• Follow Us on

Home တရုတ်၊ ရုရှားနှင့် ပါကစ္စတန် အထူးသံတမန်များ တာလီဘန်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး

တရုတ်၊ ရုရှားနှင့် ပါကစ္စတန် အထူးသံတမန်များ တာလီဘန်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၃ (People Media)

 

တရုတ်၊ ရုရှားနှင့် ပါကစ္စတန်နိုင်ငံတို့မှ အထူးသံတမန်များသည် အာဖဂန်နစ္စတန်ကဘူးမြို့တွင် အာဖဂန်ခေါင်း ဆောင်များဖြစ်သော ဟာမစ်ကာဇိုင်း၊ အဗ္ဗဒူလာအဗ္ဗဒူလာ၊ အာဖဂန်ကြားဖြတ်အစိုးရအဖွဲ့မှ ထိပ်တန်းအရာရှိ များနှင့် တွေ့ဆုံပြီး အားလုံးပါဝင်နိုင်သည့်အစိုးရဖွဲ့စည်းရေး၊ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးနှင့် လူသားချင်းစာ နာထောက်ထားမှုအခြေအနေများအကြောင်း ဆွေးနွေးခဲ့ကြကြောင်း တရုတ်ထိပ်တန်းအရာရှိတစ်ဦးက စက် တင်ဘာလ ၂၂ ရက်နေ့က ပြောကြားလိုက်သည်။

 

အထူးသံတမန်သုံးဦးသည် စက်တင်ဘာ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကဘူးမြို့သို့သွားရောက်ခဲ့ပြီး ခေတ္တ ဝန်ကြီးချုပ်မိုဟာမက်ဟာဆန်အက်ခ်ဟန်း၊ နိုင်ငံခြားရေးဝန်ကြီးအေမာခန်းမူတာကီ၊ ဘဏ္ဍာရေးဝန်ကြီး၊ ကြား ဖြတ်အစိုးရအဖွဲ့မှ အဆင်မြင့်အရာရှိများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့် ရပုဂ္ဂိုလ် ဇောင်းလီးဂျန်းကပြောသည်။ အထူးသံတမန်များသည် အာဖဂန်သမ္မတဟောင်း ဟာမစ်ကာဇိုင်း၊  အစိုး ရဟောင်းလက်ထက် အမျိုးသားပြန်လည်သင့်မြတ်ရေးကောင်စီဥက္ကဋ္ဌအဗ္ဗဒူလာအဗ္ဗဒူလာတို့နှင့်လည်းတွေ့ ဆုံခဲ့ကြသည်။

 

“တိုင်းပြည်အတွင်း လက်ရှိဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အမြင်တွေကို ဖလှယ်ကြပါ တယ်။ ငြိမ်းချမ်းရေးရရှိမှု၊ တိုင်းပြည်တည်ငြိမ်မှုနဲ့ အားလုံးပါဝင်တဲ့အစိုးရဖွဲ့စည်းနိုင်ရေးအတွက် ကြိုးပမ်းရာမှာ အာဖဂန်နစ္စတန်ရဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့အခန်းကဏ္ဍကို ကျွန်တော်တို့ကြိုဆိုပါတယ်။ အားလုံးလက်ခံတဲ့ အား လုံးပါဝင်နိုင်တဲ့ အစိုးရဖွဲ့စည်းရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ အလယ်အလတ်ကျတဲ့မူဝါဒတွေ ချမှတ်နိုင်ရေး၊ အမျိုးသမီးတွေရဲ့ အခွင့်အရေးကိုလေးစားရေး၊ အာဖဂန်လူမျိုးအားလုံးအတွက် ပညာရေးဆိုင်ရာ သာတူညီမျှ အခွင့်အရေးရရှိရေး၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေး စတာတွေကို အဓိကအလေးထားဆွေးနွေးခဲ့ပါတယ်။” ဟု အဗ္ဗဒူလာအဗ္ဗဒူလာက တွစ်တာတွင်ရေးသားခဲ့သည်။

 

အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်များ မဆုတ်ခွာမီနောက်ဆုံးလက အာဖဂန်နစ္စတန်တွင် တာလီဘန်များက အာ ဏာထိန်းချုပ်ထားလိုက်ပြီးနောက် ကဘူးမြို့တွင်ရှိသော ဟာမစ်ကာဇိုင်းနှင့် အဗ္ဗဒူလာအဗ္ဗဒူလာတို့ကို နိုင်ငံခြား သံတမန်များကလာရောက်တွေ့ဆုံသည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်နိုင်ပါသည်။

 

ကုလသမဂ္ဂဆိုင်ရာ အာဖဂန်နစ္စတန်သံအမတ်ကြီးအဖြစ် ဆူဟေးလ်ရှာဟန်းကို ခန့်အပ်တာဝန်ပေးလိုကြောင်း တာလီဘန်များက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်ထံ စာရေးသားပေးပို့ တောင်းဆိုလိုက်ချိန်နှင့် အထူးသံတမန်သုံးဦး အာဖဂန်နစ္စန်သို့လာရောက်ဆွေးနွေးမှုမှာ တိုက်ဆိုင်လျက်ရှိ သည်။

 

Ref: Special envoys of China Russia and Pak hold talks with top Taliban officials Karzai in Kabul

 

#PeopleMedia

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 

Ref: Special envoys of China Russia and Pak hold talks with top Taliban officials Karzai in Kabul

 

#PeopleMedia


Share this post