• Follow Us on

Home တ႐ုတ္ႏိုင္ငံ၌ ေအးခဲပင္လယ္စာမ်ားအတြင္း ကို႐ိုနာဗိုင္းရပ္စ္ေတြ႕ရွိမႈ မည္သည့္ေနရာမွအစျပဳခဲ့သည္ကို ေဖၚျပျခင္းမရွိ

တ႐ုတ္ႏိုင္ငံ၌ ေအးခဲပင္လယ္စာမ်ားအတြင္း ကို႐ိုနာဗိုင္းရပ္စ္ေတြ႕ရွိမႈ မည္သည့္ေနရာမွအစျပဳခဲ့သည္ကို ေဖၚျပျခင္းမရွိ

Share this post

ၾသဂုတ္ ၁၃

မၾကာေသးမီက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈျမင့္တက္ခဲ့သည့္ ဆိပ္ကမ္းၿမိဳ႕ ဒါလီယန္ၿမိဳ႕မွ ေရာက္ရွိလာခဲ့ ေသာ ေအးခဲ ပင္လယ္စာမ်ားအတြင္း တ႐ုတ္အာဏာပိုင္မ်ားက ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိခဲ့ေၾကာင္း ေဒသႏၲရအ စိုးရအဖြဲ႕က ေျပာၾကားခဲ့သည္။

တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္း ရွန္တုန္ျပည္နယ္ရွိ ဆိပ္ကမ္းၿမိဳ႕တစ္ခုျဖစ္သည့္ ယန္တိုင္းရွိ ကုမၸဏီသုံးခုက ဝယ္ ယူခဲ့ေသာ ေအးခဲ ပင္လယ္စာအထုပ္မ်ားအျပင္ဘက္တြင္ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

ဒါလီယန္ၿမိဳ႕သို႔ေရာက္ရွိလာခဲ့ေသာ ေအးခဲ ပင္လယ္စာမ်ားအတြင္း ဗိုင္းရပ္စ္ပိုး ေတြ႕ရွိခဲ့ေၾကာင္း ယန္ တိုင္းၿမိဳ႕ေတာ္ အစိုးရအဖြဲ႕က ထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာၾကားခဲ့ေသာ္လည္း ပင္လယ္စာမ်ား မည္သည့္ေန ရာမွ အစျပဳခဲ့သည္ကို မေဖာ္ျပခဲ့ေပ။

ဇူလိုင္လအတြင္းကလည္း တ႐ုတ္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္း ေလ်ာင္နင္းျပည္နယ္ရွိ အေရးပါေသာ ဆိပ္ ကမ္းတစ္ခုျဖစ္သည့္ ဒါလီယန္ၿမိဳ႕မွ အေကာက္ခြန္ တာဝန္ရွိသူမ်ားက အီေကြေဒါႏိုင္ငံမွ တင္သြင္းခဲ့သည့္ ေအးခဲပု ဇြန္ထုပ္မ်ားအတြင္း ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိခဲ့သည္။

ထို႔ေနာက္ပိုင္း တ႐ုတ္ႏိုင္ငံက အီေကြေဒါ ပုဇြန္ထုတ္လုပ္ေရးကုမၸဏီသုံးခုမွ ေအးခဲပုဇြန္မ်ား တင္သြင္းမႈ ရပ္ဆိုင္းခဲ့သည္။

ယန္တိုင္းကုမၸဏီသုံးခု ဝယ္ယူခဲ့သည့္ ပင္လယ္စာမ်ားကို ျပည္ပတင္ပို႔ရန္ ထုပ္ပိုးခဲ့ျခင္းျဖစ္ၿပီး က်န္ရွိ ေသာ ေအးခဲပင္လယ္စာမ်ားကို အေအးခန္းမ်ား၌ သိုေလွာင္ကာ ေစ်းကြက္အတြင္း မေရာက္ရွိခဲ့ေၾကာင္း ယန္ တိုင္း အစိုးရက ေျပာၾကားခဲ့သည္။

ေအးခဲ ပင္လယ္စာမ်ား တင္ပို႔ခဲ့ျခင္း ရွိ မရွိ ေမးျမန္းရာတြင္ ယန္တိုင္းၿမိဳ႕ရွိ ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြားမႈ တုံ႔ျပန္ေရးအဖြဲ႕မွ ဝန္ထမ္းတစ္ဦးက အေသးစိတ္ေျပာျပရန္ ျငင္းဆန္ခဲ့သည္။

အာဏာပိုင္မ်ားက ေအးခဲပင္လယ္စာမ်ားကို ဖ်က္ဆီးခဲ့ေၾကာင္း ယန္တိုင္းၿမိဳ႕ေတာ္အစိုးရက ေျပာသည္။ ေအးခဲပင္လယ္စာမ်ားအား ထိေတြ႕ခဲ့သူတိုင္း သီးျခားခြဲထားခဲ့ၿပီး ဗိုင္းရပ္စ္ပိုး စစ္ေဆးရာတြင္ ပိုးမေတြ႕ရွိခဲ့ဟု သိရသည္။

