• Follow Us on

Home တ႐ုတ္ႏုိင္ငံတြင္ မိုင္းတြင္းေပါက္ကြဲမႈေၾကာင့္ ၁၄ ဦးေသ၊ ၂ ဦးေပ်ာက္ဆံုးေန

တ႐ုတ္ႏုိင္ငံတြင္ မိုင္းတြင္းေပါက္ကြဲမႈေၾကာင့္ ၁၄ ဦးေသ၊ ၂ ဦးေပ်ာက္ဆံုးေန

Share this post

တ႐ုတ္ႏုိင္ငံ အေနာက္ေတာင္ပိုင္းက ေက်ာက္မီးေသြးမိုင္းတြင္းတစ္ခုမွာ ဓာတ္ေငြ႕ေပါက္ကြဲမႈျဖစ္ပြားခဲ့လို႔ မိုင္းတြင္းလုပ္သား ၁၄ ဦးေသဆံုးၿပီး ပိတ္မိေနသူ ၂ ဦးရွိေနတယ္လို႔ သက္ဆိုင္ရာ အစိုးရအာဏာပိုင္ေတြက ေျပာပါတယ္။

ယေန႔မနက္အေစာပိုင္းမွာ ျဖစ္ပြားခဲ့တဲ့ မိုင္းတြင္းမေတာ္တဆမႈျဖစ္ရပ္ဟာ တ႐ုတ္ႏုိင္ငံမွာ လံုၿခံဳေရးစည္းကမ္း သတ္မွတ္ခ်က္ေတြကို လိုက္နာမႈအားနည္းတာေၾကာင့္ မၾကာခဏျဖစ္ပြားေလ့ရွိတဲ့ မိုင္းတြင္းမေတာ္တဆမႈ ေတြထဲက ေနာက္ဆံုးျဖစ္ရပ္တစ္ခုလည္းျဖစ္ပါတယ္။

မိုင္းတြင္းေပါက္ကြဲမႈက မိုင္းတြင္းလုပ္သား ၇ ဦး ေဘးကင္းလံုၿခံဳမႈရွိစြာ ကယ္ထုတ္ႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။ မေတာ္တဆမႈျဖစ္ပြားခ်ိန္မွာ မိုင္းတြင္းအလုပ္လုပ္ကိုင္ေနတဲ့ မိုင္းတြင္းလုပ္သား ၃၄၇ ဦး ရွိခဲ့တယ္လို႕ သိရပါတယ္။

Ref;CAN

#PeopleMedia #International

(Unicode)
တရုတ်နိုင်ငံတွင် မိုင်းတွင်းပေါက်ကွဲမှုကြောင့် ၁၄ ဦးသေ၊ ၂ ဦးပျောက် ဆုံးနေ
……………………………………………………………

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ကျောက်မီးသွေးမိုင်းတွင်းတစ်ခုမှာ ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ မိုင်းတွင်းလုပ်သား ၁၄ ဦးသေဆုံးပြီး ပိတ်မိနေသူ ၂ ဦးရှိနေတယ်လို့ သက်ဆိုင်ရာ အစိုးရအာဏာပိုင်တွေက ပြောပါတယ်။

ယနေ့မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မိုင်းတွင်းမတော်တဆမှုဖြစ်ရပ်ဟာ တရုတ်နိုင်ငံမှာ လုံခြုံရေးစည်းကမ်း သတ်မှတ်ချက်တွေကို လိုက်နာမှုအားနည်းတာကြောင့် မကြာခဏဖြစ်ပွားလေ့ရှိတဲ့ မိုင်းတွင်းမတော်တဆမှု တွေထဲက နောက်ဆုံးဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။

မိုင်းတွင်းပေါက်ကွဲမှုက မိုင်းတွင်းလုပ်သား ၇ ဦး ဘေးကင်းလုံခြုံမှုရှိစွာ ကယ်ထုတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ မတော်တဆမှုဖြစ်ပွားချိန်မှာ မိုင်းတွင်းအလုပ်လုပ်ကိုင်နေတဲ့ မိုင်းတွင်းလုပ်သား ၃၄၇ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

Ref;CAN

#PeopleMedia #International


Share this post