• Follow Us on

Home တရုတ်နိုင်ငံက ကျွန်းပေါ်သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် တောင်တရုတ်ပင်လယ်ပြင်အတွင်း မိုင်း ခင်းခြင်းများ အောင်မြင်စွာဆောင်ရွက်ခဲ့

တရုတ်နိုင်ငံက ကျွန်းပေါ်သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် တောင်တရုတ်ပင်လယ်ပြင်အတွင်း မိုင်း ခင်းခြင်းများ အောင်မြင်စွာဆောင်ရွက်ခဲ့

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၇ (People Media)

 

တရုတ်နိုင်ငံသည် ၎င်းတို့၏ H-6J ဗုံးကြဲလေယာဉ်ကိုအသုံးပြု၍ ကျွန်းများကို ဗုံးကြဲခြင်းနှင့် တောင်တရုတ်ပင် လယ်တွင်း မိုင်းခင်းခြင်းလေ့ကျင့်ခန်းများကို အောင်မြင်စွာဆောင်ရွက်ခဲ့ကြောင်း တရုတ်အစိုးရပိုင် Global Times သတင်းစာတွင် ဒီဇင်ဘာလ ၅ ရက်နေ့က ရေးသားဖော်ပြခဲ့သည်။

 

ဟိုင်နန်ကျွန်းတွင်အခြေပြုထားသော တပ်ရင်းတစ်ရင်းကစုစည်းထားသည့် စစ်ရေးလေ့ကျင့်မှုတွင် ရန်သူ့ စစ် သင်္ဘောများနှင့် ရေငုပ်သင်္ဘောများကို တိုက်ခိုက်ဖျက်ဆီးပစ်ရန် စီစဉ်ထားသည့် ပေါက်ကွဲအားပြင်းထန်သော လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် ပင်လယ်ပြင်တွင် မိုင်းခင်းခြင်း လေ့ကျင့်ခန်းတို့ပါဝင်သည်။

 

H-6J ဗုံးကြဲလေယာဉ်များသည် အုပ်ဖွဲ့ပျံသန်းမှုအားဖွဲ့စည်းထားပြီး ကြမ်းတမ်းသောရာသီဥတုအခြေအနေ အောက်တွင် သတ်မှတ်ထားသောနယ်မြေအတွင်းသို့ အရောက်ပျံသန်းခဲ့သည်။ H-6J ဗုံးကြဲလေယာဉ်သည် ပင်လယ်ပြင်အတွင်း သတ်မှတ်ထားသည့်မိုင်းများခင်းချပြီးနောက် ဗုံးများကြဲချကာ ကျွန်းပေါ်ရှိ ပစ်မှတ်များကို အောင်မြင်စွာ တိုက်ခိုက်ခဲ့သည်။

 

ပစ်မှတ်ပေါ်သို့ ဗုံးများကြဲချပြီးနောက် တရုတ်ဗုံးကြဲများသည် လေတပ်အခြေစိုက်စခန်းသို့ ပြန်လည်ပျံသန်းသွား ပြီး ခဲယမ်းများနှင့် လေယာဉ်ဆီများ ထပ်မံဖြည့်တင်းကာ နောက်ထပ်တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်မှုလေ့ကျင့်ခန်း များကို ဆောင်ရွက်ခဲ့သည်။

 

H-6J ဗုံးကြဲလေယာဉ်သည် စစ်ဘက်ဆိုင်ရာဗုံးများနှင့် ပင်လယ်ပြင်မိုင်းတို့အတွက် တိကျမှုနှင့် အားထားရမှုတို့ ကို ထိရောက်စွာစမ်းသပ်နိုင်ခဲ့ကြောင်း ဟိုင်နန်ကျွန်းတပ်ရင်းမှ ဒုတိယအကြီးအကဲ Zhang Yanjie က ပြော သည်။ ရန်သူ့တန်ပြန်တိုက်ခိုက်မှုများကို ထည့်သွင်းတွက်ချက်ပြီး တရုတ်နိုင်ငံအနေဖြင့် နည်းဗျူဟာများအပိုင်း နှင့် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နည်းများအပိုင်းတွင် ဆန်းသစ်တီထွင်မှုများကို ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

 

ပင်လယ်ရေကြောင်းပိုင်နက်ပိုင်ဆိုင်မှုအငြင်းပွားနေကြသည့်နိုင်ငံများ၏ ရန်စမှုများကြားတွင် တောင်တရုတ်ပင် လယ်အတွင်း လတ်တလောပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုသည် “အဟန့်အတား” တစ်ခုအဖြစ်ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း တရုတ်စစ်ဘက်ရေးရာ ဆန်းစစ်လေ့လာသူများက ပြောသည်။

 

တရုတ်ရေတပ်က နှောင့်ယှက်နေသည်ဟု စွပ်စွဲထားသည့် အာရှနိုင်ငံများကို အမေရိကန်ကဆက်လက်ထောက် ပံ့နေစဉ် ယခုစစ်ရေးလေ့ကျင့်မှုများမှာ တရုတ်တပ်မတော်၏ စစ်ရေးစွမ်းရည်ကို မြှင့်တင်ရန် တရုတ်နိုင်ငံအ တွက် နည်းလမ်းတစ်ရပ်အဖြစ်လည်း  ရှုမြင်ထားကြသည်။

 

ယခုနှစ်အစောပိုင်းက ဂွမ်ဒေါင်းပြည်နယ်တောင်ပိုင်းတွင် ရေတပ်စစ်ရေးလေ့ကျင့်ခန်းများကို တရုတ်နိုင်ငံက ပြု လုပ်ခဲ့သည်။ အလားတူ အမေရိကန်၊ အိန္ဒိယ၊ သြစတေးလျနှင့် ဂျပန်နိုင်ငံတို့ကလည်း ရေတပ်ပူးပေါင်းစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး ကျည်စစ်ကျည်မှန်များဖြင့် ပစ်ခတ်လေ့ကျင့်ခဲ့သည်။

 

မဟာဗျူဟာအရ အကဲဆတ်သည့်နယ်မြေသို့ အမေရိကန်အစိုးရက အလွန်ခေတ်မီသည့် အမေရိကန်ရေတပ် သင်္ဘောများကို တပ်ဖြန့်ချထားလိုက်ပြီးနောက် ယခုနှစ်မေလအတွင်း ရေတပ်စစ်ရေးမှုများပြုလုပ်ရန် တရုတ်နိုင် ငံက ၎င်းတို့၏ ရှန်ဒေါင်းလေယာဉ်တင်သင်္ဘောအုပ်စုကို အငြင်းပွားရေပြင်သို့ စေလွှတ်ခဲ့သည်။

 

Ref: China Completes Mine-Laying Drill in South China Sea

 

#PeopleMedia

 

(unicode)


………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: China Completes Mine-Laying Drill in South China Sea

 

#PeopleMedia


Share this post