• Follow Us on

Home တ႐ုတ္ႏိုင္ငံေရေဘး ၁၄၁ ဦးေသ၊ ျပည္သူ ၃၈ သန္းေရေဘးသင့္

တ႐ုတ္ႏိုင္ငံေရေဘး ၁၄၁ ဦးေသ၊ ျပည္သူ ၃၈ သန္းေရေဘးသင့္

Share this post

၂၀၂၀၊ ဇူလိုင္ ၁၃

ယန္ဇီျမစ္တစ္ေလ်ာက္ မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ လူ ၁၄၁ ဦး ေသဆုံး(သို႔မဟုတ္) ေပ်ာက္ဆုံးခဲ့ၿပီး ၃၈ သန္းနီးပါး ေရေဘးသင့္ခဲ့ေၾကာင္း တ႐ုတ္မီဒီယာမ်ားက ေဖာ္ျပလ်က္ရွိသည္။

ၿပီးခဲ့သည့္လက စတင္ခဲ့သည့္ မိုးသည္းထန္စြာ ရြာသြန္းမႈမ်ားေၾကာင့္ ဟူေပႏွင့္ က်န္ဇီျပည္နယ္မ်ားတြင္ ေရႀကီး ေရလွ်ံမႈမ်ား၊ ေျမၿပိဳမႈမ်ား ျဖစ္ေပၚခဲ့သည္။

ျပည္သူ ၂ ဒသမ ၂ သန္းေက်ာ္ကို ေဘးလြတ္ရာေရႊ႕ေျပာင္းခဲ့ရၿပီး အိမ္ႏွင့္အေဆာက္အအုံ ၂၈၀၀၀ ခန္႔ ပ်က္စီး ခဲ့ရေၾကာင္း ႏိုင္ငံပိုင္ စီစီတီဗြီ႐ုပ္သံဌာနႏွင့္ အျခားမီဒီယာမ်ားက ေျပာသည္။

ယန္ဇီျမစ္တစ္ေလ်ာက္ရွိ ေရကန္မ်ား၌ ေရမ်ား စိုးရိမ္ေရမွတ္အထက္ ေရာက္ရွိလ်က္ရွိသည္။

တာတမံမ်ားကို ကာကြယ္ရန္ တ႐ုတ္တပ္မေတာ္ကို ျဖန္႔ၾကက္ခဲ့သည္။

ေစာင့္ၾကည့္မႈႏွင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား အရွိန္ျမႇင့္လုပ္ေဆာင္ရန္ တ႐ုတ္သမၼတရွီက်င့္ဖ်င္က ဇူလိုင္လ ၁၂ ရက္တြင္ ေဒသႏၲရ အာဏာပိုင္မ်ားသို႔ တိုက္တြန္းခဲ့သည္။

ကိုးကား ။ ။ အင္န္အိတ္ခ်္ေက

Ref; Heavy rain affects 38 mil. People in China

#PeopleMedia

(unicode)
တရုတ်နိုင်ငံရေဘေး ၁၄၁ ဦးသေ၊ ပြည်သူ ၃၈ သန်းရေဘေးသင့်
……………………………………………………….

၂၀၂၀၊ ဇူလိုင် ၁၃

ယန်ဇီမြစ်တစ်လျောက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၁၄၁ ဦး သေဆုံး(သို့မဟုတ်) ပျောက်ဆုံးခဲ့ပြီး ၃၈ သန်းနီးပါး ရေဘေးသင့်ခဲ့ကြောင်း တရုတ်မီဒီယာများက ဖော်ပြလျက်ရှိသည်။

ပြီးခဲ့သည့်လက စတင်ခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဟူပေနှင့် ကျန်ဇီပြည်နယ်များတွင် ရေကြီး ရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။

ပြည်သူ ၂ ဒသမ ၂ သန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရပြီး အိမ်နှင့်အဆောက်အအုံ ၂၈၀၀၀ ခန့် ပျက်စီး ခဲ့ရကြောင်း နိုင်ငံပိုင် စီစီတီဗွီရုပ်သံဌာနနှင့် အခြားမီဒီယာများက ပြောသည်။

ယန်ဇီမြစ်တစ်လျောက်ရှိ ရေကန်များ၌ ရေများ စိုးရိမ်ရေမှတ်အထက် ရောက်ရှိလျက်ရှိသည်။

တာတမံများကို ကာကွယ်ရန် တရုတ်တပ်မတော်ကို ဖြန့်ကြက်ခဲ့သည်။

စောင့်ကြည့်မှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်ရန် တရုတ်သမ္မတရှီကျင့်ဖျင်က ဇူလိုင်လ ၁၂ ရက်တွင် ဒေသန္တရ အာဏာပိုင်များသို့ တိုက်တွန်းခဲ့သည်။

ကိုးကား ။ ။ အင်န်အိတ်ခ်ျကေ

Ref; Heavy rain affects 38 mil. People in China

#PeopleMedia


Share this post