• Follow Us on

Home တ႐ုတ္ႏိုင္ငံက ပါကစၥတန္ေရတပ္အတြက္ ေခတ္မီ ဖရီးဂိတ္စစ္သေဘၤာမ်ား တည္ေဆာက္

တ႐ုတ္ႏိုင္ငံက ပါကစၥတန္ေရတပ္အတြက္ ေခတ္မီ ဖရီးဂိတ္စစ္သေဘၤာမ်ား တည္ေဆာက္

Share this post

ႏိုင္ငံတကာ၊ ျသဂုတ္ ၃၀

မဟာမိတ္ႏွစ္ႏိုင္ငံၾကား ကာကြယ္ေရးႏွင့္ စီးပြားေရးဆိုင္ရာဆက္ဆံမႈမ်ား ျမႇင့္တင္ေနစဉ္ တ႐ုတ္ႏိုင္ငံက ပါကစၥတန္ေရတပ္အတြက္ တည္ေဆာက္ေပးေနသည့္ ေခတ္အမီဆုံး စစ္သေဘၤာေလးစင္းအနက္ ပထမတစ္စင္း ကို ေရခ်လိုက္ၿပီျဖစ္သည္။

ႏွစ္ႏိုင္ငံစလုံးက အိမ္နီးခ်င္း အိႏၵိယႏိုင္ငံႏွင့္ နယ္စပ္တင္းမာမႈမ်ားျဖစ္ပြားေနစဉ္ ယခု ကဲ့သို႔ ေခတ္မီသေဘၤာေရခ်ခဲ့ျခင္းျဖစ္သည္။

ရွန္ဟိုင္းၿမိဳ႕ေတာ္ရွိ တ႐ုတ္ႏိုင္ငံပိုင္ ဟူေတာင္ေက်ာင္ဟြာသေဘၤာ က်င္းလုပ္ငန္းက Type-054A/P ဖရီး ဂိတ္ စစ္သေဘၤာအတြက္ ေရခ်ပြဲအခမ္းအနား က်င္းပခဲ့ၿပီး ႏွစ္ႏိုင္ငံတပ္မေတာ္မွ အဆင့္ျမင့္တာဝန္ရွိသူမ်ား တက္ ေရာက္ခဲ့ေၾကာင္း ပါကစၥတန္ေရတပ္က ေျပာၾကားခဲ့သည္။

အဆိုပါဖရီးဂိတ္စစ္သေဘၤာမွာ ေခတ္မီ ေလယာဉ္ပစ္ လက္နက္မ်ား၊ အာ႐ုံခံစနစ္မ်ား၊ အဆင့္ျမင့္ကိရိယာမ်ား တပ္ဆင္ထားေသာ ေခတ္မီစစ္သေဘၤာတစ္စင္းဟု ပါကစၥတန္ေရတပ္က ထုတ္ျပန္ခ်က္အတြင္း ေျပာၾကားခဲ့သည္။

“ဒီလိုေခတ္မီစစ္သေဘၤာေတြက ကြၽန္ေတာ္တို႔ရဲ႕ တာဝန္ယူမႈနယ္ပယ္မွာ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရး ထိန္း သိမ္းရာမွာ သိသိသာသာ အေထာက္အကူျပဳပါလိမ့္မယ္” ဟု ပါကစၥတန္ေရတပ္က ထုတ္ျပန္ခ်က္အတြင္း ေျပာ ၾကားခဲ့သည္။

တည္ေဆာက္မႈ ၿပီးစီးပါက အဆိုပါစစ္သေဘၤာမ်ားက ပါကစၥတန္ေရတပ္၏ အႀကီးမားဆုံးႏွင့္ နည္း ပညာပိုင္းအရ ေခတ္အမီဆုံး စစ္ေရယာဉ္မ်ား ျဖစ္လာမည္ျဖစ္ၿပီး အနာဂတ္စိန္ေခၚမႈမ်ား တုံ႔ျပန္ႏိုင္မႈစြမ္းရည္ တိုးတက္လာမည္ဟု ပါကစၥတန္ေရတပ္က ေျပာၾကားခဲ့သည္။

