• Follow Us on

Home တ႐ုတ္ႏိုင္ငံတြင္ ပရီးမီယားလိဂ္ထုတ္လႊင့္ျပသခြင့္ကို ခ်က္ခ်င္းသက္ေရာက္သည့္အမိန္႔ျဖင့္ရပ္ဆိုင္း

တ႐ုတ္ႏိုင္ငံတြင္ ပရီးမီယားလိဂ္ထုတ္လႊင့္ျပသခြင့္ကို ခ်က္ခ်င္းသက္ေရာက္သည့္အမိန္႔ျဖင့္ရပ္ဆိုင္း

Share this post

လန္ဒန္၊ စက္တင္ဘာ ၄

ေပါင္ ၅၆၄ သန္းတန္ေၾကး႐ွိတ႐ုတ္ႏိုင္ငံတြင္႐ုပ္သံထုတ္လႊင့္ျပသခြင့္လိုင္စင္ကို ခ်က္ခ်င္းသက္ေရာက္ေစ သည့္အမိန္႔ျဖင့္ ပရီးမီးယားလိဂ္ကရပ္ဆိုင္းလိုက္သည္။

တ႐ုတ္ႏိုင္ငံသည္ အဂၤလန္အဆင့္ျမင့္ၿပိဳင္ပြဲ၏ျပည္ပ႐ုပ္သံမူပိုင္ခြင့္အျမတ္အမ်ားဆံုးေပးသည့္နယ္ေျမျဖစ္ၿပီး ၂၀၁၉ ခုႏွစ္တြင္ ၃ ရာသီစာစာခ်ဳပ္ခ်ဳပ္ဆိုထားသည္။

ရပ္ဆိုင္းရသည့္အေၾကာင္းရင္းသည္ ဘ႑ာေရးေၾကာင့္ထက္ ႏိုင္ငံေရးေၾကာင့္ျဖစ္သည္ဟု နားလည္ထားသည္ဆိုၿပီး BBC ကေဖာ္ျပသည္။

မတ္လတြင္ေနာက္ဆံုးေပးရမည့္ေပါင္သန္း ၁၆၀ ကို တ႐ုတ္ႏိုင္ငံတြင္ထုတ္လႊင့္ျပသသည့္ PPTV ကမေပးေသးဘဲ ဆိုင္းထားေၾကာင္းသိရသည္ဟု BBC ကေဖာ္ျပသည္။

နယ္ေျမအတြင္းထုတ္လႊင့္ခြင့္လိုင္စင္အေပၚ တ႐ုတ္ႏိုင္ငံႏွင့္သေဘာတူညီခ်က္ကို ထိုေန႔တြင္ပင္စတင္ရပ္ဆိုင္းေၾကာင္း ၾကာသပေတးေန႔ကထုတ္ျပန္ခ်က္တြင္ ပရီးမီးယားလိဂ္ကေျပာသည္။

ထိုျဖစ္ရပ္အတြက္ တစံုတရာမွတ္ခ်က္မျပဳလိုေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ပါ၀င္သည္။

PPTV ကို စီးရီးေအကလပ္အင္တာမီလန္အသင္းတြင္လည္း ႐ွယ္ယာတစိတ္တပိုင္းပိုင္ဆိုင္သည့္ Suning Holdings ကုမၸဏီကပိုင္ဆိုင္ျခင္းျဖစ္သည္။

Ref : Premier League rights: China deal terminated with immediate effect

#PeopleMedia

(unicode)
တရုတ်နိုင်ငံတွင် ပရီးမီယားလိဂ်ထုတ်လွှင့်ပြသခွင့်ကို ချက်ချင်းသက်ရောက်သည့်အမိန့်ဖြင့်ရပ်ဆိုင်း
…………………………………………………

လန်ဒန်၊ စက်တင်ဘာ ၄

ပေါင် ၅၆၄ သန်းတန်ကြေးရှိတရုတ်နိုင်ငံတွင်ရုပ်သံထုတ်လွှင့်ပြသခွင့်လိုင်စင်ကို ချက်ချင်းသက်ရောက်စေ သည့်အမိန့်ဖြင့် ပရီးမီးယားလိဂ်ကရပ်ဆိုင်းလိုက်သည်။

တရုတ်နိုင်ငံသည် အင်္ဂလန်အဆင့်မြင့်ပြိုင်ပွဲ၏ပြည်ပရုပ်သံမူပိုင်ခွင့်အမြတ်အများဆုံးပေးသည့်နယ်မြေဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ၃ ရာသီစာစာချုပ်ချုပ်ဆိုထားသည်။

ရပ်ဆိုင်းရသည့်အကြောင်းရင်းသည် ဘဏ္ဍာရေးကြောင့်ထက် နိုင်ငံရေးကြောင့်ဖြစ်သည်ဟု နားလည်ထားသည်ဆိုပြီး BBC ကဖော်ပြသည်။

မတ်လတွင်နောက်ဆုံးပေးရမည့်ပေါင်သန်း ၁၆၀ ကို တရုတ်နိုင်ငံတွင်ထုတ်လွှင့်ပြသသည့် PPTV ကမပေးသေးဘဲ ဆိုင်းထားကြောင်းသိရသည်ဟု BBC ကဖော်ပြသည်။

နယ်မြေအတွင်းထုတ်လွှင့်ခွင့်လိုင်စင်အပေါ် တရုတ်နိုင်ငံနှင့်သဘောတူညီချက်ကို ထိုနေ့တွင်ပင်စတင်ရပ်ဆိုင်းကြောင်း ကြာသပတေးနေ့ကထုတ်ပြန်ချက်တွင် ပရီးမီးယားလိဂ်ကပြောသည်။

ထိုဖြစ်ရပ်အတွက် တစုံတရာမှတ်ချက်မပြုလိုကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

PPTV ကို စီးရီးအေကလပ်အင်တာမီလန်အသင်းတွင်လည်း ရှယ်ယာတစိတ်တပိုင်းပိုင်ဆိုင်သည့် Suning Holdings ကုမ္ပဏီကပိုင်ဆိုင်ခြင်းဖြစ်သည်။

Ref : Premier League rights: China deal terminated with immediate effect

#PeopleMedia


Share this post