• Follow Us on

Home တ႐ုတ္ႏိုင္ငံက ဒ႐ုန္းေလယာဥ္မ်ားမ်ားတင္ပို႔ေရာင္းခ်သည့္အဓိကႏိုင္ငံျဖစ္ေန

တ႐ုတ္ႏိုင္ငံက ဒ႐ုန္းေလယာဥ္မ်ားမ်ားတင္ပို႔ေရာင္းခ်သည့္အဓိကႏိုင္ငံျဖစ္ေန

Share this post

နယူးေဒလီ၊ ႏို၀င္ဘာ ၂၃

တ႐ုတ္ႏိုင္ငံသည္ ျပည္တြင္းသို႔တင္ပို႔မႈအမ်ားဆံုးႏိုင္ငံအျဖစ္မွ ကမာၻတ၀န္းလက္နက္ေရာင္းခ်သည့္ေ႐ွ႕ေဆာင္ႏိုင္ငံ တႏိုင္ငံျဖစ္လာၿပီး ပါကစၥတန္အပါအ၀င္ ႏိုင္ငံအမ်ားအျပားကို လူလိုက္ပါျခင္းမ်ား႐ွိသည့္ေလယာဥ္မ်ားတင္ပို႔ေနသည္။

ေခ်မႈန္းေရး႐ိုင္ဖယ္မ်ား၊ ခဲယမ္းမ်ား၊ တိုက္ေလယာဥ္မ်ားႏွင့္ ေရငုပ္သေဘၤာမ်ားကိုပင္ တ႐ုတ္ႏိုင္ငံက တင္ပို႔ေနသည္။

ပန္ဆယ္ေဗးနီးယားတကၠသိုလ္ႏွင့္ တကၠဆက္ေအအန္အမ္တကၠသိုလ္တို႔မွသုေတသီမ်ားကေရးသားၿပီး Foreign Affairs မဂၢဇင္းကေကာက္ႏုတ္ေဖာ္ျပထားေသာ သုေတသနာစာတမ္းသစ္တြင္ ၂၀၁၁ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္အတြင္း ႏိုင္ငံ ၁၈ ႏိုင္ငံက လက္နက္တပ္ဒ႐ုန္းမ်ား၀ယ္ယူထားၿပီး ၁၁ ႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံမွ၀ယ္ယူျခင္းျဖစ္သည္။

၂၀၁၁ ခုႏွစ္မတိုင္မီတြင္ အေမရိကန္၊ ၿဗိတိန္ႏွင့္ အစၥေရးတို႔တြင္သာ လက္နက္တပ္ဒ႐ုန္းမ်ားပိုင္ဆိုင္ထားသည္။

ထိုဒ႐ုန္းမ်ားျဖန္႔က်က္ေနရာခ်ထားမႈျမင့္တက္လာျခင္းသည္ တ႐ုတ္ႏိုင္ငံက အဓိကတင္ပို႔သည့္ႏိုင္ငံျဖစ္လာခ်ိန္ႏွင့္ တိုက္ဆိုင္သည္ဟု သုေတသနစာတမ္းတြင္ေဖာ္ျပထားသည္။

၂၀၁၁ ခုႏွစ္အေစာဆံုးထားၿပီး တ႐ုတ္ႏိုင္ငံသည္ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု(ယူေအအီး)ႏွင့္ ပါကစၥတန္ႏိုင္ငံတို႔သို႔ လက္နက္တပ္ဒ႐ုန္းမ်ားေရာင္းခ်ရန္ ေဆြးေႏြးၫွိႏႈိင္းမႈမ်ားလုပ္ခဲ့သည္။

ထို႔ေနာက္ပိုင္းတြင္ တ႐ုတ္ႏိုင္ငံက လက္နက္တပ္ဆင္ထားသည့္ဒ႐ုန္းမ်ားတင္ပို႔ေရာင္းခ်သည့္ေစ်းကြက္ကိုႀကီးစိုးလာၿပီး တ႐ုတ္ႏိုင္ငံမွအပ ၂၀၁၀ ျပည့္ႏွစ္ေနာက္ပိုင္းတြင္ လက္နက္တပ္ဆင္ထားသည့္ဒ႐ုန္းမ်ားကို ႏိုင္ငံ ၁၈ ႏိုင္ငံက၀ယ္ယူခဲ့ကာ ေဆာ္ဒီအာေရဗ်၊ ယူေအအီး၊ အီဂ်စ္ႏွင့္ ဥဇဘက္ကစၥတန္ႏိုင္ငံတို႔အပါအ၀င္ ၁၁ ႏိုင္ငံက တ႐ုတ္ႏိုင္ငံထံမွ၀ယ္ယူခဲ့သည္။