စစ္ဘက္သုံးေရယာဉ္မ်ားအတြက္ ကုန္က်စရိတ္ကို ထုတ္ျပန္ခ်က္က မေဖာ္ျပခဲ့ေသာ္လည္း ဖရီးဂိတ္စစ္ သေဘၤာတစ္စင္း၏ ခန္႔မွန္းတန္ေၾကးမွာ အေမရိကန္ေဒၚလာ သန္း ၃၅၀ ရွိေၾကာင္း သိရသည္။

တ႐ုတ္သေဘၤာ တည္ေဆာက္ေရးလုပ္ငန္းက ၂၀၂၁ ခုႏွစ္မကုန္မီ ဖရီးဂိတ္စစ္ သေဘၤာေလးစင္းစလုံး ပါကစၥတန္ေရတပ္သို႔ ေပးပို႔ ႏိုင္မည္ဟု ေမွ်ာ္မွန္းရၿပီး အဆိုပါေရယာဉ္မ်ားေၾကာင့္ ပါကစၥတန္ေရတပ္၏ တိုက္ခိုက္ေရးစြမ္းရည္ ႏွစ္ဆတိုး တက္လာမည္ဟု တ႐ုတ္မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။

Type-054A/P ဖရီးဂိတ္စစ္သေဘၤာကို တ႐ုတ္ျပည္သူ့ လြတ္ေျမာက္ေရးတပ္မေတာ္၏ ေရတပ္၌ အသုံး ျပဳေနၿပီး ပင္မစစ္သေဘၤာမ်ားအျဖစ္ အသိအမွတ္ျပဳထား ေၾကာင္း ပါကစၥတန္ တာဝန္ရွိသူမ်ားက ေျပာသည္။

တ႐ုတ္ႏွင့္ ပါကစၥတန္ႏိုင္ငံတို႔က ေဂ်အက္ဖ္-၁၇ ဘက္စုံသုံး တိုက္ခိုက္ေရးေလယာဉ္မ်ား အပါအဝင္ စစ္လက္နက္ ပစၥည္းအမ်ိဳးမ်ိဳး ပူးတြဲထုတ္လုပ္ေနၿပီး ခိုင္မာအားေကာင္းေသာ ကာကြယ္ေရးဆိုင္ရာဆက္ဆံမႈမ်ား ျပသလ်က္ရွိ သည္။

တ႐ုတ္ႏွင့္ပါကစၥတန္ မဟာမိတ္ႏွစ္ႏိုင္ငံသည္ မၾကာေသးမီက တ႐ုတ္ႏိုင္ငံက ေဖာ္ေဆာင္လ်က္ရွိသည့္ “ရပ္ဝန္းႏွင့္ပိုးလမ္းမစီမံကိန္း” အရ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ တိုးျမႇင့္လာခဲ့သည္။

“ရပ္ဝန္းႏွင့္ပိုးလမ္းမစီ မံကိန္း” ႏွင့္ဆက္စပ္ေသာ တ႐ုတ္-ပါကစၥတန္ စီးပြားေရးစႀကႍ (CPEC) စီမံကိန္း ေၾကာင့္ ၿပီးခဲ့ေသာ ေျခာက္ႏွစ္အတြင္း တ႐ုတ္ႏိုင္ငံက ပါကစၥတန္ႏိုင္ငံ၌ အေမရိကန္ေဒၚလာ ၃၀ ဘီလီယံနီးပါး ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ျပဳလုပ္ခဲ့ကာ လမ္းမႀကီးမ်ား၊ ဆိပ္ကမ္းမ်ားႏွင့္ ဓာတ္အားေပးစက္႐ုံမ်ား တည္ေဆာက္ခဲ့သည္။

သို႔ေသာ္လည္း ေႂကြးၿမီထူေန သည့္ ပါကစၥတန္ႏိုင္ငံ၌ အဆိုပါရင္းႏွီးျမဳပ္ႏွံမႈမ်ားက ဝန္ထုပ္ဝန္ပိုးတစ္ခုအ ျဖစ္ ေလ့လာသူမ်ားက ရႈျမင္ၾကသည္။ တ႐ုတ္-ပါကစၥတန္ စီးပြားေရးစႀကႍ (CPEC) စီမံကိန္းက ပါကစၥတန္ႏိုင္ငံ အတြက္ ေႂကြးၿမီေထာင္ေခ်ာက္တစ္ခုဟု အေမရိကန္ တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

