• Follow Us on
Latest News

Home တရုတ်နိုင်ငံ၏ Type 003 လေယာဉ်တင်သင်္ဘော ထုတ်ဖော်ပြသ

တရုတ်နိုင်ငံ၏ Type 003 လေယာဉ်တင်သင်္ဘော ထုတ်ဖော်ပြသ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃၁ (People Media)

 

တရုတ်နိုင်ငံ၊ ဂျီးယောင်နန်းသင်္ဘောကျင်းတွင် တည်ဆောက်နေသည့် Type 003 လေယာဉ်တင်သင်္ဘောပုံကို ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က တွစ်တာပေါ်တွင်တင်ထားသည်ကိုတွေ့ရပြီး အဆိုပါလေယာဉ်တင် သ င်္ဘောကို ၂၀၂၁ ခုနှစ်တွင် ရေချကာ ၂၀၂၅ ခုနှစ်ဝန်းကျင်တွင် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

 

Type 003 လေယာဉ်တင်သင်္ဘောကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ်က တည်ဆောက်နေ ခြင်းဖြစ်သည်။ အဆိုပါလေယာဉ်တင်သင်္ဘောသည် CATOBAR system (သင်္ဘောပေါ်မှ လေယာဉ်ပျံတက်ရန်  စက်ဖြင့်လေထဲသို့ပင့်တင်ပေးသောစနစ်) နှင့် electromagnetic (EM) launch catapults ကိုအသုံးပြုထား သည့် ပထမဦးဆုံး တရုတ်လေယာဉ်တင်သင်္ဘောဖြစ်သည်။

 

CATOBAR စနစ်သည် လေယာဉ်တင်သင်္ဘောပေါ်မှာ လေယာဉ်များအတက်/အဆင်းကို ထိန်းချုပ်ပေးသည့်နေ ရာတွင်အသုံးပြုသည့်စနစ်ဖြစ်သည်။ CATOBAR စနစ်ကိုအသုံးပြုရာတွင် လေယာဉ်များမှာ catapult-assisted (လောက်လွှဲစနစ်) အကူအညီဖြင့် ပျံတက်ပြီး  လေယာဉ်ပြန်ဆင်းသက်ရာတွင် arrestor wires (လေယာဉ်ဖမ်း ထိန်းကြိုးများ) အကူအညီဖြင့် ပြန်လည်ဆင်းသက်မည်ဖြစ်သည်။

 

လေယာဉ်တင်သင်္ဘော၏အရွယ်အစားမှာ တန်ချိန် ၈၅,၀၀၀ နှင့် ၁၀၀,၀၀၀ ကြားရှိမည်ဖြစ်ပြီး အရှည်မှာ ၃၀၀ မီတာ (၉၈၄ ပေ ၃ လက်မ) ရှိမည်ဖြစ်သည်။ ဂြိုဟ်တုဓာတ်ပုံများဖော်ပြချက်အရသိရသည်မှာ အရှည် ၃၂၀ မီ တာရှိပြီး အနံ ၇၈ မီတာရှိကြောင်းသိရသည်။ Type 003 လေယာဉ်တင်သင်္ဘောမှာ ၎င်းသင်္ဘော၏ရှေ့က သ င်္ဘောများထက်ရှည်လျားပြီး သင်္ဘောအကျယ်မှာလည်း လေယာဉ်များပိုမိုထည့်သွင်းနိုင်ရန်ပိုမိုကျယ်ပြန့်သည်။

 

Type 003 လေယာဉ်တင်သင်္ဘောတွင် ရန်သူ့သတင်းစောင့်ကြည့်ထောက်လှမ်းရာတွင် အသုံးပြုမည့် မောင်းသူ မဲ့လေယာဉ်များ ထည့်သွင်းတပ်ဆင်သွားဖွယ်ရှိကြောင်း ခန့်မှန်းထားကြသည်။ အဆိုပါလေယာဉ်တင်သင်္ဘော ပေါ်တွင် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလက်နက်များနှင့် ရှာဖွေကယ်ဆယ်ရေး ရဟတ်ယာဉ်များပါ ထည့်သွင်းဖွဲ့ စည်းသွားမည်ဖြစ်ကြောင်းသိရသည်။

 

Ref: New pictures released of the Chinese Type 003 aircraft carrier

 

#PeopleMedia

 

(unicode)


………………………………………………………..

 


 


 


 


 


 


 

Ref: New pictures released of the Chinese Type 003 aircraft carrier

 

#PeopleMedia


Share this post