• Follow Us on

Home တ႐ုတ္ႏိုင္ငံ၌ ပိတ္မိေနသည့္ ျမန္မာႏိုင္ငံသား(၁၉၇)ဦးအား ျမန္မာႏိုင္ငံသို႔ ေဘးကင္းစြာ ျပန္လည္ပို႔ေဆာင္

တ႐ုတ္ႏိုင္ငံ၌ ပိတ္မိေနသည့္ ျမန္မာႏိုင္ငံသား(၁၉၇)ဦးအား ျမန္မာႏိုင္ငံသို႔ ေဘးကင္းစြာ ျပန္လည္ပို႔ေဆာင္

Share this post

(၂၂-၁-၂၀၂၀ ရက္၊ နန္နင္းၿမိဳ႕)

ကြမ္ရွီးကြၽမ့္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ပိုင္ဆဲ့ၿမိဳ႕၊ ထ်န္းတုန္းစီရင္စုရွိ စစ္ေဆးေရး ဂိတ္တစ္ခုတြင္ ျမန္မာႏိုင္ငံသား အမ်ားအျပားပိတ္မိေနေၾကာင္း သတင္းေပးခ်က္အရ နန္နင္းၿမိဳ႕၊ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးမွ ေကာင္စစ္ဝန္ခ်ဳပ္ ဦးစိုးသက္ေနာင္သည္ သက္ဆိုင္ရာၿမိဳ႕ အစိုးရအဖြဲ႕မ်ား၊ ပိုင္ဆဲ့ၿမိဳ႕ႏိုင္ငံျခားေရး႐ုံး၊ ျပည္သူ့လုံၿခဳံေရးဦးစီးဌာနတို႔ႏွင့္ ဆက္သြယ္ကာ အဆိုပါပိတ္မိေနေသာ ျမန္မာႏိုင္ငံသားဟုဆိုသူမ်ားအား ႏိုင္ငံသားကာကြယ္ေစာင့္ေရွာက္ေရးလုပ္ငန္းမ်ားႏွင့္ ျမန္မာႏိုင္ငံသား မွန္ကန္မႈ ရွိ-မရွိ စိစစ္ျခင္းလုပ္ငန္းမ်ားကို ေဆာင္ရြက္ေပးခဲ့ၿပီးေနာက္ တ႐ုတ္-ျမန္မာ နယ္စပ္ ေရႊလီၿမိဳ႕အထိ ေဘးကင္းစြာျပန္လည္ ပို႔ေဆာင္ေပးခဲ့ပါသည္။

အဆိုပါ ပိတ္မိေနေသာ ျမန္မာႏိုင္ငံသားအေရအတြက္ စုစုေပါင္းမွာ(၁၉၇)ဦးျဖစ္ၿပီး က်ား (၁၃၄)ဦး၊ ကိုယ္ဝန္ေဆာင္ (၁)ဦးႏွင့္ (၂၃)ရက္သား မိန္းကေလးငယ္တစ္ဦးအပါအဝင္ မ (၆၃ ) ဦးတို႔ ျဖစ္ပါသည္။ ၎တို႔သည္ ကြမ္တုန္းျပည္နယ္အတြင္းရွိ စက္႐ုံမ်ားတြင္ တရားမဝင္ အလုပ္လုပ္ကိုင္ေနခဲ့ၿပီးေနာက္ တ႐ုတ္ႏွစ္သစ္ကူးပိတ္ရက္ကာလအတြင္း ကားႀကီး(၃)စီး ငွားရမ္းကာ ျမန္မာႏိုင္ငံသို႔ ျပန္လာခဲ့ရာ လမ္းခုလတ္ရွိ ကြမ္ရွီးကြၽမ့္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ပိုင္ဆဲ့ၿမိဳ႕၊ ထ်န္းတုန္းစီရင္စုရွိ စစ္ေဆးေရးဂိတ္၌ ကားေပၚတြင္ လူအလြန္အကြၽံ လိုက္ပါလာေသာေၾကာင့္ စစ္ေဆးေမးျမန္းစဉ္ ထိန္းသိမ္းခံရျခင္းျဖစ္ပါသည္။

