• Follow Us on

Home တ႐ုတ္ႏိုင္ငံက ႏ်ဴကလီးယားဒုံးက်ည္ ၂၀၀ ေက်ာ္ ပိုင္ဆိုင္ထားဟု အေမရိကန္ ေျပာ

တ႐ုတ္ႏိုင္ငံက ႏ်ဴကလီးယားဒုံးက်ည္ ၂၀၀ ေက်ာ္ ပိုင္ဆိုင္ထားဟု အေမရိကန္ ေျပာ

Share this post

ႏိုင္ငံတကာ၊ စက္တင္ဘာ ၂

တ႐ုတ္ႏိုင္ငံက ယခုလက္ရွိအခ်ိန္တြင္ ႏ်ဴကလီးယားဒုံးက်ည္ ၂၀၀ ေက်ာ္ ပိုင္ဆိုင္ထားၿပီး လာမည့္ ဆယ့္စုႏွစ္အ တြင္း ႏွစ္ဆအထိရွိလာမည္ဟု ခန္႔မွန္းထားေၾကာင္း အေမရိကန္ႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ သည္။

စက္တင္ဘာလ ၁ ရက္က ပင္တဂြန္ ထုတ္ျပန္သည့္ တ႐ုတ္တပ္မေတာ္၏ အလားအလာမ်ားဆိုင္ရာ ႏွစ္စဉ္ အစီ ရင္ခံစာတြင္ တ႐ုတ္ ႏ်ဴကလီးယားတပ္ဖြဲ႕၏အင္အားကို ပထမဆုံးအႀကိမ္ ခန္႔မွန္းလိုက္ျခင္း ျဖစ္သည္။

အေမရိကန္၏ ဂ်ပန္အေျခစိုက္စခန္းမ်ားမွ စုံစမ္းရရွိသည့္ကိန္းဂဏန္းမ်ားအရ ႏ်ဴကလီးယားထိပ္ဖူးမ်ား သယ္ ေဆာင္ႏိုင္ေသာ တာလတ္ဒုံးက်ည္မ်ား ႏွင့္ ခ႐ုဇ္ဒုံးက်ည္မ်ားကို တ႐ုတ္ႏိုင္ငံက ပိုင္ဆိုင္ထားရွိေၾကာင္း အဆိုပါ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

အေမရိကန္ျပည္ေထာင္စုႏွင့္ ႐ုရွားႏိုင္ငံတို႔၏ စစ္ေရးအရ လက္နက္ေလ်ာ့ခ်မည့္ သေဘာတူညီခ်က္သည္ လာ မည့္ႏွစ္ေဖေဖာ္ဝါရီလတြင္ ကုန္ဆုံးမည္ျဖစ္ၿပီး အသစ္ခ်ဳပ္ဆိုမည့္ စာခ်ဳပ္တြင္ ပူးေပါင္းပါဝင္ရန္ အေမရိကန္ျပည္ ေထာင္စုမွ တ႐ုတ္ႏိုင္ငံအား ေတာင္းဆိုထားသည္။

ႏ်ဴကလီးယားစြမ္းရည္ကို ကန္႔သတ္မည့္ အဆိုပါစာခ်ဳပ္တြင္ ပူးေပါင္းပါဝင္မည္မဟုတ္ဟု တ႐ုတ္ႏိုင္ငံက ႐ိုးတိုး ရိပ္တိပ္ေျပာၾကားခဲ့သည္။

တ႐ုတ္ႏိုင္ငံ၏ ႏ်ဴကလီးယားဒုံးက်ည္အေရအတြက္ကို ခန္႔မွန္းျခင္းသာျဖစ္ၿပီး အေရအတြက္ အတိအက်သိရန္ ခက္ခဲမည္ဟု တ႐ုတ္ႏိုင္ငံဆိုင္ရာ အေမရိကန္ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး ခ်ဒ္ဆာရာဂီရာက ေျပာၾကားခဲ့ သည္။

