• Follow Us on

Home တရုတ်နျူကလီးယားဒုံးကျည်သိုလှောင်ခန်းအသစ်တည်ဆောက်မှု စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း နေတိုးအတွင်း ရေးမှူးပြော

တရုတ်နျူကလီးယားဒုံးကျည်သိုလှောင်ခန်းအသစ်တည်ဆောက်မှု စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း နေတိုးအတွင်း ရေးမှူးပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၈ (People Media)

 

တရုတ်နိုင်ငံတွင် နျူကလီးယားလက်နက်အသစ်များသိုလှောင်ထားရန် ဒုံးကျည်သိုလှောင်ခန်းအသစ် တည် ဆောက်မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်း နေတိုး(မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့) အဖွဲ့ အထွေအထွေ အတွင်းရေးမှူးချုပ်ဂျန်းစ်ဆော့လ်တ်ဘာ့ဂျ်က ပြောကြားလိုက်သည်။

 

တရုတ်နိုင်ငံသည် နျူကလီးယားဒုံးကျည်ထိပ်ဖူးများ တိုးချဲ့ထုတ်လုပ်လျက်ရှိသလို ပိုမိုခေတ်မီသောသယ်ယူပို့ ဆောင်ရေးစနစ်ကိုလည်း အကန့်အသတ်မဲ့ဆောင်ရွက်လျက်ရှိကြောင်း ဒိန်းမတ်နိုင်ငံ ကိုပေဟေဂင်မြို့တွင် သြဂုတ်လ ၆ ရက်နေ့ကကျင်းပသော လက်နက်ထိန်းချုပ်ရေးပြဿနာများဆိုင်ရာ နေတိုးညီလာခံတွင် ဂျန်းစ် ဆော့လ်တ်ဘာ့ဂျ်က ပြောသည်။

 

“ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ လက်နက်ထိန်းချုပ်ရေးမှာ လိုက်နာဆောင်ရွက်ရ မယ့် တာဝန်တွေရှိပါတယ်” ဟု ဆော့လ်တ်ဘာ့ဂျ်က ပြောသည်။ တရုတ်နိုင်ငံသည် စီးပွားရေးအင်အားကြီးနိုင် ငံဖြစ်ပြီး လက်နက်ထိန်းချုပ်ရေးဆွေးနွေးရန် ယနေ့အချိန်အထိ ငြင်းဆန်နေဆဲဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် နှစ်ဖက်ကန့်သတ်ချက်များကြားမှ အကျိုးအမြတ်ရရှိနေကြောင်း နော်ဝေဝန်ကြီးချုပ်ဟောင်းကပြောသည်။

 

ဇူလိုင်လကုန်တွင် အမေရိကန်သိပ္ပံပညာရှင်များအဖွဲ့ (FAS) က တရုတ်ဒုံးကျည်သိုလှောင်ခန်းအသစ် တည် ဆောက်မှုနှင့်ပတ်သက်၍ ဆန်းစစ်လေ့လာမှုစာတမ်းတစ်စောင် ထုတ်ဝေခဲ့သည်။ FAS အဖွဲ့သည် ဂြိုဟ်တု ဓာတ်ပုံများအကူအညီဖြင့် တရုတ်နိုင်ငံအရှေ့မြောက်ဒေသတွင် နျူကလီးယား ဒုံးကျည်သိုလှောင်ခန်းအသစ် များတည်ဆောက်နေသည့် ဧရာမနေရာတစ်ခုအား ရှာဖွေတွေ့ရှိခဲ့သည်။ အလားတူပင် ဂန်စုပြည်နယ်၊ ယုမန် မြို့အနီး၌ နျူကလီးယားဒုံးကျည်သိုလှောင်ခန်းအသစ်တည်ဆောက်နေသည့် နေရာသစ်တစ်ခုကိုတွေ့ရှိရ ကြောင်း လွန်ခဲ့သည့်သီတင်းပတ်အနည်းငယ်က ဝါရှင်တန်ပို့စ်တွင် ဖော်ပြခဲ့သည်။

 

နျူကလီးယားဒုံးကျည်သိုလှောင်ခန်းအသစ် စုစုပေါင်း ၂၀၀ ကျော်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း FAS အဖွဲ့မှ ကျွမ်းကျင်သူများက ခန့်မှန်းပြောကြားသည်။ ယင်းပမာဏမှာ ရုရှားနိုင်ငံရှိ အသင့်ပြင်ဆင်ထားသောဒုံးကျည် ပမာဏာထက်များပြားပြီး အမေရိကန်ပြည် ထောင်စုတွင် တိုက်ချင်းပစ်ဒုံးပျံများအသင့်ပြင်ဆင်ထားရှိသည့် ပမာ ဏာ၏ ထက်ဝက်ခန့်ရှိကြောင်းသိရသည်။

 

တရုတ်နိုင်ငံတွင် နျူကလီးယားထိပ်ဖူး ၃၅၀ ဝန်းကျင်ရှိပြီး အမေရိကန်နှင့် ရုရှားနိုင်ငံတို့တွင် နျူကလီးယားထိပ် ဖူး ၄၀၀၀ စီ အသီးသီးပိုင်ဆိုင်ထားကြကြောင်း FAS အဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။

 

Ref: Nato chief alarmed by construction of new Chinese nuclear missile silos

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 

Ref: Nato chief alarmed by construction of new Chinese nuclear missile silos

 

#PeopleMedia


Share this post