• Follow Us on

Home တ႐ုတ္ႏိုင္ငံမွရခိုင္ျပည္နယ္ရွိျပည္သူမ်ားစီးပြားေရးဖြံၿဖိဳးတိုးတက္အေရးအတြက္ယြမ္သန္း (၂၀၀)ေပးအပ္မည္

တ႐ုတ္ႏိုင္ငံမွရခိုင္ျပည္နယ္ရွိျပည္သူမ်ားစီးပြားေရးဖြံၿဖိဳးတိုးတက္အေရးအတြက္ယြမ္သန္း (၂၀၀)ေပးအပ္မည္

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၂

တ႐ုတ္ႏိုင္ငံအေနျဖင့္ ရခိုင္ျပည္နယ္ရွိ ျပည္သူမ်ား၏ လူမႈ စီးပြားဘဝမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေထာက္ပံ့ေငြအျဖစ္ ျမန္မာအစိုးရသို႔ ယြမ္သန္း ၂၀၀ ေပးအပ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ တ႐ုတ္ျပည္သူ့သမၼတႏိုင္ငံ တ႐ုတ္ကြန္ျမဴနစ္ပါတီ၊ ဗဟိုေကာ္မတီ ႏိုင္ငံေရးဗ်ဴ႐ိုအဖြဲ႕ဝင္ မစၥတာ ရန္က်ဲ႕ခ်ိ အား ယေန႔ မြန္းလြဲ ၃ နာရီတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္သမၼတအိမ္ေတာ္ သံတမန္ေဆာင္ ဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံစဉ္ တ႐ုတ္ႏိုင္ငံဘက္မွ အထက္ပါအတိုင္းထည့္သြင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ တ႐ုတ္ႏိုင္ငံအေနျဖင့္ ရခိုင္ျပည္နယ္အေရး ေျဖရွင္းေရးကိစၥႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံ၏ ႀကိဳးပမ္းေဆာင္ရြက္မႈမ်ားကို ဆက္လက္အားေပးေထာက္ခံေၾကာင္း၊ ေနရပ္စြန္႔ခြာသူမ်ား ျပန္လည္လက္ခံေရးလုပ္ငန္းစဉ္မ်ား ေအာင္ျမင္ေရးအတြက္ ဆက္လက္ ကူညီပံ့ပိုးသြားမည္ျဖစ္ေၾကာင္း၊ ေဒသတြင္းႏွင့္ ကုလသမဂၢ အပါအဝင္ ႏိုင္ငံတကာ မ်က္ႏွာစာတြင္ ျမန္မာႏိုင္ငံဘက္မွ ဆက္လက္ရပ္တည္ေထာက္ခံသြားမည္ ျဖစ္ေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံ ထုတ္ျပန္ခ်က္အရ သိရသည္။

ေဆြးေႏြးပြဲတြင္ ႏွစ္ႏိုင္ငံအဆင့္ျမင့္ေခါင္းေဆာင္မ်ားအၾကား ထိေတြ႕ဆက္ဆံမႈမ်ား ဆက္လက္ျမႇင့္တင္သြားေရး၊ တ႐ုတ္ႏိုင္ငံက ကိုဗစ္-၁၉ ကပ္ေရာဂါကာကြယ္ေဆး စတင္ ျဖန္႔ေဝသည့္ အခ်ိန္တြင္ ျမန္မာႏိုင္ငံသို႔ ေထာက္ပံ့သြားေရး၊ တ႐ုတ္သမၼတ မစၥတာ ရွီက်င့္ဖ်င္၏ ျမန္မာႏိုင္ငံခရီးစဉ္အတြင္း ႏွစ္ဖက္သေဘာတူညီမႈ ရရွိခဲ့သည့္ အက်ိဳးတူ စီမံကိန္းမ်ား အရွိန္အဟုန္မျပတ္ ဆက္လက္အေကာင္အထည္ေဖာ္ေဆာင္ေရး ကိစၥမ်ား ေဆြးေႏြးၾကသည္။

