• Follow Us on
Latest News

Home တရုတ်နိုင်ငံက လက်နက်များအဆင့်မြှင့်ထုတ်လုပ်နေမှုကို အမေရိကန်ဒုတိယကာကွယ်ရေးဝန်ကြီး သတိပေး

တရုတ်နိုင်ငံက လက်နက်များအဆင့်မြှင့်ထုတ်လုပ်နေမှုကို အမေရိကန်ဒုတိယကာကွယ်ရေးဝန်ကြီး သတိပေး

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၁ (People Media)

 

တရုတ်နိုင်ငံ၏ စစ်ရေးတည်ဆောက်မှုများနှင့် သြစတေးလျနိုင်ငံနှင့် ပစိဖိတ်ဒေသရှိ အမေရိကန်စစ်အခြေစိုက်စ ခန်းများအပေါ် ခြိမ်းခြောက်မှုများကို ပင်တဂွန်မှ ထိပ်တန်းအရာရှိကြီးတစ်ဦးက သတိပေးလိုက်သည်။

 

ဒေသတွင်း တရုတ်နိုင်ငံ၏ စစ်အင်အားတိုးချဲ့နေမှုနှင့် တရုတ်ပိုင်စစ်လက်နက်များ၏ ပစ်ခတ်နိုင်မှုအကွာအဝေး တိုးချဲ့နေမှုများနှင့်ပတ်သက်၍ အမေရိကန်အစိုးရအနေဖြင့် စိုးရိမ်ပူပန်စရာ အကြောင်းရင်းများစွာရှိကြောင်း အ မေရိကန်ဒုတိယကာကွယ်ရေးဝန်ကြီး ကက်သ်လင်းဟစ်ကပြောသည်။

 

သို့သော် ပစိဖိတ်ဒေသရှိ အမေရိကန်နှင့် မဟာမိတ်နိုင်ငံများအနေဖြင့် တင်းမာမှုများလျှော့ချရေး ရည်ရွယ်လုပ် ဆောင်ရန်နှင့် လက်နက်ပြိုင်ပွဲကို စတင်ဆောင်ရွက်ခြင်းမပြုရန် ၎င်းက အလေးထားပြောကြားခဲ့သည်။

 

တရုတ်နိုင်ငံ၏ စစ်အင်အားကြီးထွားလာမှုသည် အမေရိကန်ပိုင် ဂူအမ်ကျွန်း၊ ဟာဝိုင်ယီကျွန်းနှင့် သြစတေးလျ နိုင်ငံတို့အတွက် အဓိကစိန်ခေါ်မှုများဖြစ်ကြောင်း ၎င်းကပြောသည်။

 

လွန်ခဲ့သည့်သီတင်းပတ်က မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးကို အွန်လိုင်းတွင်ဆွေးနွေးနေစဉ်အတွင်း ဒုတိယကာကွယ်ရေးဝန်ကြီး ကက်သ်လင်းဟစ်က သူမ၏ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

 

တရုတ်သမ္မတချီကျင့်ဖင်က တရုတ်နိုင်ငံ ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံဖြစ်လာရေးတည်ဆောက်နေသည့်ရည်ရွယ် ချက်ကို ရှင်းလင်းစွာ ထုတ်ဖော်ပြောကြားခဲ့ကြောင်း ကက်သ်လင်းဟစ်က ထောက်ပြခဲ့သည်။

 

“တရုတ်နိုင်ငံဟာ သူတို့ပိုင်ဆိုင်တဲ့စစ်လက်နက်တွေကို ထူးထူးခြားခြားအသိအမှတ်ပြုရမယ့်အဆင့်ရောက်ရှိရေး အတွက် ပိုပြီးခေတ်မီတိုးတက်အောင် ဆောင်ရွက်နေပါတယ်။ အဲဒီလို အဆင့်မြှင့်တင်နေတယ်ဆိုတာ ပင်လယ် ပြင်အောက်မှာအသုံးပြုကြတဲ့လက်နက်တွေအထိ ပါဝင်ပါတယ်။” ဟု ၎င်းကပြောသည်။

 

“ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က တရုတ်နဲ့ပြဿနာဖြစ်ဖို့မဟုတ်သလို တရုတ်နဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ဖို့လည်း မဟုတ်ပါဘူး။ ကျွန်မတို့ရည်ရွယ်ချက်က တင်းမာမှုတွေ လျှော့ချပြီး တရုတ်နိုင်ငံရဲ့သွေးဆောင်ဖြားယောင်းမှု တွေကို ဟန့်တားနိုင်ရေးအတွက် သက်သေပြဖို့ပါ။” ဟု ကက်သ်လင်းဟစ်ကပြောသည်။

 

သြစတေးလျနိုင်ငံက အမေရိကန်၊ ဗြိတိန်နိုင်ငံတို့နှင့် AUKUS သုံးပွင့်ဆိုင်စာချုပ်တွင် ပူးပေါင်းဆောင်ရွက်လိုက် ပြီးနောက် အမေရိကန်ဒုတိယကာကွယ်ရေးဝန်ကြီး ကက်သ်လင်းဟစ်၏ မှတ်ချက်များထွက်ပေါ်လာခဲ့ခြင်းဖြစ် သည်။ ယင်းစာချုပ်အရ အင်ဒို-ပစိဖိတ်ဒေသ လုံခြုံရေးအခြေအနေများပြောင်းလဲလာသည်ကို တုံ့ပြန်သည့်အ နေဖြင့် သြစတေးလျနိုင်ငံသည် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ရရှိမည်ဖြစ်သည်။

 

Ref: The Chinese are advancing their capabilities at a remarkable clip’

 

#PeopleMedia

 

(unicode)


…………………………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: The Chinese are advancing their capabilities at a remarkable clip’

 

#PeopleMedia


Share this post