖြစ်ပွားလျက်ရှိသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့၌ ပညာသင်ကြားလျက်ရှိသော မြန်မာ ကျောင်းသား/ကျောင်းသူ (၆၀)ဦးအတွက် မြန်မာသံရုံး၊ ပေကျင်းမြို့အနေဖြင့် ကျောင်းသား/ ကျောင်းသူများနှင့် စဉ်ဆက်မပြတ် ဆက်သွယ်လျက် ရှိပြီး ၎င်းတို့အတွက် စားရေးသောက်ရေး အခက်မခဲမရှိစေရန် ရက်သတ္တပတ် (၁)ပတ်စာ အစားအစာများကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်၍ ပေးပို့ထားပြီး ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာသံရုံး၊ ပေကျင်းမြို့တို့အနေဖြင့် ကာယကံရှင် ကျောင်းသား/ ကျောင်းသူများ၊ မိဘများနှင့် အများပြည်သူများ စိုးရိမ်ပူပန်မှု လျော့ပါးစေရေးအတွက် လိုအပ်သည့် အစီအမံများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ ညှိနှိုင်းဆောင်ရွက်လျက် ရှိရာတွင် အခြေအနေနှင့် အချိန်အခါပေးသည်နှင့် မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၆ ရက်

#peoplemedia


Share this post