• Follow Us on

Home တရုတ်နိုင်ငံအတွင်း၌ အထောက်အထားမဲ့ နေထိုင်သည့် မြန်မာနိုင်ငံသားများ ဇန်နဝါရီ(၂၀)ရက်နေ့၌ နောက် ဆုံးထွက်ခွာရန် တရုတ်အာဏာပိုင်များ သတိပေး


Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၁၆




Photo – မြန်မာ့အလင်း


(Unicode)
တရုတ်နိုင်ငံအတွင်း၌ အထောက်အထားမဲ့ နေထိုင်သည့် မြန်မာနိုင်ငံသားများ ဇန်နဝါရီ(၂၀)ရက်နေ့၌ နောက် ဆုံးထွက်ခွာရန် တရုတ်အာဏာပိုင်များ သတိပေး
…………………………………………………………

ရန်ကုန်၊ ဇန်နဝါရီ – ၁၆

တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သည့် ကျယ်ဂေါင်၊ ရွှေလီမြို့များ၌(တရုတ်ပိုင်နက်မြို့) အထောက်အထားမဲ့ နေ ထိုင်သည့် မြန်မာနိုင်ငံသားများ ဇန်နဝါရီ(၂၀)ရက်နေ့၌ နောက်ဆုံးထွက်ခွာရန် တရုတ်အာဏာပိုင်များ သတိ ပေးထားပါတယ်။

လက်ရှိအချိန်၌ တရုတ်-မြန်မာနယ်စပ်မြို့များရှိ တရုတ်ပိုင်နက်မြို့များတွင် မြန်မာနိုင်ငံသားများသည် ဆောက် လုပ်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် သွားရောက်အလုပ်လုပ်ကိုင်လျှက်ရှိပါတယ်။ လက်ရှိအချိန်၌ တရုတ်အာ ဏာပိုင်များသည် အထောက်အထားမဲ့နေထိုင်သည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးလျှက်ရှိကြောင်း ရွှေလီမြို့ရှိ မြန်မာနိုင်ငံသားတစ်ဦးက ဆိုပါတယ်။

အလားတူ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မြန်မာပိုင်နက်ဖြစ်သည့် မြဝတီမြို့၌ တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဒေသခံလူမှုအဖွဲ့အစည်းများအပါအဝင်အုပ်ချုပ်ရေးအဖွဲ့များ စုပေါင်းပြီး စစ်ဆေး မေးမြန်းခြင်း၊ အရေးယူခြင်းများ လုပ်ဆောင်လျှက်ရှိပါတယ်။

Photo – မြန်မာ့အလင်း

#PeopleMedia #တရုတ်နိုင်ငံအတွင်း၌ အထောက်အထားမဲ့နေထိုင်သည့်မြန်မာနိုင်ငံသားများ ထွက်ခွာရန် တရုတ်သတိပေး


Share this post