• Follow Us on

Home တရုတ်နိုင်ငံက ရုရှားကို ပစ္စည်းပစ္စယတွေထောက်ပံ့မယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တရုတ်သမ္မတ ရှီကျင့်ဖိန်ကို သတိပေး

တရုတ်နိုင်ငံက ရုရှားကို ပစ္စည်းပစ္စယတွေထောက်ပံ့မယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တရုတ်သမ္မတ ရှီကျင့်ဖိန်ကို သတိပေး

Share this post

နိုင်ငံတကာ၊ မတ် ၁၉

 

ရုရှားနိုင်ငံဟာ ယူကရိန်းမြို့ကြီးတွေနဲ့ အရပ်သားတွေကို တိုက်ခိုက်နေတဲ့အတွက် တရုတ်နိုင်ငံက ရုရှားနိုင်ငံကို ပစ္စည်းပစ္စယတွေထောက်ပံံ့မယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တရုတ်သမ္မတရှီကျင့်ဖိန်ကို အွန်လိုင်းကတစ်ဆင့် သတိပေးပြောကြားလိုက်ပါတယ်။

 

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးဟာ အွန်လိုင်းကတစ်ဆင့် နှစ်နာရီကြာစကေားပြောဆိုခဲ့တာဖြစ်ပါတယ်။

 

“(ယူကရိန်းစစ်ပွဲ မဖြစ်ပွားအောင်) ကာကွယ်ဖို့ ကြိုးပမ်းခဲ့တာတွေနဲ့ နောက်ပိုင်းမှာ ရုရှားနိုင်ငံကို စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေအပါအဝင် တုံ့ပြန်ဆောင်ရွက်ခဲ့တာတွေကို သမ္မတဂျိုးဘိုင်ဒန်က အသေးစိတ်ပြောပြခဲ့ပါ တယ်။ ရုရှားဟာ ယူကရိန်းနိုင်ငံက မြို့ကြီးတွေနဲ့ အရပ်သားတွေကို တိုက်ခိုက်နေတဲ့အတွက် တရုတ်နိုင်ငံက ရုရှားကို ပစ္စည်းပစ္စယတွေထောက်ပံံ့ခဲ့မယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရလိမ့်မယ်လို့ သမ္မတကြီးက ပြောကြားခဲ့ပါတယ်။” လို့ အိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ရုရှားကျူးကျော်မှုနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုနဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေအပေါ် ကြိုးပမ်းဆောင်ရွက်ခဲ့ တာတွေကို အသေးစိတ်ပြောဆိုခြင်းအပါအဝင် ဒီအကျပ်အတည်းကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင် စု၊ မဟာမိတ်နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ အမြင်တွေကို နှစ်နာရီကြာ လိုရင်းအနှစ်ချုပ်ပြောဆိုခဲ့ကြောင်း အိမ်ဖြူတော်သတင်းပြန်ကြားရေးအတွင်းရေးမှူး ဂျန်းဆာကီက ပြောပါတယ်။

 

“နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ပြောဆိုမှုက ခြေခြေမြစ်မြစ် ထိထိရောက်ရောက်ရှိသလို အသေးစိတ်ပြောဆိုဆွေး နွေးခဲ့တာဖြစ်ပါတယ်။ ဒီအကျပ်အတည်းကနေ အမေရိကန်-တရုတ် ဆက်ဆံရေးအတွက် ဖြစ်လာနိုင်ခြေရှိတာ တွေရယ်၊ ရုရှားနိုင်ငံက ယူကရိန်းကို အကြောင်းမဲ့ မတရားကျူးကျော်တိုက်ခိုက်တာတွေရယ်ကို ခေါင်းဆောင် နှစ်ဦးဟာ နှစ်နာရီကျော်ကြာအောင် ဆွေးနွေးခဲ့ကြပါတယ်။” လို့ အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးက သတင်း ထောက်တွေကို ပြောပါတယ်။

 

“လက်ရှိအကျပ်အတည်းနဲ့ပတ်သက်ပြီး အခြေအနေတိုးတက်လာမှုတွေ၊ ဒီကနေ့ အခြေအနေတွေအပေါ် ဆန်း စစ်လေ့လာအကဲဖြတ်မှုတွေ အသေးစိတ်ကို သမ္မတကြီးဘိုင်ဒန်က သမ္မတရှီကျင့်ဖိန်ကို ပြောကြားခဲ့ပါတယ်။

 

ဒီ အကျပ်အတည်းနဲ့ပတ်သက်ပြီး သမ္မတကြီးဘိုင်ဒန်က သံတမန်နည်းလမ်းနဲ့ဖြေရှင်းဖို့အတွက် ပံ့ပိုးခဲ့တာတွေ ကို အလေးထားပြောကြားခဲ့ပါတယ်။” လို့ အဆိုပါထိပ်တန်းအရာရှိကပြောပါတယ်။

 

Ref: Russia-Ukraine war: Joe Biden warns Xi Jinping of consequences if China gives Russia material support for in

 

#PeopleMedia

 

(unicode)


………………………………………..

 


 


 


 


 


 


 


 


 

Ref: Russia-Ukraine war: Joe Biden warns Xi Jinping of consequences if China gives Russia material support for in

 

#PeopleMedia


Share this post