• Follow Us on

Home တ႐ုတ္ႏိုင္ငံမွ ျမန္မာႏိုင္ငံသား ၃၀၀ ကို ကန္ပိုင္တည္ဂိတ္မွတစ္ဆင့္ ျမန္မာသို႔ ျပန္ပို႔မည္

တ႐ုတ္ႏိုင္ငံမွ ျမန္မာႏိုင္ငံသား ၃၀၀ ကို ကန္ပိုင္တည္ဂိတ္မွတစ္ဆင့္ ျမန္မာသို႔ ျပန္ပို႔မည္

Share this post

ျမစ္ႀကီးနား၊ ဇန္နဝါရီ ၂၈

တ႐ုတ္ႏိုင္ငံ ထိန္ခ်ဳံးခ႐ိုင္အတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသား ၃၀၀ ဦးကို ကခ်င္ျပည္နယ္ ကန္ပိုင္တည္ဂိတ္မွ ယေန႔ ဇန္နဝါရီလ ၂၈ ရက္ေန႔က ျမန္မာႏိုင္ငံအတြင္းသို႔ ျပန္လည္ပို႔ေဆာင္ေပးမည္ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ့စြမ္းအား အရင္းအျမစ္ဝန္ႀကီး ဦးေဇာ္ဝင္းက ယေန႔ေျပာသည္။

အဆိုပါ ျမန္မာႏိုင္ငံသား ၃၀၀ ကို ပို႔ေဆာင္ရာမွာ ကန္ပိုင္တည္ဂိတ္တြင္ က်န္းမာေရးစစ္ေဆးမႈမ်ားကို ျပဳလုပ္သြားမည္ျဖစ္ၿပီး သံသယရွိသူမ်ား ေတြ႕ရွိသူမ်ားရွိပါက ယင္းကန္ပိုင္တည္ဂိတ္တြင္ ထားရွိ၍ ေစာင့္ၾကည့္သြားမည္ျဖစ္ေၾကာင္း လဝက ဝန္ႀကီး ဦးေဇာ္ဝင္းက ေျပာသည္။

“ ဂိတ္မွာက်န္းမာေရးစစ္ေဆးမႈေတြလုပ္မယ္။ သံသယရွိတဲ့လူေတြ႕ရင္ ဂိတ္မွာပဲထားမယ္။ တကယ္ လို႔အေျခအေနပိုဆိုးတဲ့ လူနာေတြ႕ရင္ေတာ့ လူနာတင္ကားနဲ႔ျမစ္ႀကီးနားေဆး႐ုံကို ပို႔ေပးမယ္။ ျမစ္ႀကီး နားေဆး႐ုံေရာက္ရင္လည္း တျခားလူနာေတြနဲ႔မထားဘဲ သီးျခားထားၿပီး ကုသေပးသြားမယ္” ဟု ဝန္ႀကီးက ေျပာသည္။

အဆိုပါ ျပန္ေရာက္လာသူမ်ားထဲမွ က်န္းမာေရးေကာင္းမြန္ပါက မိမိေနရပ္သို႔ ျပန္လည္လြတ္ေပးသြား မည္ျဖစ္ၿပီး ၎တို႔ ေနရပ္လိပ္စာအျပည့္အစုံႏွင့္ ဖုန္းနံပတ္မ်ားကို ယူထား၍ သက္ဆိုင္ရာ ေက်းရြာ၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ခ်ိတ္ဆက္၍ ႏွစ္ပတ္သိသိေစာင့္ၾကည့္သြားမည္ျဖစ္ေၾကာင္း ဝန္ႀကီး က ဆက္လက္ေျပာၾကားသည္။

ယခုလို တ႐ုတ္ျပည္ေရာက္ ျမန္မာႏိုင္ငံသားမ်ားကို မိမိေနရပ္သို႔ ျပန္လည္ပို႔ေဆာင္ျခင္းသည္ တ႐ုတ္ ႏိုင္ငံတြင္ ျဖစ္ပြားေနေသာ ကို႐ိုနာဗိုင္းရပ္စ္ေခၚ အဆုတ္ေရာင္ေရာဂါျဖစ္ပြားေနျခင္းေၾကာင့္ျဖစ္သည္ ဟု သိရသည္။