ထိုကာလအတြင္း အေမရိကန္ျပည္ေထာင္စုက ျပင္သစ္ႏိုင္ငံကိုသာ ဒ႐ုန္းမ်ားေရာင္းခ်ခဲ့ၿပီး အိႏိၵယကိုလည္း ေရာင္းခ်ရန္ ေဆြးေႏြးေနျခင္းသာ႐ွိေနသည္။

တ႐ုတ္ႏိုင္ငံက ထိုကဲ့သို႔တင္ပို႔ေရာင္းခ်ႏိုင္ျခင္းမွာ အေမရိကန္ႏိုင္ငံကဲ့သို႔မဟုတ္ဘဲ စစ္ေအးကာလအတြင္း ၁၉၈၇ ခုႏွစ္တြင္ စတင္အသက္၀င္ကာ လူအေျမာက္အမ်ားေသေၾကပ်က္စီးေစႏိုင္သည့္လက္နက္မ်ားကို သယ္ေဆာင္ႏိုင္သည့္ ဒံုးက်ည္မ်ား ပ်ံ႕ႏွံ႔မႈကို တားျမစ္ထားသည့္ ဒံုးက်ည္နည္းပညာထိန္းခ်ဳပ္သည့္ႏိုင္ငံ(MTCR) တြင္အဖြဲ႔၀င္ႏိုင္ငံမဟုတ္ျခင္းေၾကာင့္ျဖစ္သည္။

အဖြဲ႔၀င္ႏိုင္ငံမ်ားသည္ ကီလိုမီတာ ၃၀၀ ေက်ာ္သြားႏိုင္ၿပီး ၅၀၀ ကီလိုဂရမ္ထက္ပိုေလးသည့္ဒံုးက်ည္မ်ားကို ႏိုင္ငံျခား တင္ပို႔ခြင့္မ႐ွိေခ်။

စေတာ့ဟုမ္းႏိုင္ငံတကာၿငိမ္းခ်မ္းေရးသုေတသနအင္စတီက်ဴ႕၏ ယခုႏွစ္ မတ္လအစီရင္ခံစာအရ တ႐ုတ္ႏိုင္ငံက MCTR ကိုလိုက္နာေၾကာင္းေျပာေသာ္လည္း ၀ယ္လက္ႏိုင္ငံမ်ားက ႏိုင္ငံတကာဥပေဒႏွင့္လူ႔အခြင့္အေရးကိုခ်ိဳးေဖာက္ေနသည့္တိုင္ တ႐ုတ္ႏိုင္ငံက ၀ယ္လက္မ်ား၏လက္နက္အသံုးျပဳမႈအေပၚ ကန္႔သတ္ခ်က္အနည္းငယ္မွ်သာထားေၾကာင္း သိရသည္။

ထို႔အျပင္ ထိုအင္စတီက်ဴ႕၏အစီရင္ခံစာအရပင္ ကမာၻ႔ထိပ္တန္းလက္နက္တင္ပို႔ေရာင္းခ်သည့္ကုမၸဏီ ၁၀ ခုတြင္ တ႐ုတ္ကုမၸဏီ ၃ ခုပါ၀င္ေနေၾကာင္းလည္း ေဖာ္ျပသည္။

၂၀၁၅ – ၂၀၁၉ ခုႏွစ္ၾကားတြင္ တ႐ုတ္ႏိုင္ငံသည္ ကမာၻ႔လက္နက္တင္ပို႔မႈအမ်ားဆံုးႏိုင္ငံမ်ားတြင္ အဆင့္ ၅ ႐ွိေနၿပီး လက္န က္တင္ပို႔မႈ၏ ၅.၅ ရာခိုင္ႏႈန္း႐ွိေနသည္ဟုလည္း ပါ၀င္သည္။

တ႐ုတ္ႏိုင္ငံ၏လက္နက္တင္ပို႔မႈမ်ားအနက္ အမ်ားစုသည္ အနားနီးသည့္ႏိုင္ငံမ်ားကိုေရာင္းခ်ျခင္းျဖစ္ေၾကာင္း အေမရိက န္အေျခစိုက္အၾကံေပးအဖြဲ႔ Centre for Strategic and International Studies ကေျပာသည္။

