• Follow Us on

Home တ႐ုတ္ႏိုင္ငံ ခ်ဳံက်င္းျပည္နယ္၌ ၁၉၃၉ ခုႏွစ္ေနာက္ပိုင္း အဆိုးရြားဆုံး ေရေဘး ျဖစ္ပြားေန

တ႐ုတ္ႏိုင္ငံ ခ်ဳံက်င္းျပည္နယ္၌ ၁၉၃၉ ခုႏွစ္ေနာက္ပိုင္း အဆိုးရြားဆုံး ေရေဘး ျဖစ္ပြားေန

Share this post

ႏိုင္ငံတကာ၊ ၾသဂုတ္ ၂၀

တ႐ုတ္ႏိုင္ငံ ခ်ဳံက်င္းျပည္နယ္မွာ ဆယ္စုႏွစ္မ်ားစြာအတြင္း အဆိုးရြားဆုံး ေရေဘး ေတာင့္ခံေနရၿပီး ယန္ ဇီျမစ္ေပၚရွိ ကန္တန္စခန္းမွာ ယေန႔နံနက္ပိုင္းတြင္ ၁၉၃၉ ခုႏွစ္ေနာက္ပိုင္း အျမင့္ဆုံးျမစ္ေရႀကီးမႈ ႀကဳံေတြ႕ခဲ့ရသည္။

ခ်ဳံက်င္း အေရးေပၚအေျခအေန တုံ႔ျပန္ေရးဗ်ဴ႐ို၏ ေျပာၾကားခ်က္အရ ကန္တန္စခန္း၌ ယန္ဇီျမစ္ေရမွာ ၁၉၁ ဒသမ ၅၁ မီတာရွိၿပီး ၁၉၈၁ ခုႏွစ္တြင္ လူေပါင္း ၁ ဒသမ ၅ သန္း အိုးအိမ္မဲ့ျဖစ္ေစခဲ့သည့္ ေရေဘးထက္ ဒသမ ၁ မီတာ ပိုမ်ားေၾကာင္း သိရသည္။

ခ်ဳံက်င္းျပည္နယ္အတြင္း သီးႏွံစိုက္ခင္းေျမ စတုရန္းကီလိုမီတာ ၈၆၆၀ ေရနစ္ျမဳပ္ခဲ့ၿပီး ေရႀကီးေရလွ်ံမႈ မ်ားေၾကာင့္ တိုက္႐ိုက္ စီးပြားေရးအရ ဆုံးရႈံးမႈမွာ ေဒၚလာ ၃၉၄ သန္းႏွင့္ညီမွ်သည့္ ယြမ္ ၂ ဘီလီယံခန္႔အထိ ရွိခဲ့ သည္။

အာဏာပိုင္မ်ားသည္ ျသဂုတ္လ ၁၈ ရက္က ေရေဘးထိန္းခ်ဳပ္မႈ တုံ႔ျပန္ခ်က္အဆင့္ကို အဆင့္ ၁ အထိ တိုးျမႇင့္ခဲ့ရာ အဆင့္ေလးဆင့္ပါ ေရေဘးသတိေပးခ်က္တြင္ အျမင့္ဆုံးအဆင့္ ျဖစ္လာခဲ့သည္။

အထက္ပိုင္း ယန္ဇီေဒသတြင္ မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ အထက္ပိုင္း ယန္ဇီေရဝပ္ဧရိယာတြင္ တည္ရွိသည့္ ခ်ဳံက်င္းျပည္နယ္မွာ ယခုႏွစ္အတြင္း ပၪၥမအႀကိမ္ေျမာက္ အဆိုးရြားဆုံးေရေဘး ႀကဳံေတြ႕ခဲ့ျခင္းျဖစ္ သည္။

တ႐ုတ္အစိုးရက စီခြၽမ္၊ ရွန္းစီး၊ ဂင္စုႏွင့္ ခ်ဳံက်င္းျပည္နယ္မ်ား၌ ေရေဘးကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရန္ ယြမ္ သန္း ၄၆၀ (ေဒၚလာ ၉၀ ဒသမ ၇ သန္း) ခြဲေဝသတ္မွတ္ခဲ့ေၾကာင္း အေရးေပၚအေျခအေန စီမံ ခန္႔ခြဲေရးဝန္ႀကီးဌာနက ျသဂုတ္လ ၁၉ ရက္တြင္ ေျပာၾကားခဲ့သည္။

ရန္ပုံေငြမ်ားကို ေရေဘးသင့္ေဒသမ်ားတြင္ ေရေဘးထိန္းခ်ဳပ္ေရး အေရးေပၚကယ္ဆယ္ေရးႏွင့္ ေဘး အႏၲရာယ္အလြန္ ျပန္လည္တည္ေဆာက္ေရးတို႔အတြက္ သုံးစြဲမည္ျဖစ္သည္။

