• Follow Us on

Home တ႐ုတ္ႏုိင္ငံ၌ ဝူဟန္ဗုိင္းရပ္စ္ျဖစ္ပြားေနမႈေၾကာင့္ တ႐ုတ္ႏုိင္ငံသားအခ်ဳိ႕ ကခ်င္ျပည္နယ္ ပန္ဝါေဒသသုိ႔ ေျပာင္းေရႊ႕ေနထုိင္လာမႈရွိေၾကာင္း ေဒသခံမ်ား ေျပာဆုိ

တ႐ုတ္ႏုိင္ငံ၌ ဝူဟန္ဗုိင္းရပ္စ္ျဖစ္ပြားေနမႈေၾကာင့္ တ႐ုတ္ႏုိင္ငံသားအခ်ဳိ႕ ကခ်င္ျပည္နယ္ ပန္ဝါေဒသသုိ႔ ေျပာင္းေရႊ႕ေနထုိင္လာမႈရွိေၾကာင္း ေဒသခံမ်ား ေျပာဆုိ

Share this post

ရန္ကုန္၊ ဇန္နဝါရီ – ၂၈

တ႐ုတ္ႏုိင္ငံ၌ ဝူဟန္ဗုိင္းရပ္စ္ ျဖစ္ပြားေနျခင္းေၾကာင့္ တ႐ုတ္-ျမန္မာနယ္စပ္ၿမိဳ႕ရွိ တရုတ္ႏုိင္ငံသားအခ်ဳိ႕သည္ ျမန္မာႏုိင္ငံပုိင္နက္ျဖစ္ေသာ ကခ်င္ျပည္နယ္ ပန္ဝါေဒသသုိ႔ ေျပာင္းေရြ႔ေနထုိင္မႈမ်ားရွိလာေၾကာင္း ေဒသခံ အခ်ဳိ႕က ေျပာပါတယ္။

“ေန႔စဥ္ေရႊ႕ေျပာင္းလာတယ္။ ပန္ဝါေဒသမွာ တရုတ္ႏုိင္ငံသားမ်ားလုပ္ေနတဲ့ သတၱဳလုပ္ကြက္ေတြရွိတယ္။ အဲ့ဒီကုိ ေျပာင္းလာၾကတယ္။ ၿပီးေတာ့ ပန္ဝါၿမိဳ႕ေပၚမွာရွိတဲ့ဟုိတယ္ေတြကုိ ေရြ႕ေျပာင္းေနထုိင္ၾကတယ္”ဟု ပန္ဝါၿမိဳ႕ရွိ ဗုဒၶဘာသာဘုန္းေတာ္ႀကီးတစ္ပါးက မိန္႔ပါတယ္။

တ႐ုတ္-ျမန္မာနယ္စပ္ၿမိဳ႕ျဖစ္ေသာ တ႐ုတ္ႏုိင္ငံပုိင္ ထိန္ခ်ဳံၿမိဳ႕ရွိ တ႐ုတ္ႏုိင္ငံသားမ်ားသည္ ျမန္မာပုိင္ ပန္ဝါ ေဒသကုိ ေျပာင္းေရြ႕ေနထုိင္ျခင္းျဖစ္တယ္လုိ႔ ဆက္လက္မိန္႔ပါတယ္။ လက္ရွိအခ်ိန္၌ ကခ်င္ျပည္နယ္ရွိ တ႐ုတ္-ျမန္မာနယ္စပ္ ဂိတ္ေပါက္ႏွစ္ခုကုိ ျမန္မာအစုိးရမွ ယာယီပိတ္ဆုိ႔ျခင္းမရွိေၾကာင္း ေဒသခံမ်ားက ဆုိပါတယ္။

