• Follow Us on

Home တ႐ုတ္ႏိုင္ငံမွ ရုပ္သံဘေလာ့ဂါတစ္ေယာက္ အြန္လိုင္းတြင္ တိုက္႐ုိုက္ထုတ္လႊင့္ေနစဥ္ ခင္ပြန္းေဟာင္းက မီး႐ွိဳ႕သတ္ျဖတ္သျဖင့္ ေသဆံုး

တ႐ုတ္ႏိုင္ငံမွ ရုပ္သံဘေလာ့ဂါတစ္ေယာက္ အြန္လိုင္းတြင္ တိုက္႐ုိုက္ထုတ္လႊင့္ေနစဥ္ ခင္ပြန္းေဟာင္းက မီး႐ွိဳ႕သတ္ျဖတ္သျဖင့္ ေသဆံုး

Share this post

႐ွန္ဟိုင္း၊ ေအာက္တိုဘာ ၂
တ႐ုတ္ႏိုင္ငံမွ လူသိမ်ားသည့္႐ုပ္သံဘေလာ့ဂါတစ္ေယာက္က တိုက္႐ိုက္ထုတ္လႊင့္ရန္စီစဥ္ေနစဥ္ ခင္ပြန္းေဟာင္းျဖစ္သူက သူ႔ကို ဓာတ္ဆီေလာင္းၿပီး မီး႐ွိဳ႕သတ္မႈျဖစ္ပြားခဲ့သည္။
ေသဆံုးသူ လာမူမွာ တစ္ေတာ့၏တ႐ုတ္ပံုစံျဖစ္ေသာဒိုယင္းတြင္ နာမည္ႀကီးၿပီး သူ႔ဗီဒီယိုမ်ားကိုေစာင့္ၾကည့္ရန္ လူသိန္းခ်ီက အဆင္သင့္႐ွိၾကသည္။
ယခုမီးေလာင္မႈေၾကာင့္ ခႏၶာကုိယ္ ၉၀ ရာခိုင္ႏႈန္းတြင္ မီးေလာင္ဒဏ္ရာရခဲ့ၿပီး မီးေလာင္ၿပီး ၂ ပတ္အၾကာတြင္ ေသဆံုးခဲ့သည္။
တ႐ုတ္ႏိုင္ငံတြင္ အမ်ိဳးသမီးမ်ားအၾကမ္းဖက္ခံရမႈအေပၚ အြန္လိုင္း၌ေဆြးေႏြးမႈမ်ား႐ွိေနခ်ိန္တြင္ ယခုျဖစ္ရပ္ ျဖစ္လာျခင္းျဖစ္သည္။
အသက္ ၃၀ ႐ွိသည့္ လာမူသည္ ဆီခၽြမ္းျပည္နယ္မွျဖစ္ၿပီး ေက်းလက္ေဒသေနထိုင္မႈအေၾကာင္း ေပ်ာ္႐ႊင္ စရာမ်ားေၾကာင့္ ထင္႐ွားၿပီး ႏွစ္သက္သူသန္းခ်ီ႐ွိသည့္သူ႔ဗီဒီယိုမ်ားတြင္ မိတ္ကပ္လိမ္းေလ့မ႐ွိသျဖင့္ ခ်ီးက်ဴးခံရသည္။
စက္တင္ဘာ ၁၄ ရက္တြင္ တိုက္႐ိုက္ထုတ္လႊင့္ရန္စတင္လိုက္ခ်ိန္တြင္ မ်က္ႏွာျပင္တြင္ အနက္ေရာင္သာ ေပၚလာေၾကာင္း တ႐ုတ္အစိုးရမီဒီယာ ေဘက်င္းလူငယ္ေန႔စဥ္ကေဖာ္ျပသည္။
မိသားစုနာမည္ တန္ဟုသာေဖာ္ျပထားေသာ သူ႔ခင္ပြန္းေဟာင္းက ဓားႏွင့္ ဓာတ္ဆီပံုးကိုင္ၿပီး အိမ္ထဲေဖာက္၀င္ခဲ့သည္။
တန္ကို စက္တင္ဘာ ၁၄ ရက္တြင္ပင္ ရည္႐ြယ္ခ်က္႐ွိ႐ွိ လူသတ္ရန္ႀကံစည္မႈျဖင့္ ရဲမ်ားက ဖမ္းဆီးထားသည္။
