• Follow Us on

Home တ႐ုတ္ႏိုင္ငံက က်ပ္သိန္း ၃၇၀၀ ေက်ာ္တန္ဖိုးရွိ COVID – 19 ေရာဂါပိုး စမ္းသပ္ရွာေဖြေရးဓာတ္ခြဲခန္းသုံး ပစၥည္းမ်ားလွဴဒါန္း

တ႐ုတ္ႏိုင္ငံက က်ပ္သိန္း ၃၇၀၀ ေက်ာ္တန္ဖိုးရွိ COVID – 19 ေရာဂါပိုး စမ္းသပ္ရွာေဖြေရးဓာတ္ခြဲခန္းသုံး ပစၥည္းမ်ားလွဴဒါန္း

Share this post

မႏၲေလး၊ ေမ ၂၃

တ႐ုတ္ႏိုင္ငံက က်ပ္သိန္း ၃၇၀၀ ေက်ာ္တန္ဖိုးရွိ COVID – 19 ေရာဂါပိုး စမ္းသပ္ရွာေဖြေရးဓာတ္ခြဲခန္းသုံး ပစၥည္းမ်ားကို မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံ ေမလ ၂၄ ရက္ေန႔က Pullman Hotel မွာ လွဴဒါန္း ေပးအပ္ခဲ့သည္။

အဆိုပါဓာတ္ခြဲခန္းသုံးပစၥည္းမ်ား ကြၽမ္းက်င္စြာ အသုံးျပဳႏိုင္ရန္အတြက္ ယူနန္ျပည္နယ္က က်န္းမာေရးပညာ ရွင္မ်ားက တစ္ပတ္ခန္႔ သင္တန္းေပးသြားမည္ျဖစ္ၿပီး မႏၲေလးက က်န္းမာေရးဝန္ထမ္းမ်ားသာမက ရွမ္းျပည္ နယ္ႏွင့္ မြန္ျပည္နယ္တို႔မွ က်န္းမာေရးဝန္ထမ္းမ်ားကိုပါ သင္ၾကားေပးသြားမည္ျဖစ္သည္။

“လက္ရွိမွာ တ႐ုတ္ – ျမန္မာႏွစ္ႏိုင္ငံဟာ COVID – 19 ကို အၿပီးသတ္ႏိုင္ဖို႔အတြက္ လက္ခ်င္းတြဲၿပီး လုပ္ ေဆာင္ေနပါတယ္။ မႏၲေလးၿမိဳ႕ဟာ ျမန္မာႏိုင္ငံမွာ ဒုတိယအႀကီးဆုံးၿမိဳ႕ျဖစ္ၿပီး တ႐ုတ္-ျမန္မာ စီးပြားေရးစႀကႍရဲ႕ အေရးႀကီးတဲ့ဗဟိုခ်က္ျဖစ္ပါတယ္။ မႏၲေလး COVID – 19 ေရာဂါထိန္းခ်ဳပ္ေရးလုပ္ငန္းကို ကူညီတာဟာ တစ္ ႏိုင္ငံလုံး COVID – 19 ေရာဂါေအာင္ျမင္ေအာင္တိုက္ဖ်က္ႏိုင္ဖို႔ အေရးႀကီးတဲ့ အဓိပၸာယ္ျဖစ္ပါတယ္”ဟု တ႐ုတ္ ေကာင္စစ္ဝန္ခ်ဳပ္ဦးခင္စိန္က ေျပာသည္။

မႏၲေလးၿမိဳ႕တြင္ လူအေယာက္ ၁၈၀ ေက်ာ္ကို Covid-19 ေရာဂါပိုး ရွိ၊ မရွိ စစ္ေဆးႏိုင္မည့္ စက္ရွိၿပီးျဖစ္ တ႐ုတ္ႏိုင္ငံက ေနာက္ထပ္စစ္ေဆးႏိုင္မည့္စက္ကို လွဴဒါန္းခဲ့သည့္အတြက္ Covid-19 ေရာဂါပိုး ရွိ၊ မရွိ ပိုမိုစစ္ေဆးေပးႏိုင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Covid-19 ေရာဂါပိုး ရွိ၊ မရွိ စစ္ေဆးႏိုင္သည့္ ဓာတ္ခြဲခန္းကို ၃၅ လမ္း ၆၄ လမ္းႏွင့္ ၆၆ လမ္းၾကားရွိ FDA ႐ုံးခန္းေနရာေဟာင္းကို ျပန္လည္ျပင္ဆင္အသုံးျပဳသြားမည္ျဖစ္ၿပီး ဓာတ္ခြဲခန္း စတင္လည္ပတ္ႏိုင္ပါက တစ္ ရက္လွ်င္ စမ္းသပ္မႈ ၂ ႀကိမ္ေဆာင္ရြက္မည္ျဖစ္ကာ စမ္းသပ္မႈတစ္ႀကိမ္လွ်င္ ဓါတ္ခြဲနမူနာ ၉၀ စမ္းသပ္မႈ ျပဳလုပ္ႏိုင္မည္ျဖစ္သည္။

