• Follow Us on

Home တ႐ုတ္ႏိုင္ငံ၌ စာသင္ေက်ာင္းမ်ား ျပန္ဖြင့္ၿပီ

တ႐ုတ္ႏိုင္ငံ၌ စာသင္ေက်ာင္းမ်ား ျပန္ဖြင့္ၿပီ

Share this post

ႏိုင္ငံတကာ၊ စက္တင္ဘာ ၁

တ႐ုတ္ႏိုင္ငံရွိ ေက်ာင္းသူ၊ေက်ာင္းသားမ်ားက ယေန႔ စာသင္ႏွစ္သစ္ စတင္လိုက္ၿပီျဖစ္သည္။ ကို႐ိုနာ ဗိုင္းရပ္စ္ေဘးသင့္ခဲ့ရာ ဝူဟန္ၿမိဳ႕ေတာ္ရွိ မူႀကိဳ၊ မူလတန္းႏွင့္ အလယ္တန္းေက်ာင္း ၂၈၄၂ ေက်ာင္းက ယေန႔ ေက်ာင္းသူ၊ေက်ာင္းသား ၁ ဒသမ ၄ သန္းခန္႔အတြက္ စာသင္ခန္းမ်ား ျပန္လည္ဖြင့္လွစ္ခဲ့သည္။

ဝူဟန္ၿမိဳ႕ေတာ္ရွိ မူလတန္းႏွင့္ အလယ္တန္း ေက်ာင္းသူ၊ေက်ာင္းသားမ်ားက ႏွာေခါင္းစည္းမ်ား တစ္ပါ တည္း ယူေဆာင္ရမည္ျဖစ္ေသာ္လည္း ေက်ာင္း၌ ႏွာေခါင္းစည္းဝတ္ဆင္ရန္ မလိုအပ္ေၾကာင္း ဝူဟန္ၿမိဳ႕ေတာ္ ပ ညာေရးဗ်ဴ႐ို၏ ဒုတိယၫႊန္ၾကားေရးမွဴး ဝမ္ခ်ီဖူက ေျပာၾကားခဲ့သည္။

လက္ရွိအခ်ိန္တြင္ ဝူဟန္ၿမိဳ႕ေတာ္၌ ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈသစ္မရွိေပ။ ယမန္ေန႔က တ႐ုတ္ျပည္မ ႀကီးတြင္ ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈသစ္ ၂၁၆ မႈရွိခဲ့သည္။

တ႐ုတ္ႏိုင္ငံ၌ ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈ ေလ်ာ့နည္းလာခဲ့ေသာ္လည္း ေက်ာင္းသူ၊ေက်ာင္းသားမ်ား၏ က်န္းမာေရးကို ကာကြယ္ေပးရန္ အဆင့္အားလုံး၌ တင္းက်ပ္ေသာ ကပ္ေရာဂါတိုက္ဖ်က္ေရး အစီအမံမ်ား လုပ္ ေဆာင္ခဲ့သည္။

“ဆရာ၊ဆရာမေတြနဲ႔ ေက်ာင္းသူ၊ေက်ာင္းသားေတြ ေဘးအႏၲရာယ္ကင္းဖို႔က ကြၽန္ေတာ္တို႔ရဲ႕ ထိပ္တန္း ဦးစားေပးလုပ္ငန္း ျဖစ္ပါတယ္”ဟု အမွတ္ ၄၉ အလယ္တန္းေက်ာင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

စာသင္ခန္းမ်ား၊ ကန္တင္းမ်ား၊ အိပ္ေဆာင္မ်ား၊ ေရအိမ္မ်ား၌ ပိုးသတ္ေဆးျဖန္းမႈ လုပ္ေဆာင္ခဲ့ၿပီး ေန႔ စဉ္ ပိုးသတ္ေဆးျဖန္းမႈ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း၊ ႏွာေခါင္းစည္းမ်ား၊ လက္သန္႔ေဆးရည္မ်ားကို စာသင္ခန္း တိုင္း၌ ထားရွိမည္ဟု ၄င္းက ဆိုသည္။

တ႐ုတ္ႏိုင္ငံတစ္ဝန္းရွိ စာသင္ေက်ာင္းမ်ား၌ အလားတူအစီအမံမ်ား အေကာင္အထည္ေဖာ္ေဆာင္ေနၿပီး ရွန္ဟိုင္း၊ စီခြၽမ္၊ က်င္းစု၊ ကြမ္တုန္ႏွင့္ ယူနန္ျပည္နယ္မ်ား၌ ယေန႔ စာသင္ႏွစ္သစ္ စတင္ၿပီျဖစ္သည္။

