• Follow Us on

Home တရုတ်နိုင်ငံသား ခရီးသွားတစ်ဦး ထိုင်ဝမ်က မောင်းထုတ်ခံရ

တရုတ်နိုင်ငံသား ခရီးသွားတစ်ဦး ထိုင်ဝမ်က မောင်းထုတ်ခံရ

Share this post

ဟောင်ကောင်က ဆန္ဒပြမှုတွေကို ထောက်ခံအားပေးတဲ့အနေနဲ့ ပြုလုပ် ထားတဲ့ “ Lennon Wall” တစ်ခုကို ဖျက်ဆီးခဲ့တာကြောင့် တရုတ်နိုင်ငံ သား ခရီးသွားတစ်ဦးကို ထိုင်ဝမ်က မောင်းထုတ်လိုက်ပါတယ်။

ဟောင်ကောင်တက်ကြွလှုပ်ရှားသူတွေက Lennon Walls တွေကို မှတ် စုစာတွေ၊ ပိုစတာနဲ့ ကြွေးကြော်စာတွေနဲ့ ရောင်စုံပြုလုပ်ထားကြပြီး ထိုင်ဝမ်က တက္ကသိုလ်တွေမှာလည်း အများအပြားရှိနေပါတယ်။

မိမိတို့ အစိုးရအနေနဲ့ ဒီမိုကရေစီနဲ့လွတ်လပ်ခွင့်ကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်ပျက်စီးစေတဲ့ တရားမ၀င်လုပ်ရပ်တွေကို လက်သင့်ခံမှာ မဟုတ် ဘူးလို့ ထိုင်ဝမ်အစိုးရက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။

ထိုင်ဝမ်အစိုးရက မောင်းထုတ်ခံရတဲ့ တရုတ်နိုင်ငံသားကို ထိုင်ဝမ်ကို လည်ပတ်ခွင့် ၅ နှစ်ပိတ်ပင်လိုက်ပါတယ်။

ဟောင်ကောင်ကဆန္ဒပြမှုတွေနဲ့ဆက်နွယ်ပြီး တရုတ်နိုင်ငံသားတစ်ဦး ထိုင်ဝမ်က မောင်းထုတ်ခံရတာက ပထမဦးဆုံးလို့လည်း ယူဆရပါတယ်။

Ref; CNA


Share this post