• Follow Us on

Home တ႐ုတ္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၄၂ ေယာက္ထပ္တိုး

တ႐ုတ္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၄၂ ေယာက္ထပ္တိုး

Share this post

႐ွန္ဟိုင္း၊ ေအာက္တိုဘာ ၂၈
တ႐ုတ္ႏိုင္ငံတြင္ အဂၤါေန႔က ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသည့္လူနာ ၄၂ ေယာက္ထပ္တိုးလာၿပီး ထိုပမာဏ သည္ ၿပီးခဲ့သည့္ ၂ လအတြင္း တ႐ုတ္ႏိုင္ငံတြင္ တေန႔တာအမ်ားဆံုးကူးစက္ခံရသည့္ပမာဏျဖစ္သည္။
တ႐ုတ္ႏိုင္ငံအေနာက္ေျမာက္ပိုင္း႐ွင္ ႐ွင္ဂ်န္းေဒသတြင္ ကူးစက္ခံရမႈျမင့္တက္ခဲ့ၿပီးေနာက္ စံခ်ိန္တင္ကူး စက္မႈျပန္ျဖစ္လာသည္ဟု တ႐ုတ္အမ်ိဳးသားက်န္းမာေရးေကာ္မ႐ွင္က ဗုဒၶဟူးေန႔တြင္ေျပာသည္။
ကူးစက္ခံရသူ ၄၂ ေယာက္တြင္ ၂၂ ေယာက္သည္ ႐ွင္ဂ်န္းေဒသမွျပည္တြင္းကူးစက္လူနာမ်ားျဖစ္ၿပီး ကာ့႐ွ္ဂါၿမိဳ႕တြင္ လူအေျမာက္အျမားကိုစစ္ေဆးၿပီးေနာက္ ေတြ႕႐ွိျခင္းျဖစ္သည္။
ေရာဂါလကၡဏာမျပသူ ၁၉ ေယာက္ကိုေတြ႕႐ွိခဲ့ေၾကာင္းလည္း ေဒသက်န္းမာေရးအာဏာပိုင္မ်ားကေျပာၿပီး ထိုပမာဏသည္ တ႐ုတ္ျပည္မႀကီးတြင္ အဂၤါေန႔အတြက္ ေရာဂါလကၡဏာမျပသည့္လူနာအေရအတြက္၏ တ၀က္ျဖစ္သည္။
ၾသဂုတ္ ၁၀ ရက္ေနာက္ပိုင္းအတည္ျပဳလူနာ ၄၄ ေယာက္႐ွိခဲ့ၿပီးေနာက္ပိုင္း ယခုပမာဏသည္ အမ်ား ဆံုးျဖစ္သည္။
အဂၤါေန႔ေန႔လည္ပိုင္းတြင္ ကာ့႐ွ္ဂါၿမိဳ႕ခံ ၄.၇၅ သန္းကို ေရာဂါစစ္ေဆးခဲ့ၿပီးေၾကာင္း က်န္းမာေရးအရာ႐ွိမ်ား ကေျပာသည္။
ထိုထဲမွ ၁၈၃ ေယာက္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရေၾကာင္း အရာ႐ွိမ်ားကအတည္ျပဳၿပီး မည္သို႔ ကူးစက္ခံရေၾကာင္းမ႐ွင္းလင္းေသးသည့္စက္႐ံုတ႐ံုႏွင့္ဆက္စပ္ေနေၾကာင္းလည္း အသိေပးသည္။
ထို႔ေၾကာင့္ တ႐ုတ္ႏိုင္ငံတြင္အတည္ျပဳလူနာ ၈၅၈၆၈ ေယာက္႐ွိေနၿပီး ေသဆံုးသူ ၄၃၆၄ ေယာက္႐ွိေနသည္။
Ref : Covid-19: China tests entire city of Kashgar in Xinjiang
#PeopleMedia
(unicode)
တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၂ ယောက်ထပ်တိုး
………………………………………
ရှန်ဟိုင်း၊ အောက်တိုဘာ ၂၈
တရုတ်နိုင်ငံတွင် အင်္ဂါနေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့်လူနာ ၄၂ ယောက်ထပ်တိုးလာပြီး ထိုပမာဏ သည် ပြီးခဲ့သည့် ၂ လအတွင်း တရုတ်နိုင်ငံတွင် တနေ့တာအများဆုံးကူးစက်ခံရသည့်ပမာဏဖြစ်သည်။
တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှင် ရှင်ဂျန်းဒေသတွင် ကူးစက်ခံရမှုမြင့်တက်ခဲ့ပြီးနောက် စံချိန်တင်ကူး စက်မှုပြန်ဖြစ်လာသည်ဟု တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။
ကူးစက်ခံရသူ ၄၂ ယောက်တွင် ၂၂ ယောက်သည် ရှင်ဂျန်းဒေသမှပြည်တွင်းကူးစက်လူနာများဖြစ်ပြီး ကာ့ရှ်ဂါမြို့တွင် လူအမြောက်အမြားကိုစစ်ဆေးပြီးနောက် တွေ့ရှိခြင်းဖြစ်သည်။
ရောဂါလက္ခဏာမပြသူ ၁၉ ယောက်ကိုတွေ့ရှိခဲ့ကြောင်းလည်း ဒေသကျန်းမာရေးအာဏာပိုင်များကပြောပြီး ထိုပမာဏသည် တရုတ်ပြည်မကြီးတွင် အင်္ဂါနေ့အတွက် ရောဂါလက္ခဏာမပြသည့်လူနာအရေအတွက်၏ တဝက်ဖြစ်သည်။
သြဂုတ် ၁၀ ရက်နောက်ပိုင်းအတည်ပြုလူနာ ၄၄ ယောက်ရှိခဲ့ပြီးနောက်ပိုင်း ယခုပမာဏသည် အများ ဆုံးဖြစ်သည်။
အင်္ဂါနေ့နေ့လည်ပိုင်းတွင် ကာ့ရှ်ဂါမြို့ခံ ၄.၇၅ သန်းကို ရောဂါစစ်ဆေးခဲ့ပြီးကြောင်း ကျန်းမာရေးအရာရှိများ ကပြောသည်။
ထိုထဲမှ ၁၈၃ ယောက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အရာရှိများကအတည်ပြုပြီး မည်သို့ ကူးစက်ခံရကြောင်းမရှင်းလင်းသေးသည့်စက်ရုံတရုံနှင့်ဆက်စပ်နေကြောင်းလည်း အသိပေးသည်။
ထို့ကြောင့် တရုတ်နိုင်ငံတွင်အတည်ပြုလူနာ ၈၅၈၆၈ ယောက်ရှိနေပြီး သေဆုံးသူ ၄၃၆၄ ယောက်ရှိနေသည်။
Ref : Covid-19: China tests entire city of Kashgar in Xinjiang
#PeopleMedia

Share this post