• Follow Us on
Latest News

Home တရုတ်၊ အီရန်၊ ရုရှားတို့ ဒုတိယအကြိမ် ရေတပ် ပူးတွဲလေ့ကျင့်ရေးပြုလုပ်

တရုတ်၊ အီရန်၊ ရုရှားတို့ ဒုတိယအကြိမ် ရေတပ် ပူးတွဲလေ့ကျင့်ရေးပြုလုပ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၁ (People Media)

တရုတ်၊ အီရန်နှင့် ရုရှားနိုင်ငံတို့သည် ဇန်နဝါရီ ၁၈ မှ ၂၀ ရက်အထိ အိုမန်ပင်လယ်ကွေ့ရေပြင်တွင် ဒုတိယ အကြိမ် ရေတပ်ပူးတွဲလေ့ကျင့်မှု ပြုလုပ်ခဲ့သည်။

အဆိုပါ လေ့ကျင့်မှုတွင် တရုတ်နိုင်ငံက ဒုံးကျည်ဖျက်သင်္ဘောတစ်စင်း၊ ထောက်ပံ့ရေးသင်္ဘောတစ်စင်းနှင့် ရဟတ်ယာဉ်များအပြင် ရေတပ်တပ်ဖွဲ့ဝင် ၄၀ ဦးကို စေလွှတ်ခဲ့သည်။

ပူးတွဲလေ့ကျင့်မှုသည် သုံးနိုင်ငံ ရေတပ်အကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး၊ သုံးနိုင်ငံက ပင်လယ်ရေကြောင်းလုံခြုံရေး ပူးတွဲထိန်းသိမ်းလိုသောဆန္ဒနှင့် စွမ်းဆောင်ရည်များကို ပြသရေးနှင့် ကံကြမ္မာအကျိုးတူ ပင်လယ်ရေကြောင်းအသိုက်အဝန်းတစ်ခု ထူထောင်ရေးအတွက် ရည်ရွယ်ထားခြင်း ဖြစ် ကြောင်း တရုတ်နိုင်ငံက ပြောဆိုထားသည်။

(Xinhua)

#PeopleMedia #နိုင်ငံတကာ

(unicode)

တရုတ်၊ အီရန်၊ ရုရှားတို့ ဒုတိယအကြိမ် ရေတပ် ပူးတွဲလေ့ကျင့်ရေးပြုလုပ်

………………………………………………