ဆက္လက္ၿပီး ႏွစ္ႏိုင္ငံ နယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရး၊ ျမန္မာႏိုင္ငံ၏ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဉ္မ်ားအတြက္ တ႐ုတ္ႏိုင္ငံက အျပဳသေဘာ ဆက္လက္ကူညီပံ့ပိုး သြားေရး၊ ႏွစ္ႏိုင္ငံနယ္စပ္ေဒသမ်ားတြင္ ေလာင္းကစား အပါအဝင္ တရားမဝင္ကိစၥရပ္ မ်ားကို ပူးတြဲတိုက္ဖ်က္သြားေရး၊ ကိုဗစ္-၁၉ ကပ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး လုပ္ငန္းမ်ားတြင္ ႏွစ္ႏိုင္ငံ ဆက္လက္ပူးေပါင္းေဆာင္ရြက္သြားေရး၊ ျမန္မာႏိုင္ငံမွ ေႂကြးၿမီ ေပးဆပ္မည့္ကာလကို တ႐ုတ္ႏိုင္ငံက ေရႊ႕ဆိုင္းေပးျခင္းျဖင့္ အကူအညီေပးအပ္ သြားမည့္ကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ၾကေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ထုတ္ျပန္ခ်က္မွ သိရသည္။

ႏွစ္ႏိုင္ငံေဆြးေႏြးပြဲသို႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္အတူ ျပည္ေထာင္စုဝန္ႀကီးမ်ား ျဖစ္ၾကသည့္ ဦးေက်ာ္တင့္ေဆြ၊ ဦးစိုးဝင္း၊ ဦးေသာင္းထြန္း၊ ဦးေက်ာ္တင္၊ ဦးသန္႔စင္ေမာင္၊ ေဒါက္တာသန္းျမင့္ႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကၿပီး တ႐ုတ္ကြန္ျမဴနစ္ပါတီ၊ ဗဟိုေကာ္မတီ ႏိုင္ငံေရးဗ်ဴ႐ိုအဖြဲ႕ဝင္ႏွင့္အတူ အဆင့္ျမင့္အရာရွိႀကီးမ်ားႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး မစၥတာခ်န္းဟိုင္တို႔ တက္ေရာက္ၾကသည္။

#PeopleMedia

(unicode)
တရုတ်နိုင်ငံမှရခိုင်ပြည်နယ်ရှိပြည်သူများစီးပွားရေးဖွံဖြိုးတိုးတက်အရေးအတွက်ယွမ်သန်း (၂၀၀)ပေးအပ်မည်
……………………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၂

တရုတ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ငွေအဖြစ် မြန်မာအစိုးရသို့ ယွမ်သန်း ၂၀၀ ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ရန်ကျဲ့ချိ အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် တရုတ်နိုင်ငံဘက်မှ အထက်ပါအတိုင်းထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေး ဖြေရှင်းရေးကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက်အားပေးထောက်ခံကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဆက်လက် ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည်ထောက်ခံသွားမည် ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံ ထုတ်ပြန်ချက်အရ သိရသည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံအဆင့်မြင့်ခေါင်းဆောင်များအကြား ထိတွေ့ဆက်ဆံမှုများ ဆက်လက်မြှင့်တင်သွားရေး၊ တရုတ်နိုင်ငံက ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး စတင် ဖြန့်ဝေသည့် အချိန်တွင် မြန်မာနိုင်ငံသို့ ထောက်ပံ့သွားရေး၊ တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်ဖက်သဘောတူညီမှု ရရှိခဲ့သည့် အကျိုးတူ စီမံကိန်းများ အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရေး ကိစ္စများ ဆွေးနွေးကြသည်။

ဆက်လက်ပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် တရုတ်နိုင်ငံက အပြုသဘော ဆက်လက်ကူညီပံ့ပိုး သွားရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် လောင်းကစား အပါအဝင် တရားမဝင်ကိစ္စရပ် များကို ပူးတွဲတိုက်ဖျက်သွားရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံမှ ကြွေးမြီ ပေးဆပ်မည့်ကာလကို တရုတ်နိုင်ငံက ရွှေ့ဆိုင်းပေးခြင်းဖြင့် အကူအညီပေးအပ် သွားမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်မှ သိရသည်။

နှစ်နိုင်ငံဆွေးနွေးပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဦးစိုးဝင်း၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ ဦးသန့်စင်မောင်၊ ဒေါက်တာသန်းမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့်အတူ အဆင့်မြင့်အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ တက်ရောက်ကြသည်။

#PeopleMedia


Share this post