တ႐ုတ္ႏိုင္ငံသည္ေရငုပ္သေဘၤာမ်ားႏွင့္ ေလေၾကာင္းမွ ပစ္လႊတ္သည့္ ႏ်ဴကလီးယားဒုံးက်ည္မ်ား ထုတ္လုပ္ခဲ့ၿပီး တိုက္ခ်င္းပစ္ဒုံးက်ည္မ်ားကို ျဖည့္တင္းခဲ့ေၾကာင္း ၎က ေျပာၾကားခဲ့သည္။
အေမရိကန္ျပည္ေထာင္စုသည္ တ႐ုတ္ႏိုင္ငံ၏ စစ္ေရးအင္အားတိုးခ်ဲ႕မႈကို ဆက္လက္ေစာင့္ၾကည့္သြားမည္ဟု ၎က ေျပာၾကားခဲ့သည္။

ကိုးကား – အင္န္အိတ္ခ်္ေက

Ref; US DOD: China has over 200 nuclear warheads

#PeopleMedia

(unicode)
တရုတ်နိုင်ငံက နျူကလီးယားဒုံးကျည် ၂၀၀ ကျော် ပိုင်ဆိုင်ထားဟု အမေရိကန် ပြော
……………………………………………………

နိုင်ငံတကာ၊ စက်တင်ဘာ ၂

တရုတ်နိုင်ငံက ယခုလက်ရှိအချိန်တွင် နျူကလီးယားဒုံးကျည် ၂၀၀ ကျော် ပိုင်ဆိုင်ထားပြီး လာမည့် ဆယ့်စုနှစ်အ တွင်း နှစ်ဆအထိရှိလာမည်ဟု ခန့်မှန်းထားကြောင်း အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ သည်။

စက်တင်ဘာလ ၁ ရက်က ပင်တဂွန် ထုတ်ပြန်သည့် တရုတ်တပ်မတော်၏ အလားအလာများဆိုင်ရာ နှစ်စဉ် အစီ ရင်ခံစာတွင် တရုတ် နျူကလီးယားတပ်ဖွဲ့၏အင်အားကို ပထမဆုံးအကြိမ် ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။

အမေရိကန်၏ ဂျပန်အခြေစိုက်စခန်းများမှ စုံစမ်းရရှိသည့်ကိန်းဂဏန်းများအရ နျူကလီးယားထိပ်ဖူးများ သယ် ဆောင်နိုင်သော တာလတ်ဒုံးကျည်များ နှင့် ခရုဇ်ဒုံးကျည်များကို တရုတ်နိုင်ငံက ပိုင်ဆိုင်ထားရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်များအရ သိရသည်။

အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့၏ စစ်ရေးအရ လက်နက်လျော့ချမည့် သဘောတူညီချက်သည် လာ မည့်နှစ်ဖေဖော်ဝါရီလတွင် ကုန်ဆုံးမည်ဖြစ်ပြီး အသစ်ချုပ်ဆိုမည့် စာချုပ်တွင် ပူးပေါင်းပါဝင်ရန် အမေရိကန်ပြည် ထောင်စုမှ တရုတ်နိုင်ငံအား တောင်းဆိုထားသည်။

နျူကလီးယားစွမ်းရည်ကို ကန့်သတ်မည့် အဆိုပါစာချုပ်တွင် ပူးပေါင်းပါဝင်မည်မဟုတ်ဟု တရုတ်နိုင်ငံက ရိုးတိုး ရိပ်တိပ်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ နျူကလီးယားဒုံးကျည်အရေအတွက်ကို ခန့်မှန်းခြင်းသာဖြစ်ပြီး အရေအတွက် အတိအကျသိရန် ခက်ခဲမည်ဟု တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ချဒ်ဆာရာဂီရာက ပြောကြားခဲ့ သည်။

တရုတ်နိုင်ငံသည်ရေငုပ်သင်္ဘောများနှင့် လေကြောင်းမှ ပစ်လွှတ်သည့် နျူကလီးယားဒုံးကျည်များ ထုတ်လုပ်ခဲ့ပြီး တိုက်ချင်းပစ်ဒုံးကျည်များကို ဖြည့်တင်းခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံ၏ စစ်ရေးအင်အားတိုးချဲ့မှုကို ဆက်လက်စောင့်ကြည့်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုးကား – အင်န်အိတ်ခ်ျကေ

Ref; US DOD: China has over 200 nuclear warheads

#PeopleMedia


Share this post