ပါကစၥတန္ႏွင့္ တ႐ုတ္ႏိုင္ငံတို႔က ထိုေျပာၾကားခ်က္ကို ပယ္ခ်ခဲ့ၿပီး ႏွစ္ႏိုင္ငံၾကား ပူးေပါင္းေဆာင္ရြက္မႈ ႏွင့္ပတ္သက္၍ သတင္းအခ်က္အလက္မ်ား ကင္းမဲ့ၿပီး နားလည္မႈလြဲမွားျခင္းဟု ေျပာၾကားခဲ့သည္။

တ႐ုတ္ သမၼတ ရွီက်င့္ဖ်င္သည္ ယခုႏွစ္ကုန္တြင္ ပါကစၥတန္ႏိုင္ငံသို႔ သြားေရာက္ရန္စီစဉ္ထားၿပီး ခရီးစဉ္အတြင္း “ရပ္ဝန္း ႏွင့္ပိုးလမ္းမစီမံကိန္း” ႏွင့္ဆက္စပ္ေသာ စီးပြားေရးပူးေပါင္းေဆာင္ရြက္မႈ ျမႇင့္တင္သြားမည္ဟု ပါကစၥတန္ တာ ဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။
တ႐ုတ္သမၼတ ရွီက်င့္ဖ်င္သည္ ၿပီးခဲ့ေသာ ေမလအတြင္း ပါကစၥတန္ႏိုင္ငံသို႔ လာေရာက္ရန္စီစဉ္ခဲ့ေသာ္ လည္း ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈေၾကာင့္ ခရီးစဉ္ကို ဖ်က္သိမ္းခဲ့ရသည္။

တ႐ုတ္ႏိုင္ငံ ျခားေရးဝန္ႀကီး ဝမ္ယိသည္ ၿပီးခဲ့သည့္အပတ္က ပါကစၥတန္ႏိုင္ငံျခားေရးဝန္ႀကီး ရွားမာမြတ္ကြီရီရွီအား ႏွစ္ႏိုင္ငံၾကား မဟာဗ်ဴဟာေျမာက္ ေဆြးေႏြးမႈမ်ားျပဳလုပ္ရန္ လက္ခံေတြ႕ဆုံခဲ့ၿပီး တ႐ုတ္-ပါကစၥတန္ စီးပြားေရးစႀကႍ (CPEC) စီမံကိန္းအရ မဟာစီမံ ကိန္းႀကီးမ်ား ဆက္လက္ေဖာ္ေဆာင္ရန္ ႏွစ္ႏိုင္ငံစလုံးက သေဘာတူညီခဲ့သည္။

သေဘာတူညီမႈမ်ားတြင္ ကီလိုမီတာ ၁၉၀၀ နီးပါးရွိေသာ Main Line 1 အျဖစ္ ေခၚဆိုသည့္ ပါကစၥတန္ ႏိုင္ငံ၏ အဓိကရထားလမ္းမႀကီးအား အဆင့္ျမႇင့္တင္မည့္ အေမရိကန္ေဒၚလာ ၆ ဒသမ ၈ ဘီလီယံတန္ေၾကးရွိ ရ ထားလမ္းစီမံကိန္းလည္း ပါဝင္သည္။

တ႐ုတ္ႏွင့္ ပါကစၥတန္ႏိုင္ငံတို႔က ႏွစ္ႏိုင္ငံၾကား ဘက္စုံပါဝင္ေသာ မဟာ ဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္ရြက္မႈ မိတ္ဖက္ေဆာင္ရြက္ျခင္းကိုလည္း ထပ္ေလာင္းအတည္ျပဳခဲ့ေၾကာင္း အစည္းအေဝးအၿပီးထုတ္ျပန္ခဲ့သည့္ ပူးတြဲေၾကညာခ်က္တစ္ခုက ဆိုသည္။

ကိုးကား -ဗြီအိုေအ

Ref; China Launches Advanced Warship for Pakistan Navy

(unicode)
တရုတ်နိုင်ငံက ပါကစ္စတန်ရေတပ်အတွက် ခေတ်မီ ဖရီးဂိတ်စစ်သင်္ဘောများ တည်ဆောက်
…………………………………………………………………………