ယင္းသတင္းအားရရွိသည္ႏွင့္တစ္ၿပိဳင္နက္ နန္နင္းၿမိဳ႕၊ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးသည္ သက္ဆိုင္ရာ ပိုင္ဆဲၿမိဳ႕အစိုးရ၊ ပိုင္ဆဲ့ၿမိဳ႕ႏိုင္ငံျခားေရးဌာနႏွင့္ ျပည္သူ့လုံၿခဳံေရးဦးစီးဌာနတို႔ႏွင့္ ဆက္သြယ္ ညႇိႏႈိင္းခဲ့ကာ ၂၁-၁-၂၀၂၀ ရက္ေန႔မွစ၍ ၎တို႔အတြက္ က်န္းမာေရးေစာင့္ေရွာက္မႈ၊ ေနထိုင္စားေသာက္မႈကိစၥအဝဝအား စီစဉ္ေဆာင္ရြက္ေပးႏိုင္ခဲ့ၿပီး ၂၂-၁-၂၀၂၀ ရက္ေန႔တြင္ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္၊ ဦးစိုးသက္ေနာင္ႏွင့္အဖြဲ႕သည္ ၎တို႔ပိတ္မိေနသည့္ေနရာသို႔ သြားေရာက္ကာ ႏိုင္ငံသားစိစစ္ျခင္းလုပ္ငန္းမ်ားကို ေဆာင္ရြက္ေပးခဲ့ၿပီးေနာက္ သက္ဆိုင္ရာ ထ်န္းတုန္းစီရင္စု အုပ္ခ်ဳပ္ေရးမွဴး၊ ပိုင္ဆဲ့ၿမိဳ႕ႏိုင္ငံျခားေရး႐ုံး ၫႊန္ၾကားေရးမွဴးႏွင့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ား၏ ပူးေပါင္းကူညီမႈျဖင့္ ေဒသစံေတာ္ခ်ိန္ ေန႔လည္ (၃:၃၀) အခ်ိန္တြင္ ျမန္မာႏိုင္ငံသား (၁၉၇)ဦးအား ဘတ္စ္ကား (၅)စီး၊ ရဲကားတစ္စီး၊ ခရီးစဉ္တစ္ေလွ်ာက္ က်န္းမာေရးကိစၥမ်ား ကူညီေဆာင္ရြက္ ေပးႏိုင္ရန္အတြက္ ေဆးအဖြဲ႕ပါဝင္သည့္ အုပ္ခ်ဳပ္မႈယာဉ္တစ္စီးတို႔ႏွင့္အတူ တ႐ုတ္-ျမန္မာ နယ္စပ္ၿမိဳ႕ ျဖစ္ေသာ ေရႊလီၿမိဳ႕အထိ ပို႔ေဆာင္ေပးႏိုင္ခဲ့ပါသည္။ ခရီးစဉ္ၾကာျမင့္ခ်ိန္မွာ ၁၆ နာရီခန္႔ျဖစ္ၿပီး ျမန္မာႏိုင္ငံသား (၁၉၇)ဦးသည္ ၂၃-၁-၂၀၂၀ ရက္ေန႔ ညေနပိုင္းတြင္ ေရႊလီၿမိဳ႕မွတဆင့္ ျမန္မာႏိုင္ငံ မူဆယ္ၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိမည္ျဖစ္ေၾကာင္း သိရွိရပါသည္။

ႏိုင္ငံျခားေရး

#peoplemedia

(unicode)
တရုတ်နိုင်ငံ၌ ပိတ်မိနေသည့် မြန်မာနိုင်ငံသား(၁၉၇)ဦးအား မြန်မာနိုင်ငံသို့ ဘေးကင်းစွာ ပြန်လည်ပို့ဆောင်
…………………………………………………………………………………………

(၂၂-၁-၂၀၂၀ ရက်၊ နန်နင်းမြို့)

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပိုင်ဆဲ့မြို့၊ ထျန်းတုန်းစီရင်စုရှိ စစ်ဆေးရေး ဂိတ်တစ်ခုတွင် မြန်မာနိုင်ငံသား အများအပြားပိတ်မိနေကြောင်း သတင်းပေးချက်အရ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးစိုးသက်နောင်သည် သက်ဆိုင်ရာမြို့ အစိုးရအဖွဲ့များ၊ ပိုင်ဆဲ့မြို့နိုင်ငံခြားရေးရုံး၊ ပြည်သူ့လုံခြုံရေးဦးစီးဌာနတို့နှင့် ဆက်သွယ်ကာ အဆိုပါပိတ်မိနေသော မြန်မာနိုင်ငံသားဟုဆိုသူများအား နိုင်ငံသားကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် မြန်မာနိုင်ငံသား မှန်ကန်မှု ရှိ-မရှိ စိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီးနောက် တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့အထိ ဘေးကင်းစွာပြန်လည် ပို့ဆောင်ပေးခဲ့ပါသည်။