ေဒသႏၲရ ေရေဘးထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚကယ္ဆယ္ေရးလုပ္ငန္း ေဆာင္ရြက္ရာတြင္ ကူညီေပးရန္ စီခြၽမ္ျပည္နယ္သို႔ ကယ္ဆယ္ေရးလုပ္သား ၅၀၀ ပါ အဖြဲ႕တစ္ဖြဲ႕ ေစလႊတ္ခဲ့ေၾကာင္း အေရးေပၚအေျခအေန စီမံခန္႔ ခြဲေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။

ကိုးကား – သည္စထရိတ္တိုင္းမ္

Ref; Chongqing braces for worst flood in decades as China’s Yangtze river sees record water flow

#PeopleMedia

(unicode)
တရုတ်နိုင်ငံ ချုံကျင်းပြည်နယ်၌ ၁၉၃၉ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရေဘေး ဖြစ်ပွားနေ
………………………………………………

နိုင်ငံတကာ၊ ဩဂုတ် ၂၀

တရုတ်နိုင်ငံ ချုံကျင်းပြည်နယ်မှာ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ရေဘေး တောင့်ခံနေရပြီး ယန် ဇီမြစ်ပေါ်ရှိ ကန်တန်စခန်းမှာ ယနေ့နံနက်ပိုင်းတွင် ၁၉၃၉ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးမြစ်ရေကြီးမှု ကြုံတွေ့ခဲ့ရသည်။

ချုံကျင်း အရေးပေါ်အခြေအနေ တုံ့ပြန်ရေးဗျူရို၏ ပြောကြားချက်အရ ကန်တန်စခန်း၌ ယန်ဇီမြစ်ရေမှာ ၁၉၁ ဒသမ ၅၁ မီတာရှိပြီး ၁၉၈၁ ခုနှစ်တွင် လူပေါင်း ၁ ဒသမ ၅ သန်း အိုးအိမ်မဲ့ဖြစ်စေခဲ့သည့် ရေဘေးထက် ဒသမ ၁ မီတာ ပိုများကြောင်း သိရသည်။

ချုံကျင်းပြည်နယ်အတွင်း သီးနှံစိုက်ခင်းမြေ စတုရန်းကီလိုမီတာ ၈၆၆၀ ရေနစ်မြုပ်ခဲ့ပြီး ရေကြီးရေလျှံမှု များကြောင့် တိုက်ရိုက် စီးပွားရေးအရ ဆုံးရှုံးမှုမှာ ဒေါ်လာ ၃၉၄ သန်းနှင့်ညီမျှသည့် ယွမ် ၂ ဘီလီယံခန့်အထိ ရှိခဲ့ သည်။

အာဏာပိုင်များသည် သြဂုတ်လ ၁၈ ရက်က ရေဘေးထိန်းချုပ်မှု တုံ့ပြန်ချက်အဆင့်ကို အဆင့် ၁ အထိ တိုးမြှင့်ခဲ့ရာ အဆင့်လေးဆင့်ပါ ရေဘေးသတိပေးချက်တွင် အမြင့်ဆုံးအဆင့် ဖြစ်လာခဲ့သည်။

အထက်ပိုင်း ယန်ဇီဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အထက်ပိုင်း ယန်ဇီရေဝပ်ဧရိယာတွင် တည်ရှိသည့် ချုံကျင်းပြည်နယ်မှာ ယခုနှစ်အတွင်း ပဉ္စမအကြိမ်မြောက် အဆိုးရွားဆုံးရေဘေး ကြုံတွေ့ခဲ့ခြင်းဖြစ် သည်။

တရုတ်အစိုးရက စီချွမ်၊ ရှန်းစီး၊ ဂင်စုနှင့် ချုံကျင်းပြည်နယ်များ၌ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ယွမ် သန်း ၄၆၀ (ဒေါ်လာ ၉၀ ဒသမ ၇ သန်း) ခွဲဝေသတ်မှတ်ခဲ့ကြောင်း အရေးပေါ်အခြေအနေ စီမံ ခန့်ခွဲရေးဝန်ကြီးဌာနက သြဂုတ်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ရန်ပုံငွေများကို ရေဘေးသင့်ဒေသများတွင် ရေဘေးထိန်းချုပ်ရေး အရေးပေါ်ကယ်ဆယ်ရေးနှင့် ဘေး အန္တရာယ်အလွန် ပြန်လည်တည်ဆောက်ရေးတို့အတွက် သုံးစွဲမည်ဖြစ်သည်။

ဒေသန္တရ ရေဘေးထိန်းချုပ်ရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ကူညီပေးရန် စီချွမ်ပြည်နယ်သို့ ကယ်ဆယ်ရေးလုပ်သား ၅၀၀ ပါ အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ကြောင်း အရေးပေါ်အခြေအနေ စီမံခန့် ခွဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ကိုးကား – သည်စထရိတ်တိုင်းမ်

Ref; Chongqing braces for worst flood in decades as China’s Yangtze river sees record water flow

#PeopleMedia


Share this post