နိုင်ငံတကာ၊ သြဂုတ် ၃၀

မဟာမိတ်နှစ်နိုင်ငံကြား ကာကွယ်ရေးနှင့် စီးပွားရေးဆိုင်ရာဆက်ဆံမှုများ မြှင့်တင်နေစဉ် တရုတ်နိုင်ငံက ပါကစ္စတန်ရေတပ်အတွက် တည်ဆောက်ပေးနေသည့် ခေတ်အမီဆုံး စစ်သင်္ဘောလေးစင်းအနက် ပထမတစ်စင်း ကို ရေချလိုက်ပြီဖြစ်သည်။

နှစ်နိုင်ငံစလုံးက အိမ်နီးချင်း အိန္ဒိယနိုင်ငံနှင့် နယ်စပ်တင်းမာမှုများဖြစ်ပွားနေစဉ် ယခု ကဲ့သို့ ခေတ်မီသင်္ဘောရေချခဲ့ခြင်းဖြစ်သည်။

ရှန်ဟိုင်းမြို့တော်ရှိ တရုတ်နိုင်ငံပိုင် ဟူတောင်ကျောင်ဟွာသင်္ဘော ကျင်းလုပ်ငန်းက Type-054A/P ဖရီး ဂိတ် စစ်သင်္ဘောအတွက် ရေချပွဲအခမ်းအနား ကျင်းပခဲ့ပြီး နှစ်နိုင်ငံတပ်မတော်မှ အဆင့်မြင့်တာဝန်ရှိသူများ တက် ရောက်ခဲ့ကြောင်း ပါကစ္စတန်ရေတပ်က ပြောကြားခဲ့သည်။

အဆိုပါဖရီးဂိတ်စစ်သင်္ဘောမှာ ခေတ်မီ လေယာဉ်ပစ် လက်နက်များ၊ အာရုံခံစနစ်များ၊ အဆင့်မြင့်ကိရိယာများ တပ်ဆင်ထားသော ခေတ်မီစစ်သင်္ဘောတစ်စင်းဟု ပါကစ္စတန်ရေတပ်က ထုတ်ပြန်ချက်အတွင်း ပြောကြားခဲ့သည်။

“ဒီလိုခေတ်မီစစ်သင်္ဘောတွေက ကျွန်တော်တို့ရဲ့ တာဝန်ယူမှုနယ်ပယ်မှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ထိန်း သိမ်းရာမှာ သိသိသာသာ အထောက်အကူပြုပါလိမ့်မယ်” ဟု ပါကစ္စတန်ရေတပ်က ထုတ်ပြန်ချက်အတွင်း ပြော ကြားခဲ့သည်။

တည်ဆောက်မှု ပြီးစီးပါက အဆိုပါစစ်သင်္ဘောများက ပါကစ္စတန်ရေတပ်၏ အကြီးမားဆုံးနှင့် နည်း ပညာပိုင်းအရ ခေတ်အမီဆုံး စစ်ရေယာဉ်များ ဖြစ်လာမည်ဖြစ်ပြီး အနာဂတ်စိန်ခေါ်မှုများ တုံ့ပြန်နိုင်မှုစွမ်းရည် တိုးတက်လာမည်ဟု ပါကစ္စတန်ရေတပ်က ပြောကြားခဲ့သည်။

စစ်ဘက်သုံးရေယာဉ်များအတွက် ကုန်ကျစရိတ်ကို ထုတ်ပြန်ချက်က မဖော်ပြခဲ့သော်လည်း ဖရီးဂိတ်စစ် သင်္ဘောတစ်စင်း၏ ခန့်မှန်းတန်ကြေးမှာ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ရှိကြောင်း သိရသည်။

တရုတ်သင်္ဘော တည်ဆောက်ရေးလုပ်ငန်းက ၂၀၂၁ ခုနှစ်မကုန်မီ ဖရီးဂိတ်စစ် သင်္ဘောလေးစင်းစလုံး ပါကစ္စတန်ရေတပ်သို့ ပေးပို့ နိုင်မည်ဟု မျှော်မှန်းရပြီး အဆိုပါရေယာဉ်များကြောင့် ပါကစ္စတန်ရေတပ်၏ တိုက်ခိုက်ရေးစွမ်းရည် နှစ်ဆတိုး တက်လာမည်ဟု တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။

