• Follow Us on

Home တ႐ုတ္ႏိုင္ငံနယ္စပ္ ဂိတ္မ်ားကို ေခတၱပိတ္ေပးရန္ ျမစ္ႀကီးနား၌ ဆႏၵျပေတာင္းဆို

တ႐ုတ္ႏိုင္ငံနယ္စပ္ ဂိတ္မ်ားကို ေခတၱပိတ္ေပးရန္ ျမစ္ႀကီးနား၌ ဆႏၵျပေတာင္းဆို

Share this post

ျမစ္ႀကီးနား၊ ေဖေဖာ္ဝါရီ ၂၄

တ႐ုတ္ႏိုင္ငံတြင္ ျဖစ္ပြားေနေသာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါမ်ားကို ျမန္မာႏိုင္ငံအတြင္း ကပ္ဆိုက္ေရာက္လာမႈ မရွိေစရန္အတြက္ ျမန္မာ -တ႐ုတ္ နယ္စပ္ဝင္အထြက္ဂိတ္မ်ားကို ေခတၱပိတ္ထားေပးရန္ ျမစ္ႀကီးနားၿမိဳ႕ စိမ္းျမဧရာပန္းၿခံေရွ႕တြင္ ဝိုင္းေမာ္ၿမိဳ႕ႏွင့္ ျမစ္ႀကီးနားၿမိဳ႕တို႔မွ ေဒသခံတစ္ခ်ိဳ႕က မတ္သပ္ရပ္ေတာင္းဆို ဆႏၵထုတ္ေဖၚခဲ့ၾကသည္။

တ႐ုတ္ႏိုင္ငံ အလယ္ပိုင္း ဝူဟန္ၿမိဳ႕ မွ စတင္ကူးစက္လာသည့္ 2019 Novel Corona Virus (COVID-19) ျမန္မာႏိုင္ငံ အတြင္းတြင္ ဝင္ေရာက္မႈမရွိေသးေသာ္လည္း အစိုးရအေနျဖင့္ ႀကိဳတင္ကာကြယ္ေပး ရန္အတြက္ ကခ်င္ျပည္နယ္အတြင္းရွိ ျမန္မာ-တ႐ုတ္ နယ္စပ္ဂိတ္အဝင္အထြက္ ေပါက္မ်ားကို ေခတၱပိတ္ေပးရန္ ဆႏၵျပေတာင္းဆိုရျခင္းျဖစ္သည္။

“အမ်ားျပည္သူမသိရွိထားတဲ့ ကို႐ိုနာဗိုင္းရပ္စ္က အရမ္းကိုအေရးႀကီးတယ္ဆိုတာေျပာခ်င္တယ္။ ဘာလို႔ေျပာျပခ်င္လဲဆိုရင္ က်မတို႔ရဲ႕ နယ္စပ္ေပါက္က ေရာဂါျဖစ္တဲ့နယ္စပ္နဲ႔ အရမ္းကို အနီးဆုံးျဖစ္ပါတယ္။ ဒါေၾကာင့္မို႔မသိေသးတဲ့ ျပည္သူလူေတြကို ေဆာ္ေအာျခင္းျဖစ္ပါတယ္။ အခု ေလာေလာဆယ္ေတာ့ က်မတို႔ဆီမွာ ျဖစ္တာမရွိေသးဘူး။ ဒါေပမယ့္ တ႐ုတ္ကားေတြအမ်ားႀကီး ဝင္လာတယ္။ ဒါေၾကာင့္ ေခတၱပတ္ထားဖို႔ေတာင္းဆိုခ်င္တယ္” ဟု ဆႏၵျပဦးေဆာင္သူ ေဒၚထူးက ေျပာသည္။

ကခ်င္ျပည္နယ္အတြင္းရွိ ျမန္မာ-တ႐ုတ္နယ္စပ္ ရွိ တရားဝင္နယ္စပ္ဂိတ္သုံးခုျဖစ္သည့္ ကန္ပိုက္ တည္ဂိတ္၊ ပန္ဝါဂိတ္၊ လြယ္ဂ်ယ္ဂိတ္တို႔တြင္ တ႐ုတ္ႏိုင္ငံဘက္မွ ဝင္ေရာက္မႈမ်ားႏွင့္ ကားႀကီးမ်ား ျဖတ္သန္းသြားလာမႈမ်ားရွိေနေသာေၾကာင့္ ျပည္ သူလူထုအေနျဖင့္ဗိုင္းရပ္စ္ပိုးဝင္ေရာက္လာမည္ကို စိုးရိမ္လ်က္ရွိေနၿပီး ယင္းအဝင္အထြက္မ်ားကို ေရာဂါကူးစက္သည့္ ကာလအတြင္း ယာယီပိတ္ဆို႔ေပး ရန္ ဆႏၵျပ ေတာင္းဆိုရျခင္း ျဖစ္ေၾကာင္း ယင္း ဆႏၵျပပြဲ၌ ပါဝင္လာသူမ်ားကဆိုသည္။

