• Follow Us on

Home တရုတ်နိုင်ငံ ဝူဟန်မြို့မှ မြန်မာကျောင်းသား (၆၀)ခန့် ယခုတစ်ပတ်အတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်


Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၂၇



အဆိုပါ မြန်မာကျောင်းသားများနေထိုင်ရာ တရုတ်နိုင်ငံ ဝူဟန်မြို့သည် Wuhan Corona
Virusရောဂါဖြစ်ပွားမှု ဒုတိယ အများဆုံးဖြစ်ပြီးယခုတစ်ပတ်အတွင်း မြန်မာကျောင်းသားများ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း တရုတ်နိုင်ငံရောက် ကျောင်းသားတစ်ဦးထံမှ သိရသည်။



photo – credit

ချယ်ရီ

#peoplemedia #EPN

(unicode)
တရုတ်နိုင်ငံ ဝူဟန်မြို့မှ မြန်မာကျောင်းသား (၆၀)ခန့် ယခုတစ်ပတ် အတွင်းမြန်မာနိူင်ငံသို့
ပြန်လည်ရောက်ရှိမည်
……………………………………………………………………………………

ရန်ကုန်၊ ဇန်နဝါရီ ၂၇

တရုတ်နိုင်ငံ ဝူဟန်မြို့မှ မြန်မာကျောင်းသား(၆၀)ခန့်ယခု တစ်ပတ်အတွင်း မြန်မာနိုင်ငံသို့ပြန် လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံဝူဟန်မြို့က မြန်မာကျောင်းသားများကိုတရုတ်ပြည်မှ လေယာဉ်ဖြင့်ခေါ်ဆောင်၍ မန္တလေးမြို့ရှိ၊တံတားဦးလေဆိပ်ကိုဆိုက်ကပ်ပြီး၆၂လမ်း ကန်တော်နဒီ အထူးကြပ်မတ်ကုသဆေးရုံသို့ပို့ဆောင်၍ စောင့်ကြည့်ကြပ်မတ်ကုသသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ မြန်မာကျောင်းသားများနေထိုင်ရာ တရုတ်နိူင်ငံ ဝူဟန်မြို့သည် Wuhan Corona
Virusရောဂါဖြစ်ပွားမှု ဒုတိယ အများဆုံးဖြစ်ပြီးယခုတစ်ပတ်အတွင်း မြန်မာကျောင်းသားများ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း တရုတ်နိူင်ငံရောက် ကျောင်းသားတစ်ဦးထံမှ သိရသည်။

“ကျွန်တော်တို့နေတဲ့တဲ့မြို့မှာက ဒုတိယအများဆုံးဖြစ်နေတယ်။နေ့လည်ကလဲ အစည်းအဝေးခေါ်တယ်။အခုည အကုန်အစည်းခေါ်တယ်။ဘယ်နေ့ပြန်ရမလဲဆိုတာကိုပေါ့။ကျောင်းကတော့ နှစ်သစ်ကူးရုံးပိတ်ရက်နဲ့ ၃၃ရက် ပိတ်ထားပါတယ်။”ဟု မြန်မာနိုင်ငံမှ ပညာသင်ဆုရသူ စက်မှုလက်မှုသိပ္ပံကျောင်းသားတစ်ဦးကပြောသည်။

ယင်းကျောင်းသားများကို အထူးကြပ်မတ်ကုသမည့်ကန်တော်နဒီ အထူးကြပ်မတ်ကုသဆေးရုံအားမန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့်မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ လိုအပ်သည်များစီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

photo – credit

ချယ်ရီ

#peoplemedia #EPN


Share this post