• Follow Us on

Home တရုတ်နိုင်ငံအပေါ် သြစတြေးလျ လေးစားမှုရှိရန်လိုဟု တရုတ်သံ အမတ်ပြော

တရုတ်နိုင်ငံအပေါ် သြစတြေးလျ လေးစားမှုရှိရန်လိုဟု တရုတ်သံ အမတ်ပြော

Share this post

သြစတြေးလျနိုင်ငံအနေနဲ့ တရုတ်နိုင်ငံအပေါ် ဝေဖန်မှုတွေကို စွန့်လွှတ်ပြီး နိုင်ငံရဲ့အကြီးမားဆုံးကုန်သွယ်ရေး ပါတနာဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမြှင့်တင်ခြင်းကို အခွင့်အလမ်းတစ်ရပ်လို့ ရှုမြင်သင့်တယ်လို့ သြစတြေးလျနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြောပါတယ်။

သြစတြေးလျနဲ့ ၄င်းရဲ့ အဓိကကုန်သွယ်ဘက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံတို့ကြားဆက်ဆံရေးဟာ လတ်တလော နှစ်ပိုင်းအတွင်း တစ်ဆဆ ယိုယွင်းလာခဲ့ပါတယ်။ သြစတြေးလျနိုင်ငံက တရုတ်နိုင်ငံဟာ နိုင်ငံရဲ့ ပြည်တွင်းရေး မှာ ၀င်ရောက်စွက်ဖက်မှုတွေရှိနေတယ်လို့ စွပ်စွဲထားပြီး ပစိဖိတ်ဒေသကို တရုတ်နိုင်ငံက လွှမ်းမိုးမှာကိုလည်း သြစတြေးလျဘက်က စိုးရိမ်မှုတွေရှိနေပါတယ်။


သြစတြေးလျနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချမ်းကျင်ယဲ့ဟာ သြစတြေးလျနိုင်ငံအနေနဲ့ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးကို အခွင့်အလမ်းတစ်ရပ်အနေနဲ့ မြင်ဖို့လိုအပ်ပြီး အခုနှစ်ဟာ နှစ်နိုင်ငံဆက်ဆံရေးအတွက် ရှုပ်ထွေးတဲ့နှစ် ဖြစ်တယ်လို့ ရှားရှားပါးပါး မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

Ref; Reuters


(Unicode)
တရုတ်နိုင်ငံအပေါ် ဩစတြေးလျ လေးစားမှုရှိရန်လိုဟု တရုတ်သံ အမတ်ပြော
……………………………………………………………

ဩစတြေးလျနိုင်ငံအနေနဲ့ တရုတ်နိုင်ငံအပေါ် ဝေဖန်မှုတွေကို စွန့်လွှတ်ပြီး နိုင်ငံရဲ့အကြီးမားဆုံးကုန်သွယ်ရေး ပါတနာဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမြှင့်တင်ခြင်းကို အခွင့်အလမ်းတစ်ရပ်လို့ ရှုမြင်သင့်တယ်လို့ ဩစတြေးလျနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြောပါတယ်။

ဩစတြေးလျနဲ့ ၄င်းရဲ့ အဓိကကုန်သွယ်ဘက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံတို့ကြားဆက်ဆံရေးဟာ လတ်တလော နှစ်ပိုင်းအတွင်း တစ်ဆဆ ယိုယွင်းလာခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံက တရုတ်နိုင်ငံဟာ နိုင်ငံရဲ့ ပြည်တွင်းရေး မှာ ဝင်ရောက်စွက်ဖက်မှုတွေရှိနေတယ်လို့ စွပ်စွဲထားပြီး ပစိဖိတ်ဒေသကို တရုတ်နိုင်ငံက လွှမ်းမိုးမှာကိုလည်း ဩစတြေးလျဘက်က စိုးရိမ်မှုတွေရှိနေပါတယ်။

နှစ်နိုင်ငံဆက်ဆံရေး ယိုယွင်းလာမှုက ကုန်သွယ်ရေးကိုပါ ထိခိုက်မှုရှိလာခဲ့ပြီး ပြည်တွင်းတချို့ စီးပွားရေး လုပ်ငန်းရှင်တွေက လူအခွင့်အရေးနဲ့ အမျိုးသားလုံခြုံရေးတို့အတွက် ပြည်တွင်းဦးစားပေးစီးပွားရေးမှုဝါဒကို ချမှတ်ဖို့ အစိုးရကို တောင်းဆိုမှုတွေလည်းရှိလာခဲ့ပါတယ်။

ဩစတြေးလျနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချမ်းကျင်ယဲ့ဟာ ဩစတြေးလျနိုင်ငံအနေနဲ့ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးကို အခွင့်အလမ်းတစ်ရပ်အနေနဲ့ မြင်ဖို့လိုအပ်ပြီး အခုနှစ်ဟာ နှစ်နိုင်ငံဆက်ဆံရေးအတွက် ရှုပ်ထွေးတဲ့နှစ် ဖြစ်တယ်လို့ ရှားရှားပါးပါး မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

Ref; Reuters

#PeopleMedia #International


Share this post