Type-054A/P ဖရီးဂိတ်စစ်သင်္ဘောကို တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၏ ရေတပ်၌ အသုံး ပြုနေပြီး ပင်မစစ်သင်္ဘောများအဖြစ် အသိအမှတ်ပြုထား ကြောင်း ပါကစ္စတန် တာဝန်ရှိသူများက ပြောသည်။

တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့က ဂျေအက်ဖ်-၁၇ ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ်များ အပါအဝင် စစ်လက်နက် ပစ္စည်းအမျိုးမျိုး ပူးတွဲထုတ်လုပ်နေပြီး ခိုင်မာအားကောင်းသော ကာကွယ်ရေးဆိုင်ရာဆက်ဆံမှုများ ပြသလျက်ရှိ သည်။

တရုတ်နှင့်ပါကစ္စတန် မဟာမိတ်နှစ်နိုင်ငံသည် မကြာသေးမီက တရုတ်နိုင်ငံက ဖော်ဆောင်လျက်ရှိသည့် “ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း” အရ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာခဲ့သည်။

“ရပ်ဝန်းနှင့်ပိုးလမ်းမစီ မံကိန်း” နှင့်ဆက်စပ်သော တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) စီမံကိန်း ကြောင့် ပြီးခဲ့သော ခြောက်နှစ်အတွင်း တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံ၌ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကာ လမ်းမကြီးများ၊ ဆိပ်ကမ်းများနှင့် ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခဲ့သည်။

သို့သော်လည်း ကြွေးမြီထူနေ သည့် ပါကစ္စတန်နိုင်ငံ၌ အဆိုပါရင်းနှီးမြုပ်နှံမှုများက ဝန်ထုပ်ဝန်ပိုးတစ်ခုအ ဖြစ် လေ့လာသူများက ရှုမြင်ကြသည်။ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) စီမံကိန်းက ပါကစ္စတန်နိုင်ငံ အတွက် ကြွေးမြီထောင်ချောက်တစ်ခုဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့က ထိုပြောကြားချက်ကို ပယ်ချခဲ့ပြီး နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု နှင့်ပတ်သက်၍ သတင်းအချက်အလက်များ ကင်းမဲ့ပြီး နားလည်မှုလွဲမှားခြင်းဟု ပြောကြားခဲ့သည်။

တရုတ် သမ္မတ ရှီကျင့်ဖျင်သည် ယခုနှစ်ကုန်တွင် ပါကစ္စတန်နိုင်ငံသို့ သွားရောက်ရန်စီစဉ်ထားပြီး ခရီးစဉ်အတွင်း “ရပ်ဝန်း နှင့်ပိုးလမ်းမစီမံကိန်း” နှင့်ဆက်စပ်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည်ဟု ပါကစ္စတန် တာ ဝန်ရှိသူများက ပြောကြားခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပြီးခဲ့သော မေလအတွင်း ပါကစ္စတန်နိုင်ငံသို့ လာရောက်ရန်စီစဉ်ခဲ့သော် လည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရသည်။

တရုတ်နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ယိသည် ပြီးခဲ့သည့်အပတ်က ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ်ကွီရီရှီအား နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ဆွေးနွေးမှုများပြုလုပ်ရန် လက်ခံတွေ့ဆုံခဲ့ပြီး တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) စီမံကိန်းအရ မဟာစီမံ ကိန်းကြီးများ ဆက်လက်ဖော်ဆောင်ရန် နှစ်နိုင်ငံစလုံးက သဘောတူညီခဲ့သည်။

သဘောတူညီမှုများတွင် ကီလိုမီတာ ၁၉၀၀ နီးပါးရှိသော Main Line 1 အဖြစ် ခေါ်ဆိုသည့် ပါကစ္စတန် နိုင်ငံ၏ အဓိကရထားလမ်းမကြီးအား အဆင့်မြှင့်တင်မည့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံတန်ကြေးရှိ ရ ထားလမ်းစီမံကိန်းလည်း ပါဝင်သည်။

တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့က နှစ်နိုင်ငံကြား ဘက်စုံပါဝင်သော မဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆောင်ရွက်ခြင်းကိုလည်း ထပ်လောင်းအတည်ပြုခဲ့ကြောင်း အစည်းအဝေးအပြီးထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တစ်ခုက ဆိုသည်။

ကိုးကား -ဗွီအိုအေ

Ref; China Launches Advanced Warship for Pakistan Navy


Share this post