• Follow Us on

Home တရုတ်နိုင်ငံက ဦးနှောက်ထိန်းချုပ်မှုလက်နက် ထုတ်လုပ်နေကြောင်း အမေရိကန်စွပ်စွဲ

တရုတ်နိုင်ငံက ဦးနှောက်ထိန်းချုပ်မှုလက်နက် ထုတ်လုပ်နေကြောင်း အမေရိကန်စွပ်စွဲ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၁ (People Media)

 

တရုတ်နိုင်ငံသည် ဇီဝနည်းပညာကို လက်နက်အဖြစ်အသုံးပြုနိုင်ရန် ဆောင်ရွက်နေပြီး အနာဂတ်ထိုးစစ်များ တွင် အသုံးပြုရန် “ဦးနှောက်ထိန်းချုပ်မှုလက်နက်” ကို ထုတ်လုပ်နေကြောင်း အမေရိကန်တန်ပြန်ထောက် လှမ်းရေးအရာရှိအချို့က ပြောဆိုလိုက်သည်။

 

တရုတ်နိုင်ငံသည် တရုတ်လူထုကိုထိန်းချုပ်နိုင်ရေးကြိုးပမ်းမှုတစ်ရပ်အဖြစ် စောင့်ကြည့်ထောက်လှမ်းပြီး ခြေရာ ခံနိုင်ရန်အတွက် ဇီဝနည်းပညာကိုအသုံးပြုရန်ရွေးချယ်ခဲ့ကြောင်း အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ဂျီနာရိုင်မန် ဒိုက ပြောသည်။

 

မျိုးရိုးဗီဇတည်းဖြတ်ခြင်း၊ လူသားစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် ဦးနှောက်နှင့် စက် ကြားခံဆက်သွယ်ပေးသော နည်းစနစ်များအပါအဝင် အနာဂတ်စစ်ဘက်ဆိုင်ရာ လုပ်ငန်းသုံးပရိုဂရမ်များ (applications) ထုတ်လုပ်ရန်အ တွက် ဇီဝနည်းပညာများကို အသုံးပြုနေကြောင်း အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးကပြောသည်။

 

တရုတ်စစ်ဘက်က “ဦးနှောက်ထိန်းချုပ်မှုလက်နက်” ထုတ်လုပ်ရန် ကူညီဆောင်ရွက်နေသည်ဆိုသည့် စွပ်စွဲ ချက်ဖြင့် တရုတ်နိုင်ငံ၏တပ်မတော်ဆေးသိပ္ပံအကယ်ဒမီ Academy of Military Medical Sciences (AMMS) နှင့် ဆက်စပ်အင်စတီးကျု ၁၁ ခုကို အမေရိကန် ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပို့ကုန်အမည်ပျက် စာရင်းသွင်းထားသည်။

 

“ဦးနှောက်ထိန်းချုပ်မှုလက်နက်” ဆိုသည်မှာ စစ်ဆင်ရေးတာဝန်များထမ်းဆောင်နေစဉ်အတွင်း လူ့အသိဉာဏ် (ဦးနှောက်) ကို ထိန်းချုပ်ရန်အတွက် ဝင်ရောက်နှောက်ယှက်သည့် ကိရိယယာကို ဖော်ပြရန် တပ်မတော်ဆေး သိပ္ပံအကယ်ဒမီ (AMMS) အရာရှိတစ်ဦးက သုံးစွဲခဲ့သည့် အသုံးအနှုန်းတစ်ခုဖြစ်သည်။

 

“တိုင်းရင်းသားလူနည်းစုတွေ၊ လူနည်းစုဘာသာဝင်အုပ်စုတွေကိုဖိနှိပ်ဖို့အတွက် တရုတ်အစိုးရက ကြိုးပမ်း ဆောင်ရွက်ရာမှာ တရုတ်နိုင်ငံရဲ့ကာကွယ်ရေးနဲ့ စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာကဏ္ဍတွေမှာ ပုဂ္ဂလိ က ကုမ္ပဏီတွေ ဘယ်လိုတက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာကို ဒီကနေ့လုပ်ရပ်တွေက မီးမောင်း ထိုးပြနေတာဖြစ်ပါတယ်” ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန အရာရှိ ဘရိုင်ရယ်နယ်လ်ဆင်က Financial Times ကို ပြောသည်။

 

အမေရိကန်အစိုးရ၏ လတ်တလောဆောင်ရွက်ချက်ကို ကုန်သွယ်ရေးလွတ်လပ်ခွင့်ဥပေဒများကို ချိုးဖောက် သော“အကြောင်းမဲ့ဖိနှိပ်ခြင်း” ဟု ပြောဆိုရင်း ဝါရှင်တန်ရှိ တရုတ်သံရုံးက ကြေညာချက်တစ်စောင်ထုတ်ပြန် ခဲ့သည်။

 

တရုတ်နိုင်ငံတွင်းမှ ဇီဝနည်းပညာနှင့် ဆက်စပ်နေသော ထုတ်လုပ်မှုမှာ တရုတ်ပြည်သူများ၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အမေရိကန်၏ စွပ်စွဲမှုများမှာ လုံးဝ အခြေအမြစ် မရှိကြောင်း တရုတ်သံရုံးပြောခွင့်ရပုဂ္ဂိလ် လီယွန်ပန်ယူက ပြောသည်။

 

တရုတ်နိုင်ငံအနေဖြင့် ယင်းစွပ်စွဲမှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်းနှင့် ၎င်းတို့၏ မှားယွင်းသောနည်းလမ်း များကို ပြန်လည်ပြုပြင်ရန် ဘိုင်ဒန်အစိုးရကိုတိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဝန်းဝန်ဘင်က ပြောသည်။

 

တရုတ်သုတေသနအင်စတီကျူများ၏ အကျိုးစီးပွားကို ထိန်းသိမ်းရန်အတွက် လိုအပ်သည့်အရေးယူဆောင် ရွက်မှုအားလုံးကို တရုတ်အစိုးရကဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်အရာရှိများက ပြောဆိုလိုက်သည်။

 

Ref: US: China Developing ‘Brain-Control Weaponry’

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 


 


 


 


 

Ref: US: China Developing ‘Brain-Control Weaponry’

 

#PeopleMedia


Share this post