၂၀၀၈ ခုႏွစ္ေနာက္ပိုင္း တ႐ုတ္ႏိုင္ငံ၏လက္နက္တင္ပို႔ေရာင္းခ်မႈမ်ားအနက္ ၆၁.၃ ရာခိုင္ႏႈန္းသည္ ပါကစၥတန္၊ ဘဂၤလား ေဒ့႐ွ္ႏွင့္ ျမန္မာႏိုင္ငံတို႔ကိုတင္ပို႔ေရာင္းခ်ခဲ့ျခင္းျဖစ္ၿပီး အျခားအာ႐ွႏိုင္ငံမ်ားက ေနာက္ထပ္ ၁၄ ရာခိုင္ႏႈန္း၀ယ္ယူခဲ့သည္ဟု လည္းေျပာသည္။

Ref : China has become a major exporter of armed drones, Pakistan is among its 11 customers

#PeopleMedia

(unicode)
တရုတ်နိုင်ငံက ဒရုန်းလေယာဉ်များများတင်ပို့ရောင်းချသည့်အဓိကနိုင်ငံဖြစ်နေ
…………………………………………………

နယူးဒေလီ၊ နိုဝင်ဘာ ၂၃

တရုတ်နိုင်ငံသည် ပြည်တွင်းသို့တင်ပို့မှုအများဆုံးနိုင်ငံအဖြစ်မှ ကမ္ဘာတဝန်းလက်နက်ရောင်းချသည့်ရှေ့ဆောင်နိုင်ငံ တနိုင်ငံဖြစ်လာပြီး ပါကစ္စတန်အပါအဝင် နိုင်ငံအများအပြားကို လူလိုက်ပါခြင်းများရှိသည့်လေယာဉ်များတင်ပို့နေသည်။

ချေမှုန်းရေးရိုင်ဖယ်များ၊ ခဲယမ်းများ၊ တိုက်လေယာဉ်များနှင့် ရေငုပ်သင်္ဘောများကိုပင် တရုတ်နိုင်ငံက တင်ပို့နေသည်။

ပန်ဆယ်ဗေးနီးယားတက္ကသိုလ်နှင့် တက္ကဆက်အေအန်အမ်တက္ကသိုလ်တို့မှသုတေသီများကရေးသားပြီး Foreign Affairs မဂ္ဂဇင်းကကောက်နုတ်ဖော်ပြထားသော သုတေသနာစာတမ်းသစ်တွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံ ၁၈ နိုင်ငံက လက်နက်တပ်ဒရုန်းများဝယ်ယူထားပြီး ၁၁ နိုင်ငံသည် တရုတ်နိုင်ငံမှဝယ်ယူခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ်မတိုင်မီတွင် အမေရိကန်၊ ဗြိတိန်နှင့် အစ္စရေးတို့တွင်သာ လက်နက်တပ်ဒရုန်းများပိုင်ဆိုင်ထားသည်။

ထိုဒရုန်းများဖြန့်ကျက်နေရာချထားမှုမြင့်တက်လာခြင်းသည် တရုတ်နိုင်ငံက အဓိကတင်ပို့သည့်နိုင်ငံဖြစ်လာချိန်နှင့် တိုက်ဆိုင်သည်ဟု သုတေသနစာတမ်းတွင်ဖော်ပြထားသည်။

၂၀၁၁ ခုနှစ်အစောဆုံးထားပြီး တရုတ်နိုင်ငံသည် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နှင့် ပါကစ္စတန်နိုင်ငံတို့သို့ လက်နက်တပ်ဒရုန်းများရောင်းချရန် ဆွေးနွေးညှိနှိုင်းမှုများလုပ်ခဲ့သည်။

ထို့နောက်ပိုင်းတွင် တရုတ်နိုင်ငံက လက်နက်တပ်ဆင်ထားသည့်ဒရုန်းများတင်ပို့ရောင်းချသည့်စျေးကွက်ကိုကြီးစိုးလာပြီး တရုတ်နိုင်ငံမှအပ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် လက်နက်တပ်ဆင်ထားသည့်ဒရုန်းများကို နိုင်ငံ ၁၈ နိုင်ငံကဝယ်ယူခဲ့ကာ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ အီဂျစ်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့အပါအဝင် ၁၁ နိုင်ငံက တရုတ်နိုင်ငံထံမှဝယ်ယူခဲ့သည်။