#PeopleMedia

(Unicode)
တရုတ်နိုင်ငံက ကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ COVID – 19 ရောဂါပိုး စမ်းသပ်ရှာဖွေရေးဓာတ်ခွဲခန်းသုံး ပစ္စည်းများလှူဒါန်း
………………………………………………………

မန္တလေး၊ မေ ၂၃

တရုတ်နိုင်ငံက ကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ COVID – 19 ရောဂါပိုး စမ်းသပ်ရှာဖွေရေးဓာတ်ခွဲခန်းသုံး ပစ္စည်းများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ မေလ ၂၄ ရက်နေ့က Pullman Hotel မှာ လှူဒါန်း ပေးအပ်ခဲ့သည်။

အဆိုပါဓာတ်ခွဲခန်းသုံးပစ္စည်းများ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်အတွက် ယူနန်ပြည်နယ်က ကျန်းမာရေးပညာ ရှင်များက တစ်ပတ်ခန့် သင်တန်းပေးသွားမည်ဖြစ်ပြီး မန္တလေးက ကျန်းမာရေးဝန်ထမ်းများသာမက ရှမ်းပြည် နယ်နှင့် မွန်ပြည်နယ်တို့မှ ကျန်းမာရေးဝန်ထမ်းများကိုပါ သင်ကြားပေးသွားမည်ဖြစ်သည်။

“လက်ရှိမှာ တရုတ် – မြန်မာနှစ်နိုင်ငံဟာ COVID – 19 ကို အပြီးသတ်နိုင်ဖို့အတွက် လက်ချင်းတွဲပြီး လုပ် ဆောင်နေပါတယ်။ မန္တလေးမြို့ဟာ မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံရဲ့ အရေးကြီးတဲ့ဗဟိုချက်ဖြစ်ပါတယ်။ မန္တလေး COVID – 19 ရောဂါထိန်းချုပ်ရေးလုပ်ငန်းကို ကူညီတာဟာ တစ် နိုင်ငံလုံး COVID – 19 ရောဂါအောင်မြင်အောင်တိုက်ဖျက်နိုင်ဖို့ အရေးကြီးတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်”ဟု တရုတ် ကောင်စစ်ဝန်ချုပ်ဦးခင်စိန်က ပြောသည်။

မန္တလေးမြို့တွင် လူအယောက် ၁၈၀ ကျော်ကို Covid-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်မည့် စက်ရှိပြီးဖြစ် တရုတ်နိုင်ငံက နောက်ထပ်စစ်ဆေးနိုင်မည့်စက်ကို လှူဒါန်းခဲ့သည့်အတွက် Covid-19 ရောဂါပိုး ရှိ၊ မရှိ ပိုမိုစစ်ဆေးပေးနိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

Covid-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်းကို ၃၅ လမ်း ၆၄ လမ်းနှင့် ၆၆ လမ်းကြားရှိ FDA ရုံးခန်းနေရာဟောင်းကို ပြန်လည်ပြင်ဆင်အသုံးပြုသွားမည်ဖြစ်ပြီး ဓာတ်ခွဲခန်း စတင်လည်ပတ်နိုင်ပါက တစ် ရက်လျှင် စမ်းသပ်မှု ၂ ကြိမ်ဆောင်ရွက်မည်ဖြစ်ကာ စမ်းသပ်မှုတစ်ကြိမ်လျှင် ဓါတ်ခွဲနမူနာ ၉၀ စမ်းသပ်မှု ပြုလုပ်နိုင်မည်ဖြစ်သည်။

#PeopleMedia


Share this post