ကခ်င္ျပည္နယ္ႏွင့္ အနီးစပ္ဆုံးျဖစ္သည့္ တ႐ုတ္ႏိုင္ငံ ထိန္ခ်ဳံးခ႐ိုင္ ထိန္ခ်ဳံးၿမိဳ႕တြင္လည္း လြန္ခဲ့သည့္ ႏွစ္ရက္ခန္႔က ယင္းေရာဂါကူးစက္သူဟု သံသယရွိသူ တ႐ုတ္ႏိုင္ငံသားႏွစ္ဦးကို ေစာင့္ၾကည့္ စစ္ေဆး ေနၿပီး ယင္းေရာဂါေၾကာင့္ ထိန္ခ်ဳံးတြင္ ေသဆုံးသူ တစ္ဦးရွိၿပီလို႔လည္း သိရသည္။

#peoplemedia

(unicode)
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသား ၃၀၀ ကို ကန်ပိုင်တည်ဂိတ်မှတစ်ဆင့် မြန်မာသို့ ပြန်ပို့မည်
………………………………………………………………………………….

မြစ်ကြီးနား၊ ဇန်နဝါရီ ၂၈

တရုတ်နိုင်ငံ ထိန်ချုံးခရိုင်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၃၀၀ ဦးကို ကချင်ပြည်နယ် ကန်ပိုင်တည်ဂိတ်မှ ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့က မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ယနေ့ပြောသည်။

အဆိုပါ မြန်မာနိုင်ငံသား ၃၀၀ ကို ပို့ဆောင်ရာမှာ ကန်ပိုင်တည်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်သွားမည်ဖြစ်ပြီး သံသယရှိသူများ တွေ့ရှိသူများရှိပါက ယင်းကန်ပိုင်တည်ဂိတ်တွင် ထားရှိ၍ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း လဝက ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

“ ဂိတ်မှာကျန်းမာရေးစစ်ဆေးမှုတွေလုပ်မယ်။ သံသယရှိတဲ့လူတွေ့ရင် ဂိတ်မှာပဲထားမယ်။ တကယ် လို့အခြေအနေပိုဆိုးတဲ့ လူနာတွေ့ရင်တော့ လူနာတင်ကားနဲ့မြစ်ကြီးနားဆေးရုံကို ပို့ပေးမယ်။ မြစ်ကြီး နားဆေးရုံရောက်ရင်လည်း တခြားလူနာတွေနဲ့မထားဘဲ သီးခြားထားပြီး ကုသပေးသွားမယ်” ဟု ဝန်ကြီးက ပြောသည်။

အဆိုပါ ပြန်ရောက်လာသူများထဲမှ ကျန်းမာရေးကောင်းမွန်ပါက မိမိနေရပ်သို့ ပြန်လည်လွတ်ပေးသွား မည်ဖြစ်ပြီး ၎င်းတို့ နေရပ်လိပ်စာအပြည့်အစုံနှင့် ဖုန်းနံပတ်များကို ယူထား၍ သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ နှစ်ပတ်သိသိစောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဝန်ကြီး က ဆက်လက်ပြောကြားသည်။

ယခုလို တရုတ်ပြည်ရောက် မြန်မာနိုင်ငံသားများကို မိမိနေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်းသည် တရုတ် နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ခေါ် အဆုတ်ရောင်ရောဂါဖြစ်ပွားနေခြင်းကြောင့်ဖြစ်သည် ဟု သိရသည်။

ကချင်ပြည်နယ်နှင့် အနီးစပ်ဆုံးဖြစ်သည့် တရုတ်နိုင်ငံ ထိန်ချုံးခရိုင် ထိန်ချုံးမြို့တွင်လည်း လွန်ခဲ့သည့် နှစ်ရက်ခန့်က ယင်းရောဂါကူးစက်သူဟု သံသယရှိသူ တရုတ်နိုင်ငံသားနှစ်ဦးကို စောင့်ကြည့် စစ်ဆေး နေပြီး ယင်းရောဂါကြောင့် ထိန်ချုံးတွင် သေဆုံးသူ တစ်ဦးရှိပြီလို့လည်း သိရသည်။

#peoplemedia


Share this post