Ref : Chinese vlogger dies after ‘set on fire by ex during live stream’
#Peoplemedia
(Unicode)
တရုတ်နိုင်ငံမှ ရုပ်သံဘလော့ဂါတစ်ယောက် အွန်လိုင်းတွင် တိုက်ရိုုက်ထုတ်လွှင့်နေစဉ် ခင်ပွန်းဟောင်းက မီးရှို့သတ်ဖြတ်သဖြင့် သေဆုံး
………………………………………
ရှန်ဟိုင်း၊ အောက်တိုဘာ ၂
တရုတ်နိုင်ငံမှ လူသိများသည့်ရုပ်သံဘလော့ဂါတစ်ယောက်က တိုက်ရိုက်ထုတ်လွှင့်ရန်စီစဉ်နေစဉ် ခင်ပွန်းဟောင်းဖြစ်သူက သူ့ကို ဓာတ်ဆီလောင်းပြီး မီးရှို့သတ်မှုဖြစ်ပွားခဲ့သည်။
သေဆုံးသူ လာမူမှာ တစ်တော့၏တရုတ်ပုံစံဖြစ်သောဒိုယင်းတွင် နာမည်ကြီးပြီး သူ့ဗီဒီယိုများကိုစောင့်ကြည့်ရန် လူသိန်းချီက အဆင်သင့်ရှိကြသည်။
ယခုမီးလောင်မှုကြောင့် ခန္ဓာကိုယ် ၉၀ ရာခိုင်နှုန်းတွင် မီးလောင်ဒဏ်ရာရခဲ့ပြီး မီးလောင်ပြီး ၂ ပတ်အကြာတွင် သေဆုံးခဲ့သည်။
တရုတ်နိုင်ငံတွင် အမျိုးသမီးများအကြမ်းဖက်ခံရမှုအပေါ် အွန်လိုင်း၌ဆွေးနွေးမှုများရှိနေချိန်တွင် ယခုဖြစ်ရပ် ဖြစ်လာခြင်းဖြစ်သည်။
အသက် ၃၀ ရှိသည့် လာမူသည် ဆီချွမ်းပြည်နယ်မှဖြစ်ပြီး ကျေးလက်ဒေသနေထိုင်မှုအကြောင်း ပျော်ရွှင် စရာများကြောင့် ထင်ရှားပြီး နှစ်သက်သူသန်းချီရှိသည့်သူ့ဗီဒီယိုများတွင် မိတ်ကပ်လိမ်းလေ့မရှိသဖြင့် ချီးကျူးခံရသည်။
စက်တင်ဘာ ၁၄ ရက်တွင် တိုက်ရိုက်ထုတ်လွှင့်ရန်စတင်လိုက်ချိန်တွင် မျက်နှာပြင်တွင် အနက်ရောင်သာ ပေါ်လာကြောင်း တရုတ်အစိုးရမီဒီယာ ဘေကျင်းလူငယ်နေ့စဉ်ကဖော်ပြသည်။
မိသားစုနာမည် တန်ဟုသာဖော်ပြထားသော သူ့ခင်ပွန်းဟောင်းက ဓားနှင့် ဓာတ်ဆီပုံးကိုင်ပြီး အိမ်ထဲဖောက်ဝင်ခဲ့သည်။
တန်ကို စက်တင်ဘာ ၁၄ ရက်တွင်ပင် ရည်ရွယ်ချက်ရှိရှိ လူသတ်ရန်ကြံစည်မှုဖြင့် ရဲများက ဖမ်းဆီးထားသည်။
Ref : Chinese vlogger dies after ‘set on fire by ex during live stream’
#Peoplemedia


Share this post