• Follow Us on

Home တ႐ုတ္ႏိုင္ငံသို႔ ျမန္မာသၾကားတင္ပို႔ခြင့္ရရွိေရး ႏိုင္ငံျခားေရး၀န္ႀကီးဌာန ၫွိနႈိင္းထား

တ႐ုတ္ႏိုင္ငံသို႔ ျမန္မာသၾကားတင္ပို႔ခြင့္ရရွိေရး ႏိုင္ငံျခားေရး၀န္ႀကီးဌာန ၫွိနႈိင္းထား

Share this post

ေနျပည္ေတာ္၊ ဇူလိုင္ ၁၃

တ႐ုတ္ႏိုင္ငံသို႔ ျမန္မာသၾကားတင္ပို႔ခြင့္ရရွိေရး ႏိုင္ငံျခားေရး၀န္ႀကီးဌာန ၫွိနႈိင္းထားစီးပြားေရးႏွင့္ ကူးသန္း ေရာင္း၀ယ္ေရး၀န္ႀကီးဌာန ဒု၀န္ႀကီး ဦးေအာင္ထူးကေျပာသည္။

ဒုတိယအႀကိမ္အမ်ိဳးသားလႊတ္ေတာ္ ၁၇ ႀကိမ္ေျမာက္ပုံမွန္အစည္းအေ၀း ဇူလိုင္ ၁၃ ရက္တြင္ စီးပြားေရးႏွင့္ ကူး သန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန ဒု၀န္ႀကီး ဦးေအာင္ထူးကေျပာသည္။

“ျမန္မာႏိုင္ငံမွာ ၂၀၁၉-၂၀၂၀ ခုႏွစ္မွာ ႀကံစိုက္ဧက ၄ သိန္း ၅ ေသာင္း ၉၅၁ ဧကရွိၿပီး ၾကံ႕အထြက္မွာတန္ခ်ိန္ ၁၁ သန္းေက်ာ္ရွိပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ႀကံထြက္မႈသၾကားထုတ္လုပ္မႈကိုေလ့လာရာမွာ တစ္ဧက ႀကံအထြက္ ႏႈန္းနိမ့္က်ေနျခင္း၊ ျပည္တြင္းသၾကားစက္ ၂၂ စက္မွာ သၾကားယိုတန္ခ်ိန္ ၄ သိန္း ထုတ္လုပ္ႏိုင္ၿပီး သန္႔စင္ သၾကားကို တန္ခ်ိန္၁ေသာင္းသာထုတ္လုပ္ႏိုင္တဲ့အတြက္ ျပည္တြင္းသန္႔စင္သၾကား၀ယ္လုိအားကို လုံေလာက္ ေအာင္ မထုတ္လုပ္ႏိုင္ေၾကာင္းေတြ႕ရပါတယ္။ ဒီအတြက္ ျပည္တြင္းသန္႔စင္သၾကား လိုအပ္ခ်က္ ထုတ္လုပ္ ႏိုင္တာမရွိလို႔ နယ္စပ္ကတရားမ၀င္တင္သြင္းတဲ့သန္႔စင္သၾကားတင္သြင္းတာလည္းေတြ႕ရပါတယ္။ လက္ရွိ တ႐ုတ္ႏိုင္ငံသို႔သၾကားကို (ကိုတာ)တရား၀င္တင္ပို႔ခြင့္ရရွိေရးကိုလည္း ႏိုင္ငံျခားေရး၀န္ႀကီးဌာနမွတဆင့္ ၫွိနႈိင္းေဆာင္ရြက္ထားပါတယ္’’ဟု ၎ကေျပာသည္။

၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ဇြန္လ ၂၆ ရက္ေန႔အထိ ျမန္မာႏိုင္ငံမွ ျပည္ပသို႔ သၾကားတင္ပို႔မႈတန္ခ်ိန္ ၉၀၄၇၁ တန္ရွိ ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာနမွသိရသည္။