ကခ်င္ျပည္နယ္၌ တ႐ုတ္-ျမန္မာနယ္စပ္ဂိတ္ ႏွစ္ဂိတ္သာ တရားဝင္ရွိေသာ္လည္း တရားမဝင္ဂိတ္မ်ားစြာရွိျခင္း ေၾကာင့္ တ႐ုတ္ႏုိင္ငံသားမ်ားကုိ ထိန္းခ်ဳပ္ရန္ ခက္ခဲေၾကာင္း ေဒသခံအခ်ဳိ႕က ဆုိပါတယ္။

အဆုိပါျဖစ္စဥ္အေပၚ PeopleMedia မွ ကခ်င္ျပည္နယ္ အစုိးရထံ ဆက္သြယ္ေမးမႈရရွိလွ်င္ ဆက္လက္ေဖာ္ျပ မည္။

#PeopleMedia

(Unicode)
တရုတ်နိုင်ငံ၌ ဝူဟန်ဗိုင်းရပ်စ်ဖြစ်ပွားနေမှုကြောင့် တရုတ်နိုင်ငံသားအချို့ ကချင်ပြည်နယ် ပန်ဝါဒေသသို့ ပြောင်းရွှေ့နေထိုင်လာမှုရှိကြောင်း ဒေသခံများ ပြောဆို
………………………………………………………………

ရန်ကုန်၊ ဇန်နဝါရီ – ၂၈

တရုတ်နိုင်ငံ၌ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားနေခြင်းကြောင့် တရုတ်-မြန်မာနယ်စပ်မြို့ရှိ တရုတ်နိုင်ငံသားအချို့သည် မြန်မာနိုင်ငံပိုင်နက်ဖြစ်သော ကချင်ပြည်နယ် ပန်ဝါဒေသသို့ ပြောင်းရွေ့နေထိုင်မှုများရှိလာကြောင်း ဒေသခံ အချို့က ပြောပါတယ်။

“နေ့စဉ်ရွှေ့ပြောင်းလာတယ်။ ပန်ဝါဒေသမှာ တရုတ်နိုင်ငံသားများလုပ်နေတဲ့ သတ္တုလုပ်ကွက်တွေရှိတယ်။ အဲ့ဒီကို ပြောင်းလာကြတယ်။ ပြီးတော့ ပန်ဝါမြို့ပေါ်မှာရှိတဲ့ဟိုတယ်တွေကို ရွေ့ပြောင်းနေထိုင်ကြတယ်”ဟု ပန်ဝါမြို့ရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးက မိန့်ပါတယ်။

တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော တရုတ်နိုင်ငံပိုင် ထိန်ချုံမြို့ရှိ တရုတ်နိုင်ငံသားများသည် မြန်မာပိုင် ပန်ဝါ ဒေသကို ပြောင်းရွေ့နေထိုင်ခြင်းဖြစ်တယ်လို့ ဆက်လက်မိန့်ပါတယ်။ လက်ရှိအချိန်၌ ကချင်ပြည်နယ်ရှိ တရုတ်-မြန်မာနယ်စပ် ဂိတ်ပေါက်နှစ်ခုကို မြန်မာအစိုးရမှ ယာယီပိတ်ဆို့ခြင်းမရှိကြောင်း ဒေသခံများက ဆိုပါတယ်။

ကချင်ပြည်နယ်၌ တရုတ်-မြန်မာနယ်စပ်ဂိတ် နှစ်ဂိတ်သာ တရားဝင်ရှိသော်လည်း တရားမဝင်ဂိတ်များစွာရှိခြင်း ကြောင့် တရုတ်နိုင်ငံသားများကို ထိန်းချုပ်ရန် ခက်ခဲကြောင်း ဒေသခံအချို့က ဆိုပါတယ်။

အဆိုပါဖြစ်စဉ်အပေါ် PeopleMedia မှ ကချင်ပြည်နယ် အစိုးရထံ ဆက်သွယ်မေးမှုရရှိလျှင် ဆက်လက်ဖော်ပြ မည်။

#PeopleMedia


Share this post