• Follow Us on

Home တ႐ုတ္ႏိုင္ငံတြင္ ထူးဆန္းသည့္အဆုတ္ေရာင္ေရာဂါ ကူးစက္ခံရသူ ၆၂ ထိရွိလာ

တ႐ုတ္ႏိုင္ငံတြင္ ထူးဆန္းသည့္အဆုတ္ေရာင္ေရာဂါ ကူးစက္ခံရသူ ၆၂ ထိရွိလာ

Share this post

ႏိုင္ငံတကာ၊ ဇန္နဝါရီ -၂၀

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕တြင္ ထူးဆန္းသည္အဆုတ္ေရာင္ေရာဂါကူးစက္ခံရသူ အေရအတြက္မွာ ၆၂ ဦးအထိရွိလာၿပီျဖစ္ေၾကာင္း ဝူဟန္ၿမိဳ႕ အာဏာပိုင္မ်ားက ထုတ္ျပန္လိုက္သည္။

အဆိုပါေရာဂါ ကူးစက္သူ ေနာက္ထပ္ ၁၇ ဦးေတြ႕ရွိေၾကာင္း ဇန္နဝါရီ ၁၉ ရက္တြင္ အတည္ျပဳႏိုင္ခဲ့သည္ဟု ဝူဟန္က်န္းမာေရးတာ၀န္ရွိသူမ်ားကေျပာသည္။

ထူးဆန္းသည့္ အဆုတ္ေရာင္ေရာဂါေၾကာင့္ လူႏွစ္ဦးေသဆုံးသြားၿပီး ရွစ္ဦးမွာ အသက္အႏၲရာယ္စိုးရိမ္ရ သည့္အေျခအေနျဖစ္ကာ ၁၉ ဦးမွာ ေဆး႐ုံမွ ဆင္းသြားၿပီျဖစ္သည္။

ဇန္နဝါရီ ၂၄ ရက္တြင္စတင္မည့္ တ႐ုတ္ႏွစ္သစ္ကူးကာလအတြင္း တ႐ုတ္လူမ်ိဳးသန္းေပါင္းမ်ားစြာ ခရီးသြားၾကရန္ျပင္ဆင္ေနခ်ိန္တြင္ အာဏာပိုင္မ်ားက ယင္းသို႔ ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

ေလဆိပ္ႏွင့္ မီးရထားတာ၀န္ရွိသူမ်ားသည္ ခရီးသည္မ်ား၏ ခႏၶာကိုယ္အပူခ်ိန္ကို တိုင္းတာရန္ဒီဇိုင္းျပဳလုပ္ထားေသာ ကိရိယာမ်ားကိုအသုံးျပဳၿပီး ၎တို႔၏စစ္ေဆးမႈမ်ားကို အရွိန္ျမႇင့္ လုပ္ေဆာင္ေနသည္။

ဤအေတာအတြင္း ဝူဟန္ၿမိဳ႕ျပင္ပရွိ တ႐ုတ္ျပည္မႀကီးတြင္ အဆိုပါေရာဂါကူးစက္ခံရသည္ဟု သံသယရွိသူ သုံးဦးေတြ႕ရွိထားေၾကာင္း South China Morning Post သတင္းစာကေဖာ္ျပထားသည္။

ဂ်ပန္ႏိုင္ငံတြင္ဝူဟန္ၿမိဳ႕မွာ ျပန္လာသူတစ္ဦးတြင္ ေရာဂါကူးစက္ခံထားရေၾကာင္း အတည္ျပဳထားၿပီး ထိုင္းႏိုင္ငံတြင္လည္း အဆိုပါၿမိဳ႕မွျပန္လာသည့္ ခရီးသြားအမ်ိဳးသမီးႏွစ္ဦး၌ ေရာဂါကူးစက္ခံထားရေၾကာင္း အာဏာပိုင္မ်ားက ထုတ္ေဖာ္ေျပာဆိုထားသည္။

Ref : Wuhan officials: 62 people infected with new virus

#peoplemedia #EPN

(unicode)
တရုတ်နိုင်ငံတွင် ထူးဆန်းသည့်အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူ ၆၂ ထိရှိလာ
………………………………………………………………………………

နိုင်ငံတကာ၊ ဇန်နဝါရီ -၂၀

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ထူးဆန်းသည်အဆုတ်ရောင်ရောဂါကူးစက်ခံရသူ အရေအတွက်မှာ ၆၂ ဦးအထိရှိလာပြီဖြစ်ကြောင်း ဝူဟန်မြို့ အာဏာပိုင်များက ထုတ်ပြန်လိုက်သည်။

အဆိုပါရောဂါ ကူးစက်သူ နောက်ထပ် ၁၇ ဦးတွေ့ရှိကြောင်း ဇန်နဝါရီ ၁၉ ရက်တွင် အတည်ပြုနိုင်ခဲ့သည်ဟု ဝူဟန်ကျန်းမာရေးတာ၀န်ရှိသူများကပြောသည်။

ထူးဆန်းသည့် အဆုတ်ရောင်ရောဂါကြောင့် လူနှစ်ဦးသေဆုံးသွားပြီး ရှစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရ သည့်အခြေအနေဖြစ်ကာ ၁၉ ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။

ဇန်နဝါရီ ၂၄ ရက်တွင်စတင်မည့် တရုတ်နှစ်သစ်ကူးကာလအတွင်း တရုတ်လူမျိုးသန်းပေါင်းများစွာ ခရီးသွားကြရန်ပြင်ဆင်နေချိန်တွင် အာဏာပိုင်များက ယင်းသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

လေဆိပ်နှင့် မီးရထားတာ၀န်ရှိသူများသည် ခရီးသည်များ၏ ခန္ဓာကိုယ်အပူချိန်ကို တိုင်းတာရန်ဒီဇိုင်းပြုလုပ်ထားသော ကိရိယာများကိုအသုံးပြုပြီး ၎င်းတို့၏စစ်ဆေးမှုများကို အရှိန်မြှင့် လုပ်ဆောင်နေသည်။

ဤအတောအတွင်း ဝူဟန်မြို့ပြင်ပရှိ တရုတ်ပြည်မကြီးတွင် အဆိုပါရောဂါကူးစက်ခံရသည်ဟု သံသယရှိသူ သုံးဦးတွေ့ရှိထားကြောင်း South China Morning Post သတင်းစာကဖော်ပြထားသည်။

ဂျပန်နိုင်ငံတွင်ဝူဟန်မြို့မှာ ပြန်လာသူတစ်ဦးတွင် ရောဂါကူးစက်ခံထားရကြောင်း အတည်ပြုထားပြီး ထိုင်းနိုင်ငံတွင်လည်း အဆိုပါမြို့မှပြန်လာသည့် ခရီးသွားအမျိုးသမီးနှစ်ဦး၌ ရောဂါကူးစက်ခံထားရကြောင်း အာဏာပိုင်များက ထုတ်ဖော်ပြောဆိုထားသည်။

Ref : Wuhan officials: 62 people infected with new virus

#peoplemedia #EPN


Share this post