ကို႐ိုနာဗိုင္းရပ္စ္သည္ လက္ရွိကမၻာ့ႏိုင္ငံ (၃၃)ႏိုင္ငံသို႔ ဆိုက္ေရာက္လ်က္ရွိေနၿပီး ကူးစက္ခံရသူလူဦးေရစုစုေပါင္း (၇၉၅၆၁)ဦးေသဆုံးသူ (၂၆၉၁)ဦး ရွိေနၿပီး သက္သာ ေပ်ာက္ကင္းသူဦးေရ (၂၅၀၃၀) အထိရွိလာၿပီျဖစ္ေၾကာင္း ႏိုင္ငံတကာ သတင္း စာမ်က္ႏွာမ်ားတြင္ ေရးသားေဖာ္ျပထားသည္။

#PeopleMedia

(unicode)
တရုတ်နိုင်ငံနယ်စပ် ဂိတ်များကို ခေတ္တပိတ်ပေးရန် မြစ်ကြီးနား၌ ဆန္ဒပြတောင်းဆို
……………………………………………………………………………..

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၄

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ရောဂါများကို မြန်မာနိုင်ငံအတွင်း ကပ်ဆိုက်ရောက်လာမှု မရှိစေရန်အတွက် မြန်မာ -တရုတ် နယ်စပ်ဝင်အထွက်ဂိတ်များကို ခေတ္တပိတ်ထားပေးရန် မြစ်ကြီးနားမြို့ စိမ်းမြဧရာပန်းခြံရှေ့တွင် ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့တို့မှ ဒေသခံတစ်ချို့က မတ်သပ်ရပ်တောင်းဆို ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ မှ စတင်ကူးစက်လာသည့် 2019 Novel Corona Virus (COVID-19) မြန်မာနိုင်ငံ အတွင်းတွင် ဝင်ရောက်မှုမရှိသေးသော်လည်း အစိုးရအနေဖြင့် ကြိုတင်ကာကွယ်ပေး ရန်အတွက် ကချင်ပြည်နယ်အတွင်းရှိ မြန်မာ-တရုတ် နယ်စပ်ဂိတ်အဝင်အထွက် ပေါက်များကို ခေတ္တပိတ်ပေးရန် ဆန္ဒပြတောင်းဆိုရခြင်းဖြစ်သည်။

“အများပြည်သူမသိရှိထားတဲ့ ကိုရိုနာဗိုင်းရပ်စ်က အရမ်းကိုအရေးကြီးတယ်ဆိုတာပြောချင်တယ်။ ဘာလို့ပြောပြချင်လဲဆိုရင် ကျမတို့ရဲ့ နယ်စပ်ပေါက်က ရောဂါဖြစ်တဲ့နယ်စပ်နဲ့ အရမ်းကို အနီးဆုံးဖြစ်ပါတယ်။ ဒါကြောင့်မို့မသိသေးတဲ့ ပြည်သူလူတွေကို ဆော်အောခြင်းဖြစ်ပါတယ်။ အခု လောလောဆယ်တော့ ကျမတို့ဆီမှာ ဖြစ်တာမရှိသေးဘူး။ ဒါပေမယ့် တရုတ်ကားတွေအများကြီး ဝင်လာတယ်။ ဒါကြောင့် ခေတ္တပတ်ထားဖို့တောင်းဆိုချင်တယ်” ဟု ဆန္ဒပြဦးဆောင်သူ ဒေါ်ထူးက ပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ မြန်မာ-တရုတ်နယ်စပ် ရှိ တရားဝင်နယ်စပ်ဂိတ်သုံးခုဖြစ်သည့် ကန်ပိုက် တည်ဂိတ်၊ ပန်ဝါဂိတ်၊ လွယ်ဂျယ်ဂိတ်တို့တွင် တရုတ်နိုင်ငံဘက်မှ ဝင်ရောက်မှုများနှင့် ကားကြီးများ ဖြတ်သန်းသွားလာမှုများရှိနေသောကြောင့် ပြည် သူလူထုအနေဖြင့်ဗိုင်းရပ်စ်ပိုးဝင်ရောက်လာမည်ကို စိုးရိမ်လျက်ရှိနေပြီး ယင်းအဝင်အထွက်များကို ရောဂါကူးစက်သည့် ကာလအတွင်း ယာယီပိတ်ဆို့ပေး ရန် ဆန္ဒပြ တောင်းဆိုရခြင်း ဖြစ်ကြောင်း ယင်း ဆန္ဒပြပွဲ၌ ပါဝင်လာသူများကဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်သည် လက်ရှိကမ္ဘာ့နိုင်ငံ (၃၃)နိုင်ငံသို့ ဆိုက်ရောက်လျက်ရှိနေပြီး ကူးစက်ခံရသူလူဦးရေစုစုပေါင်း (၇၉၅၆၁)ဦးသေဆုံးသူ (၂၆၉၁)ဦး ရှိနေပြီး သက်သာ ပျောက်ကင်းသူဦးရေ (၂၅၀၃၀) အထိရှိလာပြီဖြစ်ကြောင်း နိုင်ငံတကာ သတင်း စာမျက်နှာများတွင် ရေးသားဖော်ပြထားသည်။

#PeopleMedia


Share this post