လက္ရွိတြင္ျပည္ပမွ ျမန္မာႏိုင္ငံ၀ယ္ယူသည္ လုပ္ငန္းသုံးသၾကားမွာယူခြင့္အား ၂၀၁၈ ခုႏွစ္ စက္တင္ဘာလမွ စတင္ကာ စီးပြားေရးႏွင့္ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာနမွ ပိတ္ပင္ထားၿပီး ျပည္တြင္းတြင္ အမွန္တကယ္ လိုအပ္သည့္ ေကာ္ဖီမစ္လုပ္ငန္း၊ ႏို႔ဆီလုပ္ငန္း၊ အခ်ိဳရည္လုပ္ငန္းႏွင့္ မုန္႔မ်ိဳးစုံထုလုပ္ေရးလုပ္ငန္းတို႔မွ သန္႔စင္ သၾကားတင္သြင္းခြင့္ကိုသာ အေရအတြက္ႏွင့္ ခြင့္ျပဳေၾကာင္းသိရသည္။

#PeopleMedia

(unicode)
တရုတ်နိုင်ငံသို့ မြန်မာသကြားတင်ပို့ခွင့်ရရှိရေး နိုင်ငံခြားရေးဝန်ကြီး ဌာန ညှိနှိုင်းထား
……………………………………………………………………

နေပြည်တော်၊ ဇူလိုင် ၁၃

တရုတ်နိုင်ငံသို့ မြန်မာသကြားတင်ပို့ခွင့်ရရှိရေး နိုင်ငံခြားရေးဝန်ကြီးဌာန ညှိနှိုင်းထားစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူးကပြောသည်။

ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ၁၇ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဇူလိုင် ၁၃ ရက်တွင် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူးကပြောသည်။

“မြန်မာနိုင်ငံမှာ ၂၀၁၉-၂၀၂၀ ခုနှစ်မှာ ကြံစိုက်ဧက ၄ သိန်း ၅ သောင်း ၉၅၁ ဧကရှိပြီး ကြံ့အထွက်မှာတန်ချိန် ၁၁ သန်းကျော်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ကြံထွက်မှုသကြားထုတ်လုပ်မှုကိုလေ့လာရာမှာ တစ်ဧက ကြံအထွက် နှုန်းနိမ့်ကျနေခြင်း၊ ပြည်တွင်းသကြားစက် ၂၂ စက်မှာ သကြားယိုတန်ချိန် ၄ သိန်း ထုတ်လုပ်နိုင်ပြီး သန့်စင် သကြားကို တန်ချိန်၁သောင်းသာထုတ်လုပ်နိုင်တဲ့အတွက် ပြည်တွင်းသန့်စင်သကြားဝယ်လိုအားကို လုံလောက် အောင် မထုတ်လုပ်နိုင်ကြောင်းတွေ့ရပါတယ်။ ဒီအတွက် ပြည်တွင်းသန့်စင်သကြား လိုအပ်ချက် ထုတ်လုပ် နိုင်တာမရှိလို့ နယ်စပ်ကတရားမဝင်တင်သွင်းတဲ့သန့်စင်သကြားတင်သွင်းတာလည်းတွေ့ရပါတယ်။ လက်ရှိ တရုတ်နိုင်ငံသို့သကြားကို (ကိုတာ)တရားဝင်တင်ပို့ခွင့်ရရှိရေးကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ညှိနှိုင်းဆောင်ရွက်ထားပါတယ်’’ဟု ၎င်းကပြောသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ဇွန်လ ၂၆ ရက်နေ့အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ သကြားတင်ပို့မှုတန်ချိန် ၉၀၄၇၁ တန်ရှိ ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။

လက်ရှိတွင်ပြည်ပမှ မြန်မာနိုင်ငံဝယ်ယူသည် လုပ်ငန်းသုံးသကြားမှာယူခွင့်အား ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ စတင်ကာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပိတ်ပင်ထားပြီး ပြည်တွင်းတွင် အမှန်တကယ် လိုအပ်သည့် ကော်ဖီမစ်လုပ်ငန်း၊ နို့ဆီလုပ်ငန်း၊ အချိုရည်လုပ်ငန်းနှင့် မုန့်မျိုးစုံထုလုပ်ရေးလုပ်ငန်းတို့မှ သန့်စင် သကြားတင်သွင်းခွင့်ကိုသာ အရေအတွက်နှင့် ခွင့်ပြုကြောင်းသိရသည်။

#PeopleMedia


Share this post