ထိုကာလအတွင်း အမေရိကန်ပြည်ထောင်စုက ပြင်သစ်နိုင်ငံကိုသာ ဒရုန်းများရောင်းချခဲ့ပြီး အိန္ဒိယကိုလည်း ရောင်းချရန် ဆွေးနွေးနေခြင်းသာရှိနေသည်။

တရုတ်နိုင်ငံက ထိုကဲ့သို့တင်ပို့ရောင်းချနိုင်ခြင်းမှာ အမေရိကန်နိုင်ငံကဲ့သို့မဟုတ်ဘဲ စစ်အေးကာလအတွင်း ၁၉၈၇ ခုနှစ်တွင် စတင်အသက်ဝင်ကာ လူအမြောက်အများသေကြေပျက်စီးစေနိုင်သည့်လက်နက်များကို သယ်ဆောင်နိုင်သည့် ဒုံးကျည်များ ပျံ့နှံ့မှုကို တားမြစ်ထားသည့် ဒုံးကျည်နည်းပညာထိန်းချုပ်သည့်နိုင်ငံ(MTCR) တွင်အဖွဲ့ဝင်နိုင်ငံမဟုတ်ခြင်းကြောင့်ဖြစ်သည်။

အဖွဲ့ဝင်နိုင်ငံများသည် ကီလိုမီတာ ၃၀၀ ကျော်သွားနိုင်ပြီး ၅၀၀ ကီလိုဂရမ်ထက်ပိုလေးသည့်ဒုံးကျည်များကို နိုင်ငံခြား တင်ပို့ခွင့်မရှိချေ။

စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျူ့၏ ယခုနှစ် မတ်လအစီရင်ခံစာအရ တရုတ်နိုင်ငံက MCTR ကိုလိုက်နာကြောင်းပြောသော်လည်း ဝယ်လက်နိုင်ငံများက နိုင်ငံတကာဥပဒေနှင့်လူ့အခွင့်အရေးကိုချိုးဖောက်နေသည့်တိုင် တရုတ်နိုင်ငံက ဝယ်လက်များ၏လက်နက်အသုံးပြုမှုအပေါ် ကန့်သတ်ချက်အနည်းငယ်မျှသာထားကြောင်း သိရသည်။

ထို့အပြင် ထိုအင်စတီကျူ့၏အစီရင်ခံစာအရပင် ကမ္ဘာ့ထိပ်တန်းလက်နက်တင်ပို့ရောင်းချသည့်ကုမ္ပဏီ ၁၀ ခုတွင် တရုတ်ကုမ္ပဏီ ၃ ခုပါဝင်နေကြောင်းလည်း ဖော်ပြသည်။

၂၀၁၅ – ၂၀၁၉ ခုနှစ်ကြားတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့လက်နက်တင်ပို့မှုအများဆုံးနိုင်ငံများတွင် အဆင့် ၅ ရှိနေပြီး လက်န က်တင်ပို့မှု၏ ၅.၅ ရာခိုင်နှုန်းရှိနေသည်ဟုလည်း ပါဝင်သည်။

တရုတ်နိုင်ငံ၏လက်နက်တင်ပို့မှုများအနက် အများစုသည် အနားနီးသည့်နိုင်ငံများကိုရောင်းချခြင်းဖြစ်ကြောင်း အမေရိက န်အခြေစိုက်အကြံပေးအဖွဲ့ Centre for Strategic and International Studies ကပြောသည်။

၂၀၀၈ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံ၏လက်နက်တင်ပို့ရောင်းချမှုများအနက် ၆၁.၃ ရာခိုင်နှုန်းသည် ပါကစ္စတန်၊ ဘင်္ဂလား ဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့ကိုတင်ပို့ရောင်းချခဲ့ခြင်းဖြစ်ပြီး အခြားအာရှနိုင်ငံများက နောက်ထပ် ၁၄ ရာခိုင်နှုန်းဝယ်ယူခဲ့သည်ဟု လည်းပြောသည်။

Ref : China has become a major exporter of armed drones, Pakistan is among its 11 customers

#PeopleMedia


Share this post