• Follow Us on

Home တရုတ်နိုင်ငံ၏ ဟိုက်ပါဆောနစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများမှာ အလွန်စိုးရိမ်စရာကောင်းပြီး ဆိုဗီယက်ခေတ် စပွတ်နစ်ဂြိုဟ်တုပစ်လွှတ်မှုနှင့် ဆင်တူကြောင်း အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးပြော

တရုတ်နိုင်ငံ၏ ဟိုက်ပါဆောနစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများမှာ အလွန်စိုးရိမ်စရာကောင်းပြီး ဆိုဗီယက်ခေတ် စပွတ်နစ်ဂြိုဟ်တုပစ်လွှတ်မှုနှင့် ဆင်တူကြောင်း အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၈ (People Media)

 

အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား တင်းမာမှုများမြင့်တက်နေစဉ် ယခုနှစ်နွေရာသီအတွင်း တရုတ်နိုင်ငံက ဟိုက်ပါဆောနစ်ဒုံးကျည်ဟု သံသယဖြစ်ဖွယ်ရာဒုံးကျည် စမ်းသပ်ပစ်ခတ်မှုမှာ အလွန်စိုးရိမ်ဖွယ်ရာကောင်း ကြောင်း အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးကပြောဆိုလိုက်သည်။

 

တရုတ်နိုင်ငံက ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများမှာ စစ်အေးခေတ်ကာလအတွင်း လက်နက်ပြိုင်ပွဲများကိုဖြစ်ပေါ် စေခဲ့သော ၁၉၅၇ ခုနှစ် ဆိုဗီယက်ပြည်ထောင်စုကပြုလုပ်ခဲ့သည့် “စပွတ်နစ်” ဂြိုဟ်တုလွှတ်တင်မှုအဖြစ်အ ပျက်နှင့် ဆင်တူယိုးမှားဖြစ်ကြောင်း ပူးတွဲစစ်ဦးစီးချုပ်များ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမာ့ခ်မီလီကပြောသည်။

 

တရုတ်နိုင်ငံကဟိုက်ပါဆောနစ်ဒုံးကျည်နှစ်စင်းစမ်းသပ်ပစ်ခတ်ခဲ့ကြောင်း လွန်ခဲ့သည့်သီတင်းပတ်က Financial Times သတင်းစာက  ရေးသားခဲ့သည်။ ရော့ကက်တစ်စင်းမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာပတ်လမ်းကြောင်း အ တိုင်းပျံသန်းခဲ့သည့် ယင်းဒုံးကျည်များမှာ အမေရိကန်ကာကွယ်ရေးစနစ်ကို ချိုးဖျက်နိုင်ခဲ့သည့်စွမ်းရည်များရှိ ကြောင်း ယူဆထားကြသည်။

 

Bloomberg TV နှင့် အင်တာဗျူးတစ်ခုတွင် ဗိုလ်ချုပ်ကြီးမာ့ခ်မီလီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဗိုလ်ချုပ် ကြီးထဲတွင် တရုတ်နိုင်ငံ၏ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများကို ပထမဦးဆုံး အသိအမှတ်ပြုခဲ့ သည့် အဆင့်မြင့်ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည်။

 

“စပွတ်နစ်နဲ့ ထပ်တူကျမကျတော့ ကျွန်တော်မသိဘူး။ ဒါပေမဲ့ ဒီအဖြစ်အပျက်ဟာ စပွတ်နစ်နဲ့ ထပ်တူနီးပါးလို့ တော့ထင်ပါတယ်။ ကျွန်တော်တို့အားလုံးကို ဆွဲဆောင်မှုရှိတဲ့ဖြစ်ရပ်ပါ။ နောက်ထပ် ၁၀ နှစ်၊ အနှစ် ၂၀၊ ၂၅ နှစ် ကျွန်တော်တို့ ရှေ့ဆက်သွားနေတဲ့အချိန်မှာ အမေရိကန်ပြည်ထောင်စုအတွက် အကြီးမားဆုံး ပထဝီမဟာဗျူ ဟာမြောက်စိန်ခေါ်မှုဟာ တရုတ်နိုင်ငံပဲဖြစ်လိမ့်မယ်ဆိုတာ မေးခွန်းထုတ်စရာလိုမယ်မထင်ပါဘူး။ တရုတ်နိုင်ငံ စစ်အင်အားကြီးမားလာတာ အလွန် သိသာထင်ရှားပါတယ်။” ဟု ဗိုလ်ချုပ်ကြီးမာ့ခ်မီလီကပြောသည်။

 

စပွတ်နစ်ဂြိုဟ်တုလွှတ်တင်နိုင်ခဲ့မှုကြောင့် ဆိုဗီယက်ပြည်ထောင်စု၏ နည်းပညာတိုးတက်မှုကို စိုးရိမ်နေသည့် အမေရိကန်အစိုးရမှာ ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။ ယင်းဖြစ်ရပ်က ဆယ်စုနှစ်တစ်ခုအတွင်း လကမ္ဘာပေါ်သို့ ခြေချနိုင်ရေး ရည်ရွယ်ချက်ချမှတ်ရန် အမေရိကန်သမ္မတဂျွန်အက်ဖ်ကနေဒီကို လှုံ့ဆော်ပေးခဲ့ပြီး ၁၉၆၉ ခုနှစ် တွင် အမေရိကန်နိုင်ငံက လကမ္ဘာပေါ်သို့ ခြေချနိုင်ခဲ့သည်။

 

“တရုတ်နိုင်ငံရဲ့ စစ်လက်နက်တွေဟာ အခုပစ်လွှတ်လိုက်တဲ့ဒုံးကျည်တွေထက် အများကြီးသာပါတယ်။ တရုတ် တွေဟာ အာကာသမှာရော၊ ဆိုင်ဘာစစ်ဆင်ရေးတွေမှာရော အဆင်မြှင့်တိုးချဲ့နေတဲ့အပြင် မြေပြင်၊ ရေပြင်၊ ဝေ ဟင်တွေမှာရော စစ်လက်နက်ပစ္စည်းတွေကို တိုးချဲ့လုပ်ကိုင်နေပါတယ်။ တရုတ်နိုင်ငံဟာ ကျွန်တော်တို့အမြင် မှာတော့ အတော့်ကို အင်အားကြီးမားပြီး တိုးတက်နေပါပြီ။” ဟု ဗိုလ်ချုပ်ကြီးမာ့ခ်မီလီကပြောသည်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောခွင့်ရပုဂ္ဂိုလ် ဇောင်းလီဂျီယန်က Financial Times သတင်းစာ၏ ဖော်ပြ ချက်ကိုငြင်းဆိုလိုက်ပြီး တရုတ်နိုင်ငံကစမ်းသပ်ပစ်လွှတ်ခဲ့သည်မှာ ဟိုက်ပါဆောနစ်ဒုံးကျည်မဟုတ်ဘဲ အာကာ သယာဉ်သာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 

Ref: Chinese missile launch very concerning and is close to Beijing’s ‘Sputnik’ moment, says top US general

 

#PeopleMedia

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: Chinese missile launch very concerning and is close to Beijing’s ‘Sputnik’ moment, says top US general

 

#PeopleMedia


Share this post