• Follow Us on

Home တ႐ုတ္ႏိုင္ငံအလံတပ္ၿပီးျမန္မာ့ပိုင္နက္သို႔ တြဲကားေမာင္းဝင္လာသည့္ယာဉ္ေမာင္းကို လဝကမွ တစ္ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္(သို႔) ေငြဒဏ္တစ္သိန္းထက္မပိုေသာ ဥပေဒျဖင့္ အေရးယူ

တ႐ုတ္ႏိုင္ငံအလံတပ္ၿပီးျမန္မာ့ပိုင္နက္သို႔ တြဲကားေမာင္းဝင္လာသည့္ယာဉ္ေမာင္းကို လဝကမွ တစ္ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္(သို႔) ေငြဒဏ္တစ္သိန္းထက္မပိုေသာ ဥပေဒျဖင့္ အေရးယူ

Share this post

ဝိုင္းေမာ္၊ ႏိုဝင္ဘာ ၂၇

တ႐ုတ္ႏိုင္ငံအလံကို တြဲကား၏ ေခါင္းတြင္ တပ္ဆင္ကာ ဝင္ေရာက္လာသည့္ တ႐ုတ္ႏိုင္ငံသားကို ဝိုင္းေမာ္ၿမိဳ႕နယ္ လဝကမွ အေရးယူလိုက္သည္။

ႏိုဝင္ဘာလ၂၅ရက္ေန႔ မြန္းလြဲ ၃နာရီခန္႔အခ်ိန္က ဝိုင္းေမာ္ၿမိဳ႕နယ္ ဝူယန္-ခါရွီကားလမ္းအတိုင္း ေရႊေညာင္ပင္ဘက္သို႔ ျဖတ္သန္းေမာင္ႏွင္လာသည့္ အဆိုပါ ယာဉ္ေမာင္းကို ဝိုင္းေမာ္ၿမိဳ႕နယ္ လဝကမွ ယမန္ေန႔ (ႏိုဝင္ဘာ ၂၆)ရက္ေန႔က အေရးယူခဲ့ေၾကာင္း ဝိုင္းေမာ္ၿမိဳ႕နယ္ လဝကဦးစီးမွဴး ဦးစိုးမင္းက ဆိုသည္။

”တရားမဝင္ ဝင္ေရာက္လာတဲ့ ႏိုင္ငံျခားသားတစ္ေယာက္ကို တည္ဆဲဥပေဒအရ တစ္ခုခုကို ခ်ိဳးေဖာက္မွ တရားဆြဲလို႔ရတယ္။ အခုကြၽန္ေတာ္တို႔က ၁၉၄၇ ျမန္မာႏိုင္ငံရဲ႕ လူဝင္မႈႀကီးၾကပ္ေရး (လတ္တေလာ ျပဌာန္းခ်က္မ်ား) အက္ဥပေဒ ပုဒ္မ၄(၁)/၁၃(၁)အရ အေရးယူတယ္”ဟု ဦးစိုးမင္းက ေျပာသည္။

ယင္းဥပေဒ၏ျပစ္မႈျပစ္ဒဏ္မွာတစ္ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္(သို႔)တစ္သိန္းထက္မပိုေသာ ေငြဒဏ္ခ်ခံရမည္ ျဖစ္ေၾကာင္း ၎ထည့္သြင္း ေျပာဆိုခဲ့သည္။

အေရးယူျခင္းခံရသည့္ ယာဉ္ေမာင္းမွာ လက္ရွိတြင္ ဝိုင္းေမာ္ၿမိဳ႕နယ္ရဲစခန္း၌ ထိန္းသိမ္းထားေၾကာင္း သိရသည္။

#PeopleMedia #EPN

[Unicode]
တရုတ်နိုင်ငံအလံတပ်ပြီးမြန်မာ့ပိုင်နက်သို့ တွဲကားမောင်းဝင်လာသည့်ယာဉ်မောင်းကို လဝကမှ တစ်နှစ်ထက်မပိုသော ထောင်ဒဏ်(သို့) ငွေဒဏ်တစ်သိန်းထက်မပိုသော ဥပဒေဖြင့် အရေးယူ

ဝိုင်းမော်၊ နိုဝင်ဘာ ၂၇

တရုတ်နိုင်ငံအလံကို တွဲကား၏ ခေါင်းတွင် တပ်ဆင်ကာ ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားကို ဝိုင်းမော်မြို့နယ် လဝကမှ အရေးယူလိုက်သည်။

နိုဝင်ဘာလ၂၅ရက်နေ့ မွန်းလွဲ ၃နာရီခန့်အချိန်က ဝိုင်းမော်မြို့နယ် ဝူယန်-ခါရှီကားလမ်းအတိုင်း ရွှေညောင်ပင်ဘက်သို့ ဖြတ်သန်းမောင်နှင်လာသည့် အဆိုပါ ယာဉ်မောင်းကို ဝိုင်းမော်မြို့နယ် လဝကမှ ယမန်နေ့ (နိုဝင်ဘာ ၂၆)ရက်နေ့က အရေးယူခဲ့ကြောင်း ဝိုင်းမော်မြို့နယ် လဝကဦးစီးမှူး ဦးစိုးမင်းက ဆိုသည်။

”တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတစ်ယောက်ကို တည်ဆဲဥပဒေအရ တစ်ခုခုကို ချိုးဖောက်မှ တရားဆွဲလို့ရတယ်။ အခုကျွန်တော်တို့က ၁၉၄၇ မြန်မာနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ၄(၁)/၁၃(၁)အရ အရေးယူတယ်”ဟု ဦးစိုးမင်းက ပြောသည်။

ယင်းဥပဒေ၏ပြစ်မှုပြစ်ဒဏ်မှာတစ်နှစ်ထက်မပိုသော ထောင်ဒဏ်(သို့)တစ်သိန်းထက်မပိုသော ငွေဒဏ်ချခံရမည် ဖြစ်ကြောင်း ၎င်းထည့်သွင်း ပြောဆိုခဲ့သည်။

အရေးယူခြင်းခံရသည့် ယာဉ်မောင်းမှာ လက်ရှိတွင် ဝိုင်းမော်မြို့နယ်ရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။

#PeopleMedia #EPN


Share this post