• Follow Us on

Home တ႐ုတ္ႏုိင္ငံ ဝူဟန္ၿမိဳ႕ရွိ ျမန္မာေက်ာင္းသားမ်ား မနက္ျဖန္ မႏၱေလးသုိ႔ ေရာက္ရွိမည္

တ႐ုတ္ႏုိင္ငံ ဝူဟန္ၿမိဳ႕ရွိ ျမန္မာေက်ာင္းသားမ်ား မနက္ျဖန္ မႏၱေလးသုိ႔ ေရာက္ရွိမည္

Share this post

ရန္ကုန္၊ ဇန္နဝါရီ – ၁

တ႐ုတ္ႏုိင္ငံ ဝူဟန္ၿမိဳ႕၌ ပညာသင္ၾကားသည့္ ျမန္မာႏုိင္ငံသား ေက်ာင္းသား/သူမ်ားကုိ ျမန္မာအစုိးရမွ ျပန္ လည္ေခၚယူရန္စီစဥ္ထားၿပီး ေက်ာင္းသား/သူမ်ား မနက္ျဖန္ မႏၱေလးသုိ႔ ျပန္ေရာက္ရွိမည္ျဖစ္သည္။

ေက်ာင္းသား/သူမ်ားကုိ သြားေရာက္ေခၚယူမည့္ ျမန္မာေလယာဥ္ UB-807သည္ ရန္ကုန္ၿမိဳ႕မွ ေဖေဖာ္ဝါရီ (၁) ရက္ ေဒသစံေတာ္ခ်ိန္(၁၆း၀၀)၌ စတင္ထြက္ခြာမည္ျဖစ္ၿပီး ဝူဟန္ၿမိဳ႕သုိ႔ (၂၂း၄၀)၌ ေရာက္ရွိမည္ျဖစ္သည္။

တ႐ုတ္ႏုိင္ငံ၏ ျပန္လည္ခြင့္ျပဳေပးႏုိင္သည့္ အေျခအေနေပၚမူတည္၍ ေဒသစံေတာ္ခ်ိန္(၂၃း၂၅)အခ်ိန္တြင္ ဝူဟန္ၿမိဳ႕မွ ျပန္လည္ထြက္ခြာရန္ စီစဥ္ထားၿပီး မႏၱေလးၿမိဳ႕သုိ႔ ေဖေဖာ္ဝါရီ(၂)ရက္ ေဒသစံေတာ္ခ်ိန္(၁း၄၀)၌ ျပန္လည္ေရာက္ရွိမည္ျဖစ္သည္။

သုိ႔ျဖစ္ပါ၍ ဝူဟန္ၿမိဳ႕ရွိ ျမန္မာ ေက်ာင္းသား/သူမ်ားအေနျဖင့္ (၁၀)ကီလုိဂရမ္အေလးခ်ိန္ရွိ မိမိႏွင့္တစ္ပါတည္း သယ္ေဆာင္ႏုိင္ေသာ ခရီးေဆာင္အိပ္မ်ားျဖင့္သာ ျမန္မာႏုိင္ငံသုိ႔ ျပန္ႏုိင္ေရး ျပင္ဆင္ထားရန္ ျမန္မာသံ႐ုံး၊ ေပ က်င္းက သတင္းထုတ္ျပန္ထားသည္။

#PeopleMedia #တ႐ုတ္ႏုိင္ငံဝူဟန္ၿမိဳ႕ရွိ ျမန္မာေက်ာင္းသားမ်ားမနက္ျဖန္မႏၱေလးသုိ႔ေရာက္ရွိမည္

(Unicode)
တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ မြန်မာကျောင်းသားများ မနက်ဖြန် မန္တလေးသို့ ရောက်ရှိမည်
……………………………………………………………

ရန်ကုန်၊ ဇန်နဝါရီ – ၁

တရုတ်နိုင်ငံ ဝူဟန်မြို့၌ ပညာသင်ကြားသည့် မြန်မာနိုင်ငံသား ကျောင်းသား/သူများကို မြန်မာအစိုးရမှ ပြန် လည်ခေါ်ယူရန်စီစဉ်ထားပြီး ကျောင်းသား/သူများ မနက်ဖြန် မန္တလေးသို့ ပြန်ရောက်ရှိမည်ဖြစ်သည်။

ကျောင်းသား/သူများကို သွားရောက်ခေါ်ယူမည့် မြန်မာလေယာဉ် UB-807သည် ရန်ကုန်မြို့မှ ဖေဖော်ဝါရီ (၁) ရက် ဒေသစံတော်ချိန်(၁၆း၀၀)၌ စတင်ထွက်ခွာမည်ဖြစ်ပြီး ဝူဟန်မြို့သို့ (၂၂း၄၀)၌ ရောက်ရှိမည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ ပြန်လည်ခွင့်ပြုပေးနိုင်သည့် အခြေအနေပေါ်မူတည်၍ ဒေသစံတော်ချိန်(၂၃း၂၅)အချိန်တွင် ဝူဟန်မြို့မှ ပြန်လည်ထွက်ခွာရန် စီစဉ်ထားပြီး မန္တလေးမြို့သို့ ဖေဖော်ဝါရီ(၂)ရက် ဒေသစံတော်ချိန်(၁း၄၀)၌ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ ဝူဟန်မြို့ရှိ မြန်မာ ကျောင်းသား/သူများအနေဖြင့် (၁၀)ကီလိုဂရမ်အလေးချိန်ရှိ မိမိနှင့်တစ်ပါတည်း သယ်ဆောင်နိုင်သော ခရီးဆောင်အိပ်များဖြင့်သာ မြန်မာနိုင်ငံသို့ ပြန်နိုင်ရေး ပြင်ဆင်ထားရန် မြန်မာသံရုံး၊ ပေ ကျင်းက သတင်းထုတ်ပြန်ထားသည်။

#PeopleMedia #တရုတ်နိုင်ငံဝူဟန်မြို့ရှိ မြန်မာကျောင်းသားများမနက်ဖြန်မန္တလေးသို့ရောက်ရှိမည်


Share this post