• Follow Us on

Home တ႐ုတ္ႏိုင္ငံထုတ္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို ဘာရိန္းႏိုင္ငံတြင္ အသံုးျပဳခြင့္ေပး

တ႐ုတ္ႏိုင္ငံထုတ္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို ဘာရိန္းႏိုင္ငံတြင္ အသံုးျပဳခြင့္ေပး

Share this post

မာနားမား၊ ဒီဇင္ဘာ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တ႐ုတ္ႏိုင္ငံ႐ွိ ဆင္ႏိုဖာမ္ကုမၸဏီကထုတ္လုပ္သည့္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို ဘာရိန္းႏိုင္ငံက ခြင့္ျပဳလိုက္ၿပီး ထိုေဆးကိုလက္ခံရန္ ႏိုင္ငံသားမ်ားအတြက္ အြန္လိုင္းမွမွတ္ပံုတင္ျခင္းလုပ္ငန္းစတင္ေနသည္။

ဆင္ႏိုဖာမ္ကုမၸဏီကထုတ္လုပ္ေနသည့္ေဆး ၂ မ်ိဳးအနက္ မည္သည့္ေဆးကိုခြင့္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း အမ်ိဳး သားက်န္းမာေရးစည္းကမ္းထိန္းသိမ္းမႈအာဏာပိုင္အဖြဲ႕က အတိအက်ထုတ္ေျပာျခင္းမ႐ွိေသာ္လည္း ဘာရိန္းႏိုင္ငံပါ၀င္ခဲ့သည့္အဆင့္ ၃ စမ္းသပ္အသံုးျပဳမႈမ်ားအရ ေဆးသည္ ၈၆ ရာခိုင္ႏႈန္းအစြမ္းထက္ေၾကာင္း ေျပာသည္။

ေဆးအခမဲ့ထိုးေပးရန္ အသက္ ၁၈ ႏွစ္အထက္ႏိုင္ငံသားႏွင့္ေဒသခံအားလံုး ေလွ်ာက္ထားႏိုင္ေၾကာင္း က်န္းမာေရး၀န္ႀကီးဌာနကထုတ္ျပန္သည္။

ထိုရလဒ္သည္ ယခုလအေစာပိုင္းတြင္ ယူေအအီးႏိုင္ငံကထုတ္ျပန္ခဲ့သည့္ ဆင္ႏိုဖာမ္၏လက္ခြဲျဖစ္ေသာ CNBG ကုမၸဏီ၏ကာကြယ္ေဆးကို ၾကားျဖတ္ခြဲျခမ္းစိတ္ျဖာေလ့လာမႈ၏ရလဒ္ႏွင့္တူညီေနသည္။

ဇူလိုင္လတြင္ ယူေအအီးႏိုင္ငံက အဆင့္ ၃ စမ္းသပ္မႈစတင္ခဲ့ၿပီး ဘာရိန္း၊ ေဂ်ာ္ဒန္ႏွင့္ အီဂ်စ္တို႔တြင္လည္း စမ္းသပ္ခဲ့သည္။

ယခုျဖစ္ရပ္အတြက္ ဆင္ႏိုဖာမ္သာမက CNBG ကပါ မွတ္ခ်က္မျပဳေသးေခ်။

ယခုလအေစာပိုင္းတြင္လည္း ဘာရိန္းႏိုင္ငံက ဖိုင္ဇာႏွင့္ဘိုင္ယြန္းတက္ခ္တို႔ပူးေပါင္းထုတ္လုပ္သည့္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို အေရးေပၚအသံုးျပဳခြင့္ေပးခဲ့သည္။

Ref : Bahrain approves Chinese coronavirus vaccine, after Peru suspends trial

#PeopleMedia

(unicode)
တရုတ်နိုင်ငံထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဘာရိန်းနိုင်ငံတွင် အသုံးပြုခွင့်ပေး
…………………………………………….

မာနားမား၊ ဒီဇင်ဘာ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တရုတ်နိုင်ငံရှိ ဆင်နိုဖာမ်ကုမ္ပဏီကထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဘာရိန်းနိုင်ငံက ခွင့်ပြုလိုက်ပြီး ထိုဆေးကိုလက်ခံရန် နိုင်ငံသားများအတွက် အွန်လိုင်းမှမှတ်ပုံတင်ခြင်းလုပ်ငန်းစတင်နေသည်။

ဆင်နိုဖာမ်ကုမ္ပဏီကထုတ်လုပ်နေသည့်ဆေး ၂ မျိုးအနက် မည်သည့်ဆေးကိုခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း အမျိုး သားကျန်းမာရေးစည်းကမ်းထိန်းသိမ်းမှုအာဏာပိုင်အဖွဲ့က အတိအကျထုတ်ပြောခြင်းမရှိသော်လည်း ဘာရိန်းနိုင်ငံပါဝင်ခဲ့သည့်အဆင့် ၃ စမ်းသပ်အသုံးပြုမှုများအရ ဆေးသည် ၈၆ ရာခိုင်နှုန်းအစွမ်းထက်ကြောင်း ပြောသည်။

ဆေးအခမဲ့ထိုးပေးရန် အသက် ၁၈ နှစ်အထက်နိုင်ငံသားနှင့်ဒေသခံအားလုံး လျှောက်ထားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်သည်။

ထိုရလဒ်သည် ယခုလအစောပိုင်းတွင် ယူအေအီးနိုင်ငံကထုတ်ပြန်ခဲ့သည့် ဆင်နိုဖာမ်၏လက်ခွဲဖြစ်သော CNBG ကုမ္ပဏီ၏ကာကွယ်ဆေးကို ကြားဖြတ်ခွဲခြမ်းစိတ်ဖြာလေ့လာမှု၏ရလဒ်နှင့်တူညီနေသည်။

ဇူလိုင်လတွင် ယူအေအီးနိုင်ငံက အဆင့် ၃ စမ်းသပ်မှုစတင်ခဲ့ပြီး ဘာရိန်း၊ ဂျော်ဒန်နှင့် အီဂျစ်တို့တွင်လည်း စမ်းသပ်ခဲ့သည်။

ယခုဖြစ်ရပ်အတွက် ဆင်နိုဖာမ်သာမက CNBG ကပါ မှတ်ချက်မပြုသေးချေ။

ယခုလအစောပိုင်းတွင်လည်း ဘာရိန်းနိုင်ငံက ဖိုင်ဇာနှင့်ဘိုင်ယွန်းတက်ခ်တို့ပူးပေါင်းထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးခဲ့သည်။

Ref : Bahrain approves Chinese coronavirus vaccine, after Peru suspends trial

#PeopleMedia


Share this post