• Follow Us on

Home တ႐ုတ္ႏိုင္ငံ စစ္ေရးေလ့က်င့္မႈမ်ားပိုမိုျပဳလုပ္မည္

တ႐ုတ္ႏိုင္ငံ စစ္ေရးေလ့က်င့္မႈမ်ားပိုမိုျပဳလုပ္မည္

Share this post

ေဘက်င္း၊ စက္တင္ဘာ ၇

ႏိုင္ငံအေ႐ွ႕ပိုင္းႏွင့္အေ႐ွ႕ေျမာက္ပိုင္းတို႔တြင္ စစ္ေရးေလ့က်င့္မႈမ်ားပိုမိုျပဳလုပ္မည္ဟု တ႐ုတ္အစိုးရက တနလၤာေန႔တြင္ေျပာသည္။

ေဒသတြင္းတင္းမာမႈမ်ားေနာက္ခံ႐ွိေနေသာ္လည္း တ႐ုတ္ႏိုင္ငံက စစ္ေရးေလ့က်င့္မႈမ်ားဆက္တိုက္ျပဳလုပ္ေနသည္။

တနလၤာေန႔တြင္ ႏိုင္ငံအေ႐ွ႕ေျမာက္ပိုင္း႐ွိ ကြင္ဟြမ္ေဒါင္ဆိပ္ကမ္းအလြန္မွ ဘိုဟိုင္ပင္လယ္တြင္ ပထမဆံုးေလ့က်င့္မႈမ်ားျပဳလုပ္မည္ဟု ေရေၾကာင္းေဘးကင္းလံုျခံဳေရးအာဏာပိုင္မ်ားကေျပာသည္။

ဒုတိယေလ့က်င့္မႈမ်ားတြင္ သ႑ာန္လုပ္ဇာတ္တိုက္ေလ့က်င့္မႈမ်ားပါ၀င္ၿပီး ပင္လယ္ဝါေတာင္ပိုင္းတြင္ အဂၤါေန႔ႏွင့္ လ်န္ယန္ဂန္းၿမိဳ႕တြင္ ဗုဒၶဟူးေန႔တို႔တြင္ သီးျခားစီျပဳလုပ္မည္ျဖစ္သည္။

ထိုနယ္ေျမမ်ားသို႔ အျခားသေဘၤာမ်ား၀င္ခြင့္ျပဳမည္မဟုတ္ေခ်။

ၿပီးခဲ့သည့္လတြင္လည္း အေ႐ွ႕ဘက္တြင္ ဘိုဟိုင္ပင္လယ္မွပင္လယ္ဝါအထိႏွင့္ အျငင္းပြားေရပိုင္နက္မ်ား႐ွိရာ ေတာင္တ႐ုတ္ပင္လယ္တို႔အထိ သီးျခားေလ့က်င့္ခန္းမ်ားျပဳလုပ္မည္ဟု တ႐ုတ္ႏိုင္ငံကေၾကညာခဲ့သည္။

ထိုေလ့က်င့္ခန္းမ်ားမွာ ႐ွားပါးလုပ္ရပ္ဟု တ႐ုတ္စစ္ေရးကၽြမ္းက်င္သူမ်ားကေျပာသည္။

Ref : China to hold more military drills off northeast, east coasts

#PeopleMedia

(Unicode)
တရုတ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုများပိုမိုပြုလုပ်မည်
…………………………..

ဘေကျင်း၊ စက်တင်ဘာ ၇

နိုင်ငံအရှေ့ပိုင်းနှင့်အရှေ့မြောက်ပိုင်းတို့တွင် စစ်ရေးလေ့ကျင့်မှုများပိုမိုပြုလုပ်မည်ဟု တရုတ်အစိုးရက တနင်္လာနေ့တွင်ပြောသည်။

ဒေသတွင်းတင်းမာမှုများနောက်ခံရှိနေသော်လည်း တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုများဆက်တိုက်ပြုလုပ်နေသည်။

တနင်္လာနေ့တွင် နိုင်ငံအရှေ့မြောက်ပိုင်းရှိ ကွင်ဟွမ်ဒေါင်ဆိပ်ကမ်းအလွန်မှ ဘိုဟိုင်ပင်လယ်တွင် ပထမဆုံးလေ့ကျင့်မှုများပြုလုပ်မည်ဟု ရေကြောင်းဘေးကင်းလုံခြုံရေးအာဏာပိုင်များကပြောသည်။

ဒုတိယလေ့ကျင့်မှုများတွင် သဏ္ဍာန်လုပ်ဇာတ်တိုက်လေ့ကျင့်မှုများပါဝင်ပြီး ပင်လယ်ဝါတောင်ပိုင်းတွင် အင်္ဂါနေ့နှင့် လျန်ယန်ဂန်းမြို့တွင် ဗုဒ္ဓဟူးနေ့တို့တွင် သီးခြားစီပြုလုပ်မည်ဖြစ်သည်။

ထိုနယ်မြေများသို့ အခြားသင်္ဘောများဝင်ခွင့်ပြုမည်မဟုတ်ချေ။

ပြီးခဲ့သည့်လတွင်လည်း အရှေ့ဘက်တွင် ဘိုဟိုင်ပင်လယ်မှပင်လယ်ဝါအထိနှင့် အငြင်းပွားရေပိုင်နက်များရှိရာ တောင်တရုတ်ပင်လယ်တို့အထိ သီးခြားလေ့ကျင့်ခန်းများပြုလုပ်မည်ဟု တရုတ်နိုင်ငံကကြေညာခဲ့သည်။

ထိုလေ့ကျင့်ခန်းများမှာ ရှားပါးလုပ်ရပ်ဟု တရုတ်စစ်ရေးကျွမ်းကျင်သူများကပြောသည်။

Ref : China to hold more military drills off northeast, east coasts

#PeopleMedia


Share this post