• Follow Us on

Home တရုတ်နိုင်ငံ၏ ဒုတိယမြောက်လေယာဉ်တင်သင်္ဘောအုပ်စု တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်

တရုတ်နိုင်ငံ၏ ဒုတိယမြောက်လေယာဉ်တင်သင်္ဘောအုပ်စု တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၀ (People Media)

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရေတပ် ဒုတိယမြောက်လေယာဉ်တင်သင်္ဘောဖြစ်သော ရှန်း ဒုန်း (Shandong) လေယာဉ်တင်သင်္ဘောအုပ်စုသည် တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးလေ့ကျင့်မှုပြု လုပ်ခဲ့ကြောင်း စစ်ရေးကျွမ်းကျင်သူများက ဒီဇင်ဘာလ ၁၉ ရက်နေ့ကပြောကြားလိုက်သည်။

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ်၏ ပထမဦးဆုံးလေယာဉ်တင်သင်္ဘောဖြစ်သော လီယောင်း နီ (Liaoning) လေယာဉ်တင်သင်္ဘောသည်လည်း လက်ရှိအချိန်တွင် ပစိဖိတ်သမုဒ္ဒရာထဲတွင် စစ်ရေးလေ့ကျင့် လျက်ရှိရာ မကြာမီကာလအတွင်း ရှန်းဒုန်းလေယာဉ်တင်သင်္ဘောအုပ်စုနှင့် လီယောင်းနီလေယာဉ်တင်သင်္ဘော အုပ်စုတို့ပူးပေါင်းထားသည့် လေယာဉ်တင်သင်္ဘောနှစ်စင်းအုပ်စုတစ်စုကို မြင်လာရတော့မည်ဖြစ်ကြောင်း လေ့ လာစောင့်ကြည့်သူများက မျှော်လင့်စောင့်စားနေကြသည်။

 

ဂျက်တိုက်လေယာဉ်များအဆင်းလေ့ကျင့်ရန်၊ ပျက်စီးမှုကိုထိန်းသိမ်းရန်နှင့် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်ခန်း များပြုလုပ်ရန်အတွက် ဆောင်းတွင်းကာလအစောပိုင်းတွင် တောင်တရုတ်ပင်လယ်ပြင်အတွင်း အမည်မသိနေ ရာတွင် ရှန်းဒုန်းလေယာဉ်တင်သင်္ဘောကို စတင်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း လူထုနေ့စဉ်သတင်းစာက ဒီဇင်ဘာ ၁၉ ရက်နေ့က ရေးသားဖော်ပြခဲ့သည်။

 

ယခုနှစ်အတွင်း ရှန်းဒုန်းလေယာဉ်တင်သင်္ဘော စစ်ရေးလေ့ကျင့်မှုလုပ်ခဲ့သည်မှာ ပထမဦးဆုံးအကြိမ်မဟုတ်ပေ။ မေလအစောပိုင်းက PLA ရေတပ်သည် ရှန်းဒုန်းလေယာဉ်တင်သင်္ဘောဦးစီးသည့် ရေတပ်တိုက်ခိုက်ရေးအုပ်စုကို တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးလေ့ကျင့်ရန်စီစဉ်ခဲ့ကြောင်း PLA ရေတပ်ပြောခွင့်ရပုဂ္ဂိုလ် စီနီယာဗိုလ် ကြီး ကောင်ရှုန်ချောင်းက ပြောသည်။

 

တပ်တော်ဝင်ပြီး ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားကျင်းပခဲ့ပြီးနောက် လေ့ကျင့်ခန်းများနှင့် စစ် ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ပြီးဖြစ်သဖြင့် ရှန်းဒုန်းလေယာဉ်တင်သင်္ဘောသည် အဆင့်မြင့် တိုက်ပွဲဝင်အသင့်အ နေအထားတွင်ရှိနေပြီဖြစ်ကြောင်း လေ့လာသူများကပြောသည်။

 

တရုတ်နိုင်ငံမှ လီယောင်းနီလေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုသည် မီယာကိုရေလက်ကြားကို ဖြတ်သန်းပြီး ပစိဖိတ်သမုဒ္ဒရာတွင်းသို့ဝင်ရောက်လာသည်ကို ဂျပန်ရေတပ်က တွေ့ရှိခဲ့ကြောင်း ဒီဇင်ဘာလ ၁၇ ရက်နေ့က ကြေညာခဲ့ပြီးနောက် အချိန်တိုအတွင်း လူထုနေ့စဉ်သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။

 

လီယောင်းနီလေယာဉ်တင်သင်္ဘောကို Type 055 ဖျက်သင်္ဘောတစ်စင်း၊ Type 054A ဖရီးဂိတ်သင်္ဘော တစ် စင်း၊ Type 901 ထောက်ပံ့ရေးသင်္ဘောတစ်စင်းနှင့် Type 052D ဖျက်သင်္ဘောတစ်စင်းတို့က လိုက်ပါစောင့် ရှောက်ခဲ့ကြောင်း ဂျပန်သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

Ref: China’s 2nd aircraft carrier conducts exercises in South China Sea

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 

Ref: China’s 2nd aircraft carrier conducts exercises in South China Sea

 

#PeopleMedia


Share this post