အဆိုပါ ပိတ်မိနေသော မြန်မာနိုင်ငံသားအရေအတွက် စုစုပေါင်းမှာ(၁၉၇)ဦးဖြစ်ပြီး ကျား (၁၃၄)ဦး၊ ကိုယ်ဝန်ဆောင် (၁)ဦးနှင့် (၂၃)ရက်သား မိန်းကလေးငယ်တစ်ဦးအပါအဝင် မ (၆၃ ) ဦးတို့ ဖြစ်ပါသည်။ ၎င်းတို့သည် ကွမ်တုန်းပြည်နယ်အတွင်းရှိ စက်ရုံများတွင် တရားမဝင် အလုပ်လုပ်ကိုင်နေခဲ့ပြီးနောက် တရုတ်နှစ်သစ်ကူးပိတ်ရက်ကာလအတွင်း ကားကြီး(၃)စီး ငှားရမ်းကာ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ရာ လမ်းခုလတ်ရှိ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပိုင်ဆဲ့မြို့၊ ထျန်းတုန်းစီရင်စုရှိ စစ်ဆေးရေးဂိတ်၌ ကားပေါ်တွင် လူအလွန်အကျွံ လိုက်ပါလာသောကြောင့် စစ်ဆေးမေးမြန်းစဉ် ထိန်းသိမ်းခံရခြင်းဖြစ်ပါသည်။

ယင်းသတင်းအားရရှိသည်နှင့်တစ်ပြိုင်နက် နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသည် သက်ဆိုင်ရာ ပိုင်ဆဲမြို့အစိုးရ၊ ပိုင်ဆဲ့မြို့နိုင်ငံခြားရေးဌာနနှင့် ပြည်သူ့လုံခြုံရေးဦးစီးဌာနတို့နှင့် ဆက်သွယ် ညှိနှိုင်းခဲ့ကာ ၂၁-၁-၂၀၂၀ ရက်နေ့မှစ၍ ၎င်းတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ နေထိုင်စားသောက်မှုကိစ္စအဝဝအား စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၂၂-၁-၂၀၂၀ ရက်နေ့တွင် မြန်မာကောင်စစ်ဝန်ချုပ်၊ ဦးစိုးသက်နောင်နှင့်အဖွဲ့သည် ၎င်းတို့ပိတ်မိနေသည့်နေရာသို့ သွားရောက်ကာ နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီးနောက် သက်ဆိုင်ရာ ထျန်းတုန်းစီရင်စု အုပ်ချုပ်ရေးမှူး၊ ပိုင်ဆဲ့မြို့နိုင်ငံခြားရေးရုံး ညွှန်ကြားရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပူးပေါင်းကူညီမှုဖြင့် ဒေသစံတော်ချိန် နေ့လည် (၃:၃၀) အချိန်တွင် မြန်မာနိုင်ငံသား (၁၉၇)ဦးအား ဘတ်စ်ကား (၅)စီး၊ ရဲကားတစ်စီး၊ ခရီးစဉ်တစ်လျှောက် ကျန်းမာရေးကိစ္စများ ကူညီဆောင်ရွက် ပေးနိုင်ရန်အတွက် ဆေးအဖွဲ့ပါဝင်သည့် အုပ်ချုပ်မှုယာဉ်တစ်စီးတို့နှင့်အတူ တရုတ်-မြန်မာ နယ်စပ်မြို့ ဖြစ်သော ရွှေလီမြို့အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။ ခရီးစဉ်ကြာမြင့်ချိန်မှာ ၁၆ နာရီခန့်ဖြစ်ပြီး မြန်မာနိုင်ငံသား (၁၉၇)ဦးသည် ၂၃-၁-၂၀၂၀ ရက်နေ့ ညနေပိုင်းတွင် ရွှေလီမြို့မှတဆင့် မြန်မာနိုင်ငံ မူဆယ်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံခြားရေး

#peoplemedia


Share this post