• Follow Us on

Home တရုတ်နိုင်ငံက ဒုံးကျည်ကာကွယ်ရေးစနစ်ကို ရှောင်ရှားနိုင်သည့်  ဒုတိယအကြိမ်မြောက် ဟိုက်ပါဆောနစ် ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်

တရုတ်နိုင်ငံက ဒုံးကျည်ကာကွယ်ရေးစနစ်ကို ရှောင်ရှားနိုင်သည့်  ဒုတိယအကြိမ်မြောက် ဟိုက်ပါဆောနစ် ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၂ (People Media)

 

တရုတ်နိုင်ငံသည် ၎င်းတို့၏ ပထမဦးဆုံး ဟိုက်ပါဆောနစ်ဒုံးကျည်ကို အောင်မြင်စွာပစ်လွှတ်နိုင်ခဲ့ပြီးနောက် သီ တင်းပတ်များစွာအကြာတွင် ဒုတိယအကြိမ်မြောက်ဟိုက်ပါဆောနစ်ဒုံးကျည်ကိုစမ်းသပ်ပစ်လွှတ်လိုက်ကြောင်း  သိရသည်။

 

လွန်ခဲ့သည့်သီတင်းပတ်က ဟိုက်ပါဆောနစ်ထိပ်ဖူးတပ်ဆင်ထားသော ဒုံးကျည်တစ်စင်းကို တရုတ်နိုင်ငံကပစ် လွှတ်ခဲ့ပြီး ယင်းဒုံးကျည်သည် ကမ္ဘာပတ်လမ်းကြောင်းအတိုင်း ကမ္ဘာကြီးကိုလှည့်ပတ်ခဲ့ပြီးနောက် မြေပြင်သို့ ပြန်ဆင်းလာခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့ကြသည်။

 

တရုတ်တပ်မတော်က ၎င်းတို့၏ Long March ဒုံးကျည်ကို သြဂုတ်လအတွင်းက ပစ်လွှတ်ခဲ့ကြောင်း အမည်မ ဖော်လိုသည့် ထောက်လှမ်းရေးအဖွဲ့အစည်းငါးခုမှ သတင်းများကိုကိုးကား၍ အစီရင်ခံစာတစ်ခုတွင် ရေးသား ဖော်ပြခဲ့သည်။

 

ယင်းဒုံးကျည်ပစ်လွှတ်မှုကြောင့် ဟိုက်ပါဆောနစ်နည်းပညာတွင် တရုတ်နိုင်ငံ၏ ရင်သပ်ရှုမောဖွယ်ရာ နည်း ပညာတိုးတက်မှုကို အမေရိကန်အရာရှိများ အံ့အားသင့်ခဲ့ရကြောင်း မူရင်းအစီရင်ခံစာတစ်ခုတွင်ရေးသားဖော် ပြထားသည်။

 

ယင်းစမ်းသပ်ပစ်ခတ်မှုကို ဇူလိုင်လ ၁၆ ရက်နေ့တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောကြားခဲ့ ပြီး ယခုအခါ တရုတ်နိုင်ငံကအတည်ပြုခဲ့သည့် စမ်းသပ်ပစ်ခတ်သည့်ရက်စွဲနှင့် Financial Times သတင်းစာက အတည်ပြုခဲ့သည့် စမ်းသပ်ပစ်ခတ်သည့်ရက်စွဲမှာ ကွဲပြားနေကြောင်း ထောက်လှမ်းရေးသတင်းရင်းမြစ်များက ပြောကြားသည်။

 

ပုံနှိပ်ထုတ်ဝေခဲ့သောအစီရင်ခံစာတွင် ပထမအကြိမ်စမ်းသပ်ပစ်ခတ်မှုကို ဇူလိုင်လ ၂၇ ရက်နေ့တွင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်စမ်းသပ်ပစ်ခတ်မှုကို သြဂုတ်လ ၁၃ ရက်နေ့တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

 

တရုတ်နိုင်ငံက ၎င်းတို့စမ်းသပ်ပစ်လွှတ်ခဲ့သည်မှာ ငြိမ်းချမ်းရေးအတွက် အရပ်ဘက်သုံး အာကာသယာဉ်ဖြစ် ကြောင်းပြောဆိုခဲ့သော်လည်း ဆန်းစစ်လေ့လာသူများက အဆိုပါဒုံးကျည်မှာ နျူကလီးယားထိပ်ဖူးတပ်ဆင် သယ်ဆောင်နိုင်ပြီး ဒုံးခွင်းဒုံးကာကွယ်ရေးစနစ်ကို ရှောင်ရှားနိုင်မည်ကို စိုးရိမ်ပူပန်နေကြောင်း Mail Online သတင်းများတွင်ဖော်ပြခဲ့သည်။

 

ဟိုက်ပါဆောနစ်ဒုံးကျည်များမှာ mach 5 ဟု သိထားကြသည့် အသံထက်ငါးဆကျော်သည့်အမြန်နှုန်းဖြင့် ပျံ သန်းနိုင်ပြီး အကြမ်းဖျဉ်းအားဖြင့် တစ်စက္ကန့်ကို တစ်မိုင်နှုန်းပျံသန်းနိုင်သည်ဟု မှတ်ယူနိုင်သည်။

 

“ကျွန်တော်တို့နိုင်ငံက အမေရိကန်တွေလုပ်နေသလိုမျိုး ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာတွေမရှိသလို စစ်ဆင်ရေး စီမံချက်တွေလည်းမရှိပါဘူး။ ပြီးတော့ ကျွန်တော်တို့နိုင်ငံဟာ တခြားတိုင်းပြည်တွေနဲ့ လက်နက်ပြိုင်ပွဲလုပ်ဖို့ လည်း လုံးဝ စိတ်မဝင်စားပါဘူး” ဟု တရုတ်သံရုံးမှပြောခွင့်ရပုဂ္ဂိုလ်က ယခုသီတင်းပတ်အစောပိုင်းကပြောဆို လိုက်သည်။

 

Ref: China ‘tested two hypersonic orbital weapons that could breach missile defences’

 

#PeopleMedia

 

(unicode)


…………………………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: China ‘tested two hypersonic orbital weapons that could breach missile defences’

 

#PeopleMedia


Share this post