• Follow Us on

Home တရုတ်၏ တိုက်ခိုက်မှုကို တွန်းလှန်သည့်ပုံစံ စစ်ရေးလေ့ကျင့်မှု ထိုင်ဝမ် ပြုလုပ်

တရုတ်၏ တိုက်ခိုက်မှုကို တွန်းလှန်သည့်ပုံစံ စစ်ရေးလေ့ကျင့်မှု ထိုင်ဝမ် ပြုလုပ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တရုတ်နိုင်ငံ၏ တိုက်ခိုက်မှုကို တွန်းလှန်သည့်ပုံစံဖြင့် ထိုင်ဝမ်က တင့်ကားများ၊ မော်တာများ၊ လက်နက် ငယ်များ အသုံးပြု၍ ယနေ့ စစ်ရေးလေ့ကျင့်မှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းကို သိမ်းပိုက်မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်နေပြီး စစ်ရေးအင်အား ပြသ လျက်ရှိသည်။

“ဘယ်လိုပဲဖြစ်နေဖြစ်နေ ကျွန်တော်တို့ အမိမြေကို ကာကွယ်စောင့်ရှောက်သွားမယ်” ဟု တိုင်ပေမြို့တော် တောင်ဘက်ဟုကော်စစ်ဘက်အခြေစိုက်စခန်း၌ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ နိုင်ငံရေး ဆိုင်ရာဌာန၏ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ချန်ချောင်ကျိက ပြောကြားသည်။

စစ်ရေးလေ့ကျင့်မှုက စစ်ရေးအင်အားပြသခြင်းဖြင့် နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးထိန်းသိမ်းလိုသည့် ထိုင်ဝမ်၏ စိတ်ပိုင်းဖြတ်ထားမှုကို ပြသလိုခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ်များ၊ ဒရုန်းများ၊ ဒုံးကျည်စနစ်များ၊ သင်္ဘော များနှင့် မြေပြင်ပစ်မှတ်များကို ပစ်ခတ်နိုင်သော ဟာပွန်းဒုံးကျည်များ အပါအဝင် အရေးပါသော မဟာမိတ် အမေရိကန်နိုင်ငံမှ ဒေါ်လာဘီလီယံချီတန်ကြေးရှိ စစ်လက်နက်များ ဝယ်ယူခြင်းဖြင့် ထိုင်ဝမ်၏ကာကွယ်ရေး စွမ်းပကား အင်အားတည်ဆောက်အောင် လုပ်ဆောင်ခဲ့သည်။

အင်အားကြီးမားလာသော တရုတ်ရေတပ်ကို တန်ပြန်နိုင်မည့် ရေငုပ်သင်္ဘောသစ်များ တည်ဆောက်မည့် အစီအစဉ်တစ်ခုအပါအဝင် ပြည်တွင်း၌ စစ်လက်နက်ထုတ်လုပ်ရေးကိုလည်း သမ္မတဆိုင်အင်ဝမ်က အားပေးခဲ့ သည်။

အမြဲတမ်းတပ်ဖွဲ့ဝင် နှစ်သန်းဝန်းကျင်ရှိသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၌ အင်အားကြီးမား သောရေတပ်ကို ပိုင်ဆိုင်ထားပြီး လေယာဉ်တင် သင်္ဘောနှစ်စင်း၊ ရေငုပ်သင်္ဘော ၅၆ စင်း အပါအဝင် စစ် သင်္ဘော ၃၅၀ ပိုင်ဆိုင်ထားသည်။

ထို့အပြင် တရုတ်လေတပ်က တိုက်လေယာဉ်နှင့် ဗုံးကြဲလေယာဉ် ၂၀၀၀ ဝန်းကျင်၊ မြေပြင်ခွင်းဒုံးကျည် ၁၂၅၀ စင်း ပိုင်ဆိုင်ထားသည်။

ထိုင်ဝမ်ရေတပ်၌ စစ်သင်္ဘော ၈၆ စင်းရှိပြီး အများစု ကင်းစောင့်ရေယာဉ်များဖြစ် သည်။

ကိုးကား – အေပီ

Ref; Taiwan military stages drill aimed at repelling China attack

(unicode)
……………………………………….












Ref; Taiwan military stages drill aimed at repelling China attack


Share this post