ရွန္ဟိုင္းၿမိဳ႕ေတာ္၌ မူလတန္းႏွင့္ အလယ္တန္းေက်ာင္းသူ၊ေက်ာင္းသား ၁ ဒသမ ၅ သန္းေက်ာ္ ယေန႔ ေက်ာင္းျပန္တက္ၿပီျဖစ္သလို ရွန္ဇန္းၿမိဳ႕ေတာ္ရွိ မူႀကိဳ၊ မူလတန္းႏွင့္ အလယ္တန္းေက်ာင္း ၂၆၂၈ ေက်ာင္း ယေန႔ ျပန္လည္ဖြင့္လွစ္ၿပီျဖစ္သည္။

ကိုးကား – ဆင္ဟြာ

Ref; New school year in China begins with strict Covid-19 measures

#PeopleMedia

(unicode)
တရုတ်နိုင်ငံ၌ စာသင်ကျောင်းများ ပြန်ဖွင့်ပြီ
…………………………

နိုင်ငံတကာ၊ စက်တင်ဘာ ၁

တရုတ်နိုင်ငံရှိ ကျောင်းသူ၊ကျောင်းသားများက ယနေ့ စာသင်နှစ်သစ် စတင်လိုက်ပြီဖြစ်သည်။ ကိုရိုနာ ဗိုင်းရပ်စ်ဘေးသင့်ခဲ့ရာ ဝူဟန်မြို့တော်ရှိ မူကြို၊ မူလတန်းနှင့် အလယ်တန်းကျောင်း ၂၈၄၂ ကျောင်းက ယနေ့ ကျောင်းသူ၊ကျောင်းသား ၁ ဒသမ ၄ သန်းခန့်အတွက် စာသင်ခန်းများ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ဝူဟန်မြို့တော်ရှိ မူလတန်းနှင့် အလယ်တန်း ကျောင်းသူ၊ကျောင်းသားများက နှာခေါင်းစည်းများ တစ်ပါ တည်း ယူဆောင်ရမည်ဖြစ်သော်လည်း ကျောင်း၌ နှာခေါင်းစည်းဝတ်ဆင်ရန် မလိုအပ်ကြောင်း ဝူဟန်မြို့တော် ပ ညာရေးဗျူရို၏ ဒုတိယညွှန်ကြားရေးမှူး ဝမ်ချီဖူက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ဝူဟန်မြို့တော်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသစ်မရှိပေ။ ယမန်နေ့က တရုတ်ပြည်မ ကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသစ် ၂၁၆ မှုရှိခဲ့သည်။

တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းလာခဲ့သော်လည်း ကျောင်းသူ၊ကျောင်းသားများ၏ ကျန်းမာရေးကို ကာကွယ်ပေးရန် အဆင့်အားလုံး၌ တင်းကျပ်သော ကပ်ရောဂါတိုက်ဖျက်ရေး အစီအမံများ လုပ် ဆောင်ခဲ့သည်။

“ဆရာ၊ဆရာမတွေနဲ့ ကျောင်းသူ၊ကျောင်းသားတွေ ဘေးအန္တရာယ်ကင်းဖို့က ကျွန်တော်တို့ရဲ့ ထိပ်တန်း ဦးစားပေးလုပ်ငန်း ဖြစ်ပါတယ်”ဟု အမှတ် ၄၉ အလယ်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စာသင်ခန်းများ၊ ကန်တင်းများ၊ အိပ်ဆောင်များ၊ ရေအိမ်များ၌ ပိုးသတ်ဆေးဖြန်းမှု လုပ်ဆောင်ခဲ့ပြီး နေ့ စဉ် ပိုးသတ်ဆေးဖြန်းမှု ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များကို စာသင်ခန်း တိုင်း၌ ထားရှိမည်ဟု ၄င်းက ဆိုသည်။

တရုတ်နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများ၌ အလားတူအစီအမံများ အကောင်အထည်ဖော်ဆောင်နေပြီး ရှန်ဟိုင်း၊ စီချွမ်၊ ကျင်းစု၊ ကွမ်တုန်နှင့် ယူနန်ပြည်နယ်များ၌ ယနေ့ စာသင်နှစ်သစ် စတင်ပြီဖြစ်သည်။

ရှန်ဟိုင်းမြို့တော်၌ မူလတန်းနှင့် အလယ်တန်းကျောင်းသူ၊ကျောင်းသား ၁ ဒသမ ၅ သန်းကျော် ယနေ့ ကျောင်းပြန်တက်ပြီဖြစ်သလို ရှန်ဇန်းမြို့တော်ရှိ မူကြို၊ မူလတန်းနှင့် အလယ်တန်းကျောင်း ၂၆၂၈ ကျောင်း ယနေ့ ပြန်လည်ဖွင့်လှစ်ပြီဖြစ်သည်။

ကိုးကား – ဆင်ဟွာ

Ref; New school year in China begins with strict Covid-19 measures

#PeopleMedia


Share this post