ဒါလီယန္ၿမိဳ႕ေတာ္၌ ကို႐ိုနာဗိုင္းရပ္စ္ ေနာက္ဆုံးအႀကိမ္ ေတြ႕ရွိမႈမွာ ဇူလိုင္လေႏွာင္းပိုင္းတြင္ျဖစ္ၿပီး ပထမဆုံးကူးစက္မႈမွာ ပင္လယ္စာထုပ္ပိုးေရးကုမၸဏီ၌ ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။ ဒါလီယန္ၿမိဳ႕တြင္ ဗိုင္းရပ္စ္ကူးစက္ မႈ ၉၂ မႈ ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

ကိုးကား ။ ။ ဂ်ကာတာပို႔စ္

Ref; Coronavirus found on frozen seafood in China

#PeopleMedia

(unicode)
တရုတ်နိုင်ငံ၌ အေးခဲပင်လယ်စာများအတွင်း ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိမှု မည်သည့်နေရာမှအစပြုခဲ့သည်ကို ဖေါ်ပြခြင်းမရှိ
………………………………………………

ဩဂုတ် ၁၃

မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်ခဲ့သည့် ဆိပ်ကမ်းမြို့ ဒါလီယန်မြို့မှ ရောက်ရှိလာခဲ့ သော အေးခဲ ပင်လယ်စာများအတွင်း တရုတ်အာဏာပိုင်များက ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း ဒေသန္တရအ စိုးရအဖွဲ့က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုန်ပြည်နယ်ရှိ ဆိပ်ကမ်းမြို့တစ်ခုဖြစ်သည့် ယန်တိုင်းရှိ ကုမ္ပဏီသုံးခုက ဝယ် ယူခဲ့သော အေးခဲ ပင်လယ်စာအထုပ်များအပြင်ဘက်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဒါလီယန်မြို့သို့ရောက်ရှိလာခဲ့သော အေးခဲ ပင်လယ်စာများအတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း ယန် တိုင်းမြို့တော် အစိုးရအဖွဲ့က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သော်လည်း ပင်လယ်စာများ မည်သည့်နေ ရာမှ အစပြုခဲ့သည်ကို မဖော်ပြခဲ့ပေ။

ဇူလိုင်လအတွင်းကလည်း တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်ရှိ အရေးပါသော ဆိပ် ကမ်းတစ်ခုဖြစ်သည့် ဒါလီယန်မြို့မှ အကောက်ခွန် တာဝန်ရှိသူများက အီကွေဒေါနိုင်ငံမှ တင်သွင်းခဲ့သည့် အေးခဲပု ဇွန်ထုပ်များအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့သည်။

ထို့နောက်ပိုင်း တရုတ်နိုင်ငံက အီကွေဒေါ ပုဇွန်ထုတ်လုပ်ရေးကုမ္ပဏီသုံးခုမှ အေးခဲပုဇွန်များ တင်သွင်းမှု ရပ်ဆိုင်းခဲ့သည်။

ယန်တိုင်းကုမ္ပဏီသုံးခု ဝယ်ယူခဲ့သည့် ပင်လယ်စာများကို ပြည်ပတင်ပို့ရန် ထုပ်ပိုးခဲ့ခြင်းဖြစ်ပြီး ကျန်ရှိ သော အေးခဲပင်လယ်စာများကို အအေးခန်းများ၌ သိုလှောင်ကာ ဈေးကွက်အတွင်း မရောက်ရှိခဲ့ကြောင်း ယန် တိုင်း အစိုးရက ပြောကြားခဲ့သည်။

အေးခဲ ပင်လယ်စာများ တင်ပို့ခဲ့ခြင်း ရှိ မရှိ မေးမြန်းရာတွင် ယန်တိုင်းမြို့ရှိ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု တုံ့ပြန်ရေးအဖွဲ့မှ ဝန်ထမ်းတစ်ဦးက အသေးစိတ်ပြောပြရန် ငြင်းဆန်ခဲ့သည်။

အာဏာပိုင်များက အေးခဲပင်လယ်စာများကို ဖျက်ဆီးခဲ့ကြောင်း ယန်တိုင်းမြို့တော်အစိုးရက ပြောသည်။ အေးခဲပင်လယ်စာများအား ထိတွေ့ခဲ့သူတိုင်း သီးခြားခွဲထားခဲ့ပြီး ဗိုင်းရပ်စ်ပိုး စစ်ဆေးရာတွင် ပိုးမတွေ့ရှိခဲ့ဟု သိရသည်။

ဒါလီယန်မြို့တော်၌ ကိုရိုနာဗိုင်းရပ်စ် နောက်ဆုံးအကြိမ် တွေ့ရှိမှုမှာ ဇူလိုင်လနှောင်းပိုင်းတွင်ဖြစ်ပြီး ပထမဆုံးကူးစက်မှုမှာ ပင်လယ်စာထုပ်ပိုးရေးကုမ္ပဏီ၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဒါလီယန်မြို့တွင် ဗိုင်းရပ်စ်ကူးစက် မှု ၉၂ မှု တွေ့ရှိခဲ့ကြောင်း သိရသည်။

ကိုးကား ။ ။ ဂျကာတာပို့စ်

Ref; Coronavirus found on frozen seafood in China